New Jeans အဖွဲ့ဝင် DANIELLE နဲ့တူတယ်လို့အပြောခံရတဲ့အပေါ်သူ့ရဲ့ခံစားချက်ကိုပြောလာတဲ့ Kim Yoo Jung

Posted on

လက်ရှိလူကြိုက်များနေတဲ့အမျိုးသမီးအိုင်ဒေါအဖွဲ့တွေထဲမှာ New Jeans လည်း ပါဝင်နေပါတယ်။ ဒီအဖွဲ့ကတော့ HYBE ကမွေးထုတ်လိုက်တဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ချစ်စရာကောင်းတဲ့မိန်းမပျိုလေး (၅)ဦးပါဝင်ဖွဲ့စည်းထားတဲ့အဖွဲ့ပါ။ နာမည်ကျော်မင်းသမီးချောလေး Kim Yoo Jung ကိုတော့ New Jeans အဖွဲ့ဝင် DANIELLE နဲ့ဆင်တူတယ်ဆိုပြီးတော့ မှတ်ချက်ပေးမှုအများအပြားရှိခဲ့ပါတယ်။

Kim Yoo Jung ကတော့ ဒီအကြောင်းနဲ့ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ DANIELLE နဲ့တူတယ်လို့လူပြောများတာကို သတိထားမိတယ်လို့ဆိုပါတယ်။ ဒါ့အပြင် New Jeans အဖွဲ့စတင်ထွက်ရှိချိန်ကလည်းက သဘောကျခဲ့တာဖြစ်ပြီး တစ်ဦးချင်းစီကိုကြိုက်နှစ်သက်တဲ့ အမာခံပရိသတ်တစ်ယောက်လို့ ဆိုပါတယ်။


Kim Yoo Jung ကတော့ New Jeans အဖွဲ့စတင်ထွက်ရှိချိန်ကတည်းက Performance Video တွကိုဘယ်နှကြိမ်မှန်းမသိအောင်ထပ်ခါထပ်ခါနားထောက်ဖြစ်တဲ့အကြောင်းလည်းပြောပြခဲ့ပါသေးတယ်။ DANIELLE နဲ့တူတယ်လို့လူပြောများတဲ့အပေါ်မှာတော့သူ့ရဲ့ခံစားချက်ကို လက်ရှိအချိန်မှာ ပေါ်ပြူလာဖြစ်နေတဲ့လှပတဲ့မိန်းကလေးနဲ့တူတယ်လို့အပြောခံရတဲ့အတွက် ပျော်ရွှင်တယ်လို့ဆိုပါတယ်။ ပရိသတ်ကြီးအမြင်ကရောသူတို့နှစ်ဦးက တကယ်ပဲဆင်တူတာလားနော်။
Zawgyi ဖြင့်ဖတ်ရန်




