Fan Meeting ပွဲမှာ မင်းသမီး Park Eun Bin ရဲ့ရင်ကိုလှုတ်ခတ်စေခဲ့တဲ့ မနီလာမြို့ကပရိသတ်များ

Posted on

မင်းသမီးချော Park Eun Bin ကတော့ အာရှပရိသတ်တွေနဲ့တွေ့ဆုံမယ့် 2022 PARK EUN BIN Asia Fan Meeting Tour ကို မနီလာမြို့မှာစတင်ခဲ့ပါတယ်။ ဖိလစ်ပိုင်ကပရိသတ်တွေကတော့ နွေးထွေးတဲ့ဂရုစိုက်မှုတွေနဲ့ အတူမင်းသမီးနဲ့တွေ့ဆုံခဲ့ကြတာပဲဖြစ်ပါတယ်။


အောက်တိုဘာလ(၂၃)ရက်နေ့ကတွေ့ဆုံမှု မှာတော့မင်းသမီးဟာ Joy ရဲ့သီချင်းဖြစ်တဲ့ “Hello” နဲ့သီဆိုပြီးစတင်ခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့မင်းသမီးကတော့ ပရိသတ်တွေနဲ့အတူ ဂိမ်းတွေလည်းဆော့ခဲ့ပြီး ပျော်ရွှင်စရာအချိန်တွေကို ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကံကောင်းတဲ့ပရိသတ်တွေကတော့ သူကိုယ်တိုင်ရွေးဆွဲထားတဲ့လက်ရာတွေနဲ့ eco-bags တွေကို ရရှိခဲ့ပါတယ်။မင်းသမီးကတော့ ပရိသတ်တွေနဲ့စကားပြောဖို့အတွက် အင်္ဂလိပ်စကားအပြင် ဖိလစ်ပိုင်နိုင်ငံသုံးတဲ့စကားဖြစ်တဲ့ Tagalog နဲ့လည်းပြောဆိုခဲ့တာကြောင့် ပရိသတ်တွေကိုလည်း ကြည်နူးရင်ခုန်စေခဲ့မှာအမှန်ပါပဲ။

 

ဒါ့အပြင် Park Eun Bin ကတော့ သူ့ရဲ့ခံစားချက်တွေကိုပရိသတ်တွေရှေ့မှာ မဖုံးကွယ်ခဲ့ပါဘူး။ ပွဲမှာတော့ ပရိသတ်တစ်ယောက်ပြင်ဆင်ထားခဲ့တဲ့ဗွီဒီယိုတစ်ခုကြောင့် မင်းသမီးကမျက်ရည်တွေကျတဲ့အထိ ကြည်နူးခဲ့ရတာပဲ ဖြစ်ပါတယ်။ မင်းသမီးရဲ့ Fan Meeting Tour ကတော့ ဘန်ကောက်၊ စင်္ကာပူနဲ့ တိုကျိုမြို့တွေမှာ နိုဝင်ဘာလအတွင်းပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Fan Meeting ပြဲမွာ မင္းသမီး Park Eun Bin ရဲ႕ရင္ကိုလႈတ္ခတ္ေစခဲ့တဲ့ မနီလာၿမိဳ႕ကပရိသတ္မ်ား
မ်က္ရည္ေတြသုတ္ေနတာ ခ်စ္စရာေလး…..
မင္းသမီးေခ်ာ Park Eun Bin ကေတာ့ အာရွပရိသတ္ေတြနဲ႔ေတြ႕ဆုံမယ့္ 2022 PARK EUN BIN Asia Fan Meeting Tour ကို မနီလာၿမိဳ႕မွာစတင္ခဲ့ပါတယ္။ ဖိလစ္ပိုင္ကပရိသတ္ေတြကေတာ့ ေႏြးေထြးတဲ့ဂ႐ုစိုက္မႈေတြနဲ႔ အတူမင္းသမီးနဲ႔ေတြ႕ဆုံခဲ့ၾကတာပဲျဖစ္ပါတယ္။ေအာက္တိုဘာလ(၂၃)ရက္ေန႔ကေတြ႕ဆုံမႈ မွာေတာ့မင္းသမီးဟာ Joy ရဲ႕သီခ်င္းျဖစ္တဲ့ “Hello” နဲ႔သီဆိုၿပီးစတင္ခဲ့ပါတယ္။

ခ်စ္စရာေကာင္းတဲ့မင္းသမီးကေတာ့ ပရိသတ္ေတြနဲ႔အတူ ဂိမ္းေတြလည္းေဆာ့ခဲ့ၿပီး ေပ်ာ္႐ႊင္စရာအခ်ိန္ေတြကို ကုန္ဆုံးခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ကံေကာင္းတဲ့ပရိသတ္ေတြကေတာ့ သူကိုယ္တိုင္ေ႐ြးဆြဲထားတဲ့လက္ရာေတြနဲ႔ eco-bags ေတြကို ရရွိခဲ့ပါတယ္။မင္းသမီးကေတာ့ ပရိသတ္ေတြနဲ႔စကားေျပာဖို႔အတြက္ အဂၤလိပ္စကားအျပင္ ဖိလစ္ပိုင္ႏိုင္ငံသုံးတဲ့စကားျဖစ္တဲ့ Tagalog နဲ႔လည္းေျပာဆိုခဲ့တာေၾကာင့္ ပရိသတ္ေတြကိုလည္း ၾကည္ႏူးရင္ခုန္ေစခဲ့မွာအမွန္ပါပဲ။

 

ဒါ့အျပင္ Park Eun Bin ကေတာ့ သူ႔ရဲ႕ခံစားခ်က္ေတြကိုပရိသတ္ေတြေရွ႕မွာ မဖုံးကြယ္ခဲ့ပါဘူး။ ပြဲမွာေတာ့ ပရိသတ္တစ္ေယာက္ျပင္ဆင္ထားခဲ့တဲ့ဗြီဒီယိုတစ္ခုေၾကာင့္ မင္းသမီးကမ်က္ရည္ေတြက်တဲ့အထိ ၾကည္ႏူးခဲ့ရတာပဲ ျဖစ္ပါတယ္။ မင္းသမီးရဲ႕ Fan Meeting Tour ကေတာ့ ဘန္ေကာက္၊ စကၤာပူနဲ႔ တိုက်ိဳၿမိဳ႕ေတြမွာ ႏိုဝင္ဘာလအတြင္းျပဳလုပ္သြားမွာပဲ ျဖစ္ပါတယ္။