ပွဲဦးထွက်ခဲ့တာ (၁၀) နှစ်ပြည့်တဲ့အနေနဲ့ ပရိသတ်တွေနာမည်နဲ့ လှူဒါန်းမှုလုပ်ခဲ့တဲ့ မင်းသမီး Kim Go Eun

Posted on

မင်းသမီးချောလေး Kim Go Eun ကတော့ ကိုရီးယားဝမ်သန်း(၁၀၀) (အမေရိကန်ဒေါ်လာ ၇၀,၀၀၀) ခန့်ကို ဆိုးလ်အမျိုးသားတက္ကသိုလ်မှာရှိတဲ့ကလေးဆေးရုံကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။ သူကတော့ ပရိသတ်တွေဆီကရတဲ့အချစ်တွေကိုပြန်လည်ပေးလိုတဲ့အတွက် “Kim Go Eun နဲ့ Kim Go Eun ရဲ့ပရိသတ်များ” ဆိုတဲ့နာမည်နဲ့လှူဒါန်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။


ဒီလှူဒါန်းမှုကိုတေ့ာနွမ်းပါးတဲ့အိမ်ထောင်စုတွေကလူနာတွေအတွက်တိုက်ရိုက်က အကူအညီပေးရာမှာ သုံးမှာပဲဖြစ်ပါတယ်။ မင်းသမီးကတော့ “အချိန်အတော်ကြာမှ ပထမဆုံး Fan Meeting မှာပရိသတ်တွေနဲ့ဆုံတွေ့တာပါ။ သူတို့ရဲ့တောက်ပတဲ့မျက်လုံးတွေကိုတွေ့ရတဲ့အချိန်မှာ အချစ်တွေအများကြီးရရှိနေတာကို ခံစားရပါတယ်။ နည်းနည်းပဲဖြစ်ဖြစ်ကျေးဇူးပြန်ပြုတဲ့အနေနဲ့ဖော်ပြဖို့ရာ ပရိသတ်တွေရဲ့နာမည်နဲ့လှူဒါန်းချင်ခဲ့ပါတယ်။” လို့ ဆိုပါတယ်။


Kim Go Eun ကတော့ (၂၀၁၂) ခုနှစ်မှာထွက်ရှိခဲ့တဲ့ Eungyo ဆိုတဲ့ရုပ်ရှင်နဲ့ပွဲဦးထွက်ခဲ့တာဖြစ်ပြီး မကြာသေးခင်ကတော့ tvN ရုပ်သံလိုင်းကထုတ်လွှင့်ခဲ့တဲံ Little Women ဆိုတဲ့ ဇာတ်လမ်းတွဲ မှာပါဝင်ခဲ့တာ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ပြဲဦးထြက္ခဲ့တာ (၁၀) ႏွစ္ျပည့္တဲ့အေနနဲ႔ ပရိသတ္ေတြနာမည္နဲ႔ လႉဒါန္းမႈလုပ္ခဲ့တဲ့ မင္းသမီး Kim Go Eun
မင္းသမီးေခ်ာေလး Kim Go Eun ကေတာ့ ကိုရီးယားဝမ္သန္း(၁၀၀) (အေမရိကန္ေဒၚလာ ၇၀,၀၀၀) ခန႔္ကို ဆိုးလ္အမ်ိဳးသားတကၠသိုလ္မွာရွိတဲ့ကေလးေဆး႐ုံကို လႉဒါန္းခဲ့တာျဖစ္ပါတယ္။ သူကေတာ့ ပရိသတ္ေတြဆီကရတဲ့အခ်စ္ေတြကိုျပန္လည္ေပးလိုတဲ့အတြက္ “Kim Go Eun နဲ႔ Kim Go Eun ရဲ႕ပရိသတ္မ်ား” ဆိုတဲ့နာမည္နဲ႔လႉဒါန္းခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။


ဒီလႉဒါန္းမႈကိုေတ့ာႏြမ္းပါးတဲ့အိမ္ေထာင္စုေတြကလူနာေတြအတြက္တိုက္႐ိုက္က အကူအညီေပးရာမွာ သုံးမွာပဲျဖစ္ပါတယ္။ မင္းသမီးကေတာ့ “အခ်ိန္အေတာ္ၾကာမွ ပထမဆုံး Fan Meeting မွာပရိသတ္ေတြနဲ႔ဆုံေတြ႕တာပါ။ သူတို႔ရဲ႕ေတာက္ပတဲ့မ်က္လုံးေတြကိုေတြ႕ရတဲ့အခ်ိန္မွာ အခ်စ္ေတြအမ်ားႀကီးရရွိေနတာကို ခံစားရပါတယ္။ နည္းနည္းပဲျဖစ္ျဖစ္ေက်းဇူးျပန္ျပဳတဲ့အေနနဲ႔ေဖာ္ျပဖို႔ရာ ပရိသတ္ေတြရဲ႕နာမည္နဲ႔လႉဒါန္းခ်င္ခဲ့ပါတယ္။” လို႔ ဆိုပါတယ္။


Kim Go Eun ကေတာ့ (၂၀၁၂) ခုႏွစ္မွာထြက္ရွိခဲ့တဲ့ Eungyo ဆိုတဲ့႐ုပ္ရွင္နဲ႔ပြဲဦးထြက္ခဲ့တာျဖစ္ၿပီး မၾကာေသးခင္ကေတာ့ tvN ႐ုပ္သံလိုင္းကထုတ္လႊင့္ခဲ့တဲံ Little Women ဆိုတဲ့ ဇာတ္လမ္းတြဲ မွာပါဝင္ခဲ့တာ ျဖစ္ပါတယ္။