မင်္ဂလာဝတ်စုံဝတ်ဆင်ထားတဲ့ပုံရိပ်တွေကို မျှဝေခဲ့ပြန်တဲ့ မင်းသမီး Gong Hyo Jin

Posted on

နာမည်ကျော်မင်းသမီး Gong Hyo Jin ကတော့ တေးရေး၊အဆိုတော်တစ်ယောက်ဖြစ်တဲ့ Kevin Oh နဲ့ ဒီလ(၁၁)ရက်နေ့မှာ သီးသန့်မင်္ဂလာပွဲကျင်းပပြီး နယူးယောက်မြို့မှာ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ သူကတော့ ဇနီးမောင်နှံနှစ်ဦးစလုံးရဲ့မင်္ဂလာပွဲပုံရိပ်တွေကို ထုတ်ဖော်ခဲ့ခြင်းမရှိပါဘူး။ဒီနေ့မှာတော့ မင်္ဂလာဝတ်စုံနဲ့ပုံရိပ်တွေအပြင် မိသားစုဝင်တွေနဲ့ပုံရိပ်တွေကို ပရိသတ်တွေကိုမျှဝေခဲ့ပါတယ်။


အရပ်ရှည်ရှည်နဲ့စတိုင်ကျတဲ့မင်းသမီးကတော့ လည်ပင်းဟိုက်ပြီးရှည်လျားတဲ့အဖြူရောင်ဂါဝန်ရှည်ကိုဝတ်ဆင်ထားတာဖြစ်ပြီး ကမ်းခြေနားမှာရိုက်ကူးထားတာကြောင့် ကမ်းခြေနားမှာကျင်းပတဲ့မင်္ဂလာပွဲလေးဖြစ်ပုံရပါတယ်။ ဒါ့အပြင်မိသားစုဝင်တွေနဲ့ရိုက်ကူးထားတဲ့ပုံကိုလည်း အင်စတာဂရမ်မှာ မျှဝေခဲ့ပါသေးတယ်။ မင်္ဂလာဝတ်စုံလေးနဲ့အတူပျော်ရွှင်စွာရိုက်ကူးထားတဲ့ပုံရိပ်လေးကတော့ ပရိသတ်တွေသဘောကျစရာဖြစ်ခဲ့ပါတယ်။


မင်းသမီးရဲ့မင်္ဂလာပွဲနဲ့ပတ်သက်ပြီး ပရိသတ်တွေကသိချင်နေကြပေမဲ့ Gong Hyo Jin ကတော့ လက်ထပ်လက်စွပ်ဝတ်ဆင်ထားတဲ့လက်တွေကိုရိုက်ပြခဲ့တဲ့ပုံ၊ တဲ့မင်္ဂလာဝတ်စုံဝတ်ဆင်နေတဲ့ကိုယ်တစ်ပိုင်းပုံတို့ကိုသာ မျှဝေခဲ့ပြီး မင်္ဂလာဝတ်စုံဝတ်ဆင်ထားတဲ့ပုံရိပ်ကိုတော့ ဒီနေ့မှမျှဝေခဲ့တာပဲ ဖြစ်ပါတယ်။ တကယ့်ကိုကျက်သရေရှိပြီးလှပနေတာပါပဲ Gong Hyo Jin ရေ။
Zawgyi ဖြင့်ဖတ်ရန်

မဂၤလာဝတ္စုံဝတ္ဆင္ထားတဲ့ပုံရိပ္ေတြကို မွ်ေဝခဲ့ျပန္တဲ့ မင္းသမီး Gong Hyo Jin
နာမည္ေက်ာ္မင္းသမီး Gong Hyo Jin ကေတာ့ ေတးေရး၊အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ Kevin Oh နဲ႔ ဒီလ(၁၁)ရက္ေန႔မွာ သီးသန႔္မဂၤလာပြဲက်င္းပၿပီး နယူးေယာက္ၿမိဳ႕မွာ လက္ထပ္ခဲ့တာ ျဖစ္ပါတယ္။ သူကေတာ့ ဇနီးေမာင္ႏွံႏွစ္ဦးစလုံးရဲ႕မဂၤလာပြဲပုံရိပ္ေတြကို ထုတ္ေဖာ္ခဲ့ျခင္းမရွိပါဘူး။ဒီေန႔မွာေတာ့ မဂၤလာဝတ္စုံနဲ႔ပုံရိပ္ေတြအျပင္ မိသားစုဝင္ေတြနဲ႔ပုံရိပ္ေတြကို ပရိသတ္ေတြကိုမွ်ေဝခဲ့ပါတယ္။


အရပ္ရွည္ရွည္နဲ႔စတိုင္က်တဲ့မင္းသမီးကေတာ့ လည္ပင္းဟိုက္ၿပီးရွည္လ်ားတဲ့အျဖဴေရာင္ဂါဝန္ရွည္ကိုဝတ္ဆင္ထားတာျဖစ္ၿပီး ကမ္းေျခနားမွာ႐ိုက္ကူးထားတာေၾကာင့္ ကမ္းေျခနားမွာက်င္းပတဲ့မဂၤလာပြဲေလးျဖစ္ပုံရပါတယ္။ ဒါ့အျပင္မိသားစုဝင္ေတြနဲ႔႐ိုက္ကူးထားတဲ့ပုံကိုလည္း အင္စတာဂရမ္မွာ မွ်ေဝခဲ့ပါေသးတယ္။ မဂၤလာဝတ္စုံေလးနဲ႔အတူေပ်ာ္႐ႊင္စြာ႐ိုက္ကူးထားတဲ့ပုံရိပ္ေလးကေတာ့ ပရိသတ္ေတြသေဘာက်စရာျဖစ္ခဲ့ပါတယ္။


မင္းသမီးရဲ႕မဂၤလာပြဲနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြကသိခ်င္ေနၾကေပမဲ့ Gong Hyo Jin ကေတာ့ လက္ထပ္လက္စြပ္ဝတ္ဆင္ထားတဲ့လက္ေတြကို႐ိုက္ျပခဲ့တဲ့ပုံ၊ တဲ့မဂၤလာဝတ္စုံဝတ္ဆင္ေနတဲ့ကိုယ္တစ္ပိုင္းပုံတို႔ကိုသာ မွ်ေဝခဲ့ၿပီး မဂၤလာဝတ္စုံဝတ္ဆင္ထားတဲ့ပုံရိပ္ကိုေတာ့ ဒီေန႔မွမွ်ေဝခဲ့တာပဲ ျဖစ္ပါတယ္။ တကယ့္ကိုက်က္သေရရွိၿပီးလွပေနတာပါပဲ Gong Hyo Jin ေရ။