ဖောက်ပြန်တယ်ဆိုတဲ့သတင်းတွေထွက်ပြီးနောက် Rain နဲ့ Kim Tae Hee တို့ ဂန်နမ်မှာရှိတဲ့ အဆောက်အဦးကိုရောင်းချနေတဲ့သတင်းတွေထွက်လာခဲ့

Posted on

Rain နဲ့ Kim Tae Hee တို့စုံတွဲကတော့ မသိသူမရှိလောက်အောင်နာမည်ကြီးတဲ့ အနုပညာရှင်စုံတွဲဖြစ်ပါတယ်။ Rain နဲ့ Kim Tae Hee တို့ကတော့ အနုပညာရှင်စုံတွဲဖြစ်သလို အိမ်ခြံမြေဈေးကွက်မှာလည်း ရင်းနှီးမြှုုပ်နှံကြတဲ့သူတွေအဖြစ် လူသိများပါတယ်။ မီဒီယာတစ်ခုရဲ့သတင်းအရ သူတို့နှစ်ဦးကတော့ ဂန်နမ်မှာရှိတဲ့အဆောက်အဦးကို ရောင်းချဖို့ရှိတယ်လို့ သိရပါတယ်။

ဒီအဆောက်အဦးကတော့ (၁၀) ထပ်ပါတဲ့အဆောက်အဦဖြစ်ပြီး (၂၀၂၁) ခုနှစ်ကဝယ်ထားတာပါ။ ဝမ်ဘီလီယံ(၉၀)ခန့်နဲ့ဝယ်ထားတဲ့ဒီအဆောက်အဦးကိုတော့ ဘီလီယံ (၁၄၀)လောက်နဲ့ရောင်းမှာဖြစ်တယ်လို့ သတင်းတွေထွက်နေတာပါ။ သတင်းထွက်ရှိပြီးနောက် အဆောက်အဦးကိုရောင်းချမယ့်သတင်းဟာ မမှန်ကြောင်းကိုလည်း သိရပါတယ်။

Osen ကဖော်ပြချက်ကနေလည်း Rain နဲ့ Kim Tae Hee တို့စုံတွဲဟာ ဒီအဆောက်အဦးကိုဘယ်တုန်းကမှရောင်းချတာမျိုးမလုပ်ကြောင်း ဆိုပါတယ်။ မကြာသေးခင်ကတော့ Rain ဟာ ဇနီးဖြစ်သူကိုဖောက်ပြန်တယ်ဆိုတဲ့ ကောလာဟလတွေထွက်ရှိခဲ့တာဖြစ်ပြီး မဟုတ်မမှန်သတင်းဖြန့်ချီသူတွေကို ဥပဒေအရအရေးယူမယ့်အကြောင်းထုတ်ပြန်ခဲ့ရပါသေးတယ်။
Zawgyi ဖြင့်ဖတ်ရန်