ကလေးသရုပ်ဆောင်ဘဝကတည်းကပရိသတ်တွေချစ်ရတဲ့မင်းသားတွေထဲမှာတော့ Yoo Seung Ho လည်း ပါဝင်ပါတယ်။ ကျရာဇာတ်ရုပ်ပိုင်နိုင်သလို မှုခင်းအက်ရှင်ကားတွေကိုပိုင်နိုင်တဲ့မင်းသားကိုတော့ သည်းထိတ်ရင်ဖိုမှုခင်းဇာတ်ကားမှာ ထပ်မံတွေ့ရဦးမှာ ဖြစ်ပါတယ်။
အောက်တိုဘာလ(၂၆)ရက်နေ့ကတော့ YG Entertainment က မင်းသားရဲ့သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီးတော့ Deal ဆိုတဲ့ Webtoon ကိုအခြေခံတဲ့ ဒရမ်မာတစ်ခုမှာပါဝင်ဖို့ကမ်းလှမ်းခံထားရပြီး လက်ရှိအချိန်မှာအပြုသဘောဆောင်သုံးသပ်နေတယ်လို့လည်း ဆိုပါတယ်။ဒီဇာတ်ကားကတော့ သည်းထိတ်ရင်ဖိုမှုခင်းဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။
Deal ဟာ အထက်တန်းကျောင်းတစ်ခုမှာ အရက်သောက်ပြီး ပြန်ပေးဆွဲတဲ့ Prank တစ်ခုကိုလုပ်ခဲ့ရာကနေမှားယွင်းမှုတွေဖြစ်ခဲ့တဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီ Webtoon ကတော့ 2020 NAVER ရဲ့ webtoon and web novel ပြိုင်ပွဲမှာ Excellence Award ရရှိထားတာကြောင့်လည်း ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ပရိသတ်ကိုဖမ်းစားနိုင်မှာ အမှန်ပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်
သည္းထိတ္ရင္ဖိုမႈခင္းဇာတ္လမ္းတြဲျဖစ္တဲ့ Deal မွာ ျမင္ေတြ႕ရမယ့္ မင္းသား Yoo Seung Ho
ကေလးသ႐ုပ္ေဆာင္ဘဝကတည္းကပရိသတ္ေတြခ်စ္ရတဲ့မင္းသားေတြထဲမွာေတာ့ Yoo Seung Ho လည္း ပါဝင္ပါတယ္။ က်ရာဇာတ္႐ုပ္ပိုင္ႏိုင္သလို မႈခင္းအက္ရွင္ကားေတြကိုပိုင္ႏိုင္တဲ့မင္းသားကိုေတာ့ သည္းထိတ္ရင္ဖိုမႈခင္းဇာတ္ကားမွာ ထပ္မံေတြ႕ရဦးမွာ ျဖစ္ပါတယ္။
ေအာက္တိုဘာလ(၂၆)ရက္ေန႔ကေတာ့ YG Entertainment က မင္းသားရဲ႕သ႐ုပ္ေဆာင္ပိုင္းနဲ႔ပတ္သက္ၿပီးေတာ့ Deal ဆိုတဲ့ Webtoon ကိုအေျခခံတဲ့ ဒရမ္မာတစ္ခုမွာပါဝင္ဖို႔ကမ္းလွမ္းခံထားရၿပီး လက္ရွိအခ်ိန္မွာအျပဳသေဘာေဆာင္သုံးသပ္ေနတယ္လို႔လည္း ဆိုပါတယ္။ဒီဇာတ္ကားကေတာ့ သည္းထိတ္ရင္ဖိုမႈခင္းဇာတ္ကားအမ်ိဳးအစားျဖစ္ပါတယ္။
Deal ဟာ အထက္တန္းေက်ာင္းတစ္ခုမွာ အရက္ေသာက္ၿပီး ျပန္ေပးဆြဲတဲ့ Prank တစ္ခုကိုလုပ္ခဲ့ရာကေနမွားယြင္းမႈေတြျဖစ္ခဲ့တဲ့အေၾကာင္းကို ႐ိုက္ကူးထားတာပါ။ ဒီ Webtoon ကေတာ့ 2020 NAVER ရဲ႕ webtoon and web novel ၿပိဳင္ပြဲမွာ Excellence Award ရရွိထားတာေၾကာင့္လည္း ဇာတ္လမ္းဇာတ္အိမ္ေကာင္းေကာင္းနဲ႔ပရိသတ္ကိုဖမ္းစားႏိုင္မွာ အမွန္ပါပဲေနာ္။