အိမ်တစ်လုံးဝယ်လို့ရတဲ့တန်ဖိုးရှိတဲ့စိန်လည်ဆွဲကိုဝတ်ဆင်ကာ ပွဲတက်လာခဲ့တဲ့ Lisa

Posted on

Lisa ကတော့ ကမ္ဘာကျော်အမှတ်တံဆိပ်ဖြစ်တဲ့ BULGARI ရဲ့ Ambssador တစ်ယောက်ဖြစ်တာကို ပရိသတ်တွေ သိကြမှာပါ။ ဖျော်ဖြေပွဲစင်မြင့်ထက်မှာ အံ့သြလောက်စရာအနုပညာအရည်အချင်းတွေနဲ့ဖျော်ဖြေနိုင်သလို ပွဲအခမ်းအနားတက်လာတဲ့အခါမှာလည်း အံ့သြလောက်စရာဈေးနှုန်းနဲ့လည်ဆွဲကိုတော့ Lisa တစ်ယောက် ဝတ်ဆင်ထားခဲ့ပါတယ်။


အောက်တိုဘာလ(၁၈) ရက်နေ့ကတော့ Lisa ဟာ Walker Hill ဟိုတယ်မှာကျင်းပတဲ့ ဇိမ်ခံအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ BULGARI ရဲ့ပွဲကို တက်ရောက်လာခဲ့ပါတယ်။ ဒီပွဲမှာတော့ အခြားကြယ်ပွင့်တွေဖြစ်တဲ့ ASTRO အဖွဲ့ဝင် Moobin ၊ Yeom Jungah ၊ Lee Soohyuk နဲ့ BIBI တို့အပြင် အခြားသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ Lisa ကတော့ အဖြူရောင်ဝတ်စုံနဲ့အတူ ခမ်းနားလှပတဲ့Serpenti စိန်လည်ဆွဲကိုဝတ်ဆင်ခဲ့ပါတယ်။


ဒီလည်ဆွဲကတော့ VIP Customer တွေအတွက်သာထုတ်တာဖြစ်ပြီး ကိုရီးယားဝမ်သန်း(၄၂၀) ကန်ဒေါ်လာ (၃)သိန်းနီးပါးတန်ကြေးရှိပါတယ်။ ညှို့ငင်အားအပြည့်ရှိတဲ့စိန်လည်ဆွဲရဲ့ဈေးနှုန်းကတော့ အံ့သြလောက်စရာဖြစ်နေတာဖြစ်ပြီး အင်တာနက်အသုံးပြူသူတွေကတော အိမ်တစ်လုံးတောင်ဝယ်နိုင်လောက်အောင်တန်ဖိုးရှိတယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

အိမ္တစ္လုံးဝယ္လို႔ရတဲ့တန္ဖိုးရွိတဲ့စိန္လည္ဆြဲကိုဝတ္ဆင္ကာ ပြဲတက္လာခဲ့တဲ့ Lisa
Lisa ကေတာ့ ကမာၻေက်ာ္အမွတ္တံဆိပ္ျဖစ္တဲ့ BULGARI ရဲ႕ Ambssador တစ္ေယာက္ျဖစ္တာကို ပရိသတ္ေတြ သိၾကမွာပါ။ ေဖ်ာ္ေျဖပြဲစင္ျမင့္ထက္မွာ အံ့ၾသေလာက္စရာအႏုပညာအရည္အခ်င္းေတြနဲ႔ေဖ်ာ္ေျဖႏိုင္သလို ပြဲအခမ္းအနားတက္လာတဲ့အခါမွာလည္း အံ့ၾသေလာက္စရာေဈးႏႈန္းနဲ႔လည္ဆြဲကိုေတာ့ Lisa တစ္ေယာက္ ဝတ္ဆင္ထားခဲ့ပါတယ္။


ေအာက္တိုဘာလ(၁၈) ရက္ေန႔ကေတာ့ Lisa ဟာ Walker Hill ဟိုတယ္မွာက်င္းပတဲ့ ဇိမ္ခံအမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ BULGARI ရဲ႕ပြဲကို တက္ေရာက္လာခဲ့ပါတယ္။ ဒီပြဲမွာေတာ့ အျခားၾကယ္ပြင့္ေတြျဖစ္တဲ့ ASTRO အဖြဲ႕ဝင္ Moobin ၊ Yeom Jungah ၊ Lee Soohyuk နဲ႔ BIBI တို႔အျပင္ အျခားသူေတြလည္း တက္ေရာက္ခဲ့ၾကပါတယ္။ Lisa ကေတာ့ အျဖဴေရာင္ဝတ္စုံနဲ႔အတူ ခမ္းနားလွပတဲ့Serpenti စိန္လည္ဆြဲကိုဝတ္ဆင္ခဲ့ပါတယ္။


ဒီလည္ဆြဲကေတာ့ VIP Customer ေတြအတြက္သာထုတ္တာျဖစ္ၿပီး ကိုရီးယားဝမ္သန္း(၄၂၀) ကန္ေဒၚလာ (၃)သိန္းနီးပါးတန္ေၾကးရွိပါတယ္။ ညႇိဳ႕ငင္အားအျပည့္ရွိတဲ့စိန္လည္ဆြဲရဲ႕ေဈးႏႈန္းကေတာ့ အံ့ၾသေလာက္စရာျဖစ္ေနတာျဖစ္ၿပီး အင္တာနက္အသုံးျပဴသူေတြကေတာ အိမ္တစ္လုံးေတာင္ဝယ္ႏိုင္ေလာက္ေအာင္တန္ဖိုးရွိတယ္လို႔ မွတ္ခ်က္ျပဳခဲ့ၾကပါတယ္။