တောင်ကိုရီးယားနိုင်ငံရဲ့ရုပ်သံဇာတ်လမ်းတွဲတွေက နာမည်ကျော်သလို ရုပ်ရှင်ဇာတ်ကားတွေကလည်း နာမည်ကျော်ကာဆုတွေရယူလျက်ရှိနေပါတယ်။ မကြာသေးခင်ကထွက်ရှိခဲ့တဲ့ 20th Century Girl ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကလည်း ကမ္ဘာတစ်ဝှမ်းမှာလူကြိုက်များနေတာပဲ ဖြစ်ပါတယ်။
Flix Patrol ရဲ့ထုတ်ပြန်ချက်အရ 20th Century Girl ဇာတ်ကားဟာ Netflix ရဲ့ထိပ်တန်းရုပ်ရှင်စာရင်းမှာနံပါတ်(၂) နေရာအထိရောက်ရှိလာတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကတော့ အောက်တိုဘာလ(၂၁)ရက်နေ့မှာ ထုတ်လွှင့်ခဲ့တာ ဖြစ်ပြီး လူကြိုက်များခဲ့တဲ့ဇာတ်ကာလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ လူငယ်သရုပ်ဆောင်တွေဖြစ်တဲ့ Kim Yoo Jung ၊ Byeon Woo Seok ၊ Park Jung Woo နဲ့ Roh Yoon Seo တို့က ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
ဒီဇာတ်ကားလေးကတော့ ပရိသတ်တွေရင်ထဲကျန်ခဲ့စေမယ့် အလွမ်းအဆွေးအချစ်ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။ 20th Century Girl ဟာ Na Bo Ra ဆိုတဲ့အမျိုးသမီးလေးနဲ့ Poong Yoon Seo ဆိုတဲ့အမျိုးသားလေးတို့နှစ်ဦးကိုအခြေခံရေးဖွဲ့ထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီး ကြည်နူးမှုလွမ်းဆွေးမှုရသစုံကိုခံစားရမယ့်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ပေါ်ပြူလာဖြစ်နေတဲ့ ဒီဇာတ်ကားလေးကိုသင်ရောကြည့်ရှုပြီးပြီလားနော်။
Zawgyi ဖြင့်ဖတ်ရန်
Netflix ရဲ႕ထိပ္တန္း႐ုပ္ရွင္စာရင္းမွာနံပါတ္(၂) ေနရာအထိေရာက္ရွိလာတဲ့ 20th Century Girl
ေတာင္ကိုရီးယားႏိုင္ငံရဲ႕႐ုပ္သံဇာတ္လမ္းတြဲေတြက နာမည္ေက်ာ္သလို ႐ုပ္ရွင္ဇာတ္ကားေတြကလည္း နာမည္ေက်ာ္ကာဆုေတြရယူလ်က္ရွိေနပါတယ္။ မၾကာေသးခင္ကထြက္ရွိခဲ့တဲ့ 20th Century Girl ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားကလည္း ကမာၻတစ္ဝွမ္းမွာလူႀကိဳက္မ်ားေနတာပဲ ျဖစ္ပါတယ္။
Flix Patrol ရဲ႕ထုတ္ျပန္ခ်က္အရ 20th Century Girl ဇာတ္ကားဟာ Netflix ရဲ႕ထိပ္တန္း႐ုပ္ရွင္စာရင္းမွာနံပါတ္(၂) ေနရာအထိေရာက္ရွိလာတယ္လို႔ သိရပါတယ္။ ဒီဇာတ္ကားကေတာ့ ေအာက္တိုဘာလ(၂၁)ရက္ေန႔မွာ ထုတ္လႊင့္ခဲ့တာ ျဖစ္ၿပီး လူႀကိဳက္မ်ားခဲ့တဲ့ဇာတ္ကာလည္း ျဖစ္ပါတယ္။ ဒီဇာတ္ကားမွာေတာ့ လူငယ္သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Kim Yoo Jung ၊ Byeon Woo Seok ၊ Park Jung Woo နဲ႔ Roh Yoon Seo တို႔က ပါဝင္သ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။
ဒီဇာတ္ကားေလးကေတာ့ ပရိသတ္ေတြရင္ထဲက်န္ခဲ့ေစမယ့္ အလြမ္းအေဆြးအခ်စ္ဇာတ္ကားေလးလည္း ျဖစ္ပါတယ္။ 20th Century Girl ဟာ Na Bo Ra ဆိုတဲ့အမ်ိဳးသမီးေလးနဲ႔ Poong Yoon Seo ဆိုတဲ့အမ်ိဳးသားေလးတို႔ႏွစ္ဦးကိုအေျခခံေရးဖြဲ႕ထားတဲ့ဇာတ္လမ္းေလးတစ္ပုဒ္ျဖစ္ၿပီး ၾကည္ႏူးမႈလြမ္းေဆြးမႈရသစုံကိုခံစားရမယ့္ဇာတ္ကားေကာင္းေလးျဖစ္ပါတယ္။ ေပၚျပဴလာျဖစ္ေနတဲ့ ဒီဇာတ္ကားေလးကိုသင္ေရာၾကည့္ရႈၿပီးၿပီလားေနာ္။