မင်းသား Song Joong Ki ဟာ မင်းသမီး Kim Tae Ri နဲ့တွဲနေတယ်ဆိုတဲ့ သတင်းထွက်လာခြင်းကတော့ ပရိသတ်တွေကြား လှုတ်လှုတ်ခတ်ခတ်ဖြစ်စေခဲ့ပါတယ်။ သူတို့နှစ်ဦးကတော့ခင်မင်ရင်းနှီးကြတဲ့သူငယ်ချင်းတွေဖြစ်တယ်ဆိုတာ ပရိသတ်တွေသိကြတာလည်း ဖြစ်ပါတယ်။
Song Joong Ki နဲ့ Kim Tae Ri ကတော့ Space Sweepers ဆိုတဲ့ဇာတ်ကားမှာအတူပါဝင်ခဲ့ကြဖူးတာလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာပဲရစ်မြို့မှာဒိတ်နေတယ်ဆိုတဲ့သတင်းကတော့ You Tube ချန်နယ်တစ်ခုကနေ ထွက်ရှိလာခဲ့တာ ဖြစ်ပြီးပျံ့နှံ့လာတဲ့ပုံရိပ်ကတော့ မင်းသား Hyun Bin နဲ့ Son Ye Jinတို့နှစ်ဦးရဲ့ဓာတ်ပုံဟောင်းတစ်ပုံလည်းဖြစ်ပါတယ်။ Song Joong Ki ရဲ့အေဂျင်စီဖြစ်တဲ့ HighZium Studio ကတော့ ဒိတ်တင်သတင်းကောလာဟလဟာမှားယွင်းကြောင်း ပြောဆိုခဲ့ပါတယ်။
မင်းသားကလည်း လက်ရှိရိုက်ကူးနေတဲ့ Holland ဇာတ်ကားရဲ့ရိုက်ကွင်းပုံရိပ်တစ်ခုကိုအင်တာဂရမ်မှာတင်ခဲ့ပြီး ဒိတ်တင်သတင်းနဲ့ပတ်သက်ပြီး မှားယွင်းကြောင်း အရိပ်အမြွက်ရေးသားခဲ့ပါတယ်။ မင်းသားကတော့ သူ့ရဲ့ဒရမ်မာဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ Reborn Rich နဲ့အတူ ပရိသတ်ဆီပြန်လာဦးမှာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
မင္းသမီး Kim Tae Ri နဲ႔တြဲေနတယ္ဆိုတဲ့ေကာလာဟလေတြကို ျငင္းဆိုလိုက္တဲ့ Song Joong Ki ရဲ႕ ေအဂ်င္စီ
မင္းသား Song Joong Ki ဟာ မင္းသမီး Kim Tae Ri နဲ႔တြဲေနတယ္ဆိုတဲ့ သတင္းထြက္လာျခင္းကေတာ့ ပရိသတ္ေတြၾကား လႈတ္လႈတ္ခတ္ခတ္ျဖစ္ေစခဲ့ပါတယ္။ သူတို႔ႏွစ္ဦးကေတာ့ခင္မင္ရင္းႏွီးၾကတဲ့သူငယ္ခ်င္းေတြျဖစ္တယ္ဆိုတာ ပရိသတ္ေတြသိၾကတာလည္း ျဖစ္ပါတယ္။
Song Joong Ki နဲ႔ Kim Tae Ri ကေတာ့ Space Sweepers ဆိုတဲ့ဇာတ္ကားမွာအတူပါဝင္ခဲ့ၾကဖူးတာလည္း ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးဟာပဲရစ္ၿမိဳ႕မွာဒိတ္ေနတယ္ဆိုတဲ့သတင္းကေတာ့ You Tube ခ်န္နယ္တစ္ခုကေန ထြက္ရွိလာခဲ့တာ ျဖစ္ၿပီးပ်ံ႕ႏွံ႔လာတဲ့ပုံရိပ္ကေတာ့ မင္းသား Hyun Bin နဲ႔ Son Ye Jinတို႔ႏွစ္ဦးရဲ႕ဓာတ္ပုံေဟာင္းတစ္ပုံလည္းျဖစ္ပါတယ္။ Song Joong Ki ရဲ႕ေအဂ်င္စီျဖစ္တဲ့ HighZium Studio ကေတာ့ ဒိတ္တင္သတင္းေကာလာဟလဟာမွားယြင္းေၾကာင္း ေျပာဆိုခဲ့ပါတယ္။
မင္းသားကလည္း လက္ရွိ႐ိုက္ကူးေနတဲ့ Holland ဇာတ္ကားရဲ႕႐ိုက္ကြင္းပုံရိပ္တစ္ခုကိုအင္တာဂရမ္မွာတင္ခဲ့ၿပီး ဒိတ္တင္သတင္းနဲ႔ပတ္သက္ၿပီး မွားယြင္းေၾကာင္း အရိပ္အႁမြက္ေရးသားခဲ့ပါတယ္။ မင္းသားကေတာ့ သူ႔ရဲ႕ဒရမ္မာဇာတ္လမ္းတြဲအသစ္ျဖစ္တဲ့ Reborn Rich နဲ႔အတူ ပရိသတ္ဆီျပန္လာဦးမွာလည္း ျဖစ္ပါတယ္။