ဒီဇင်ဘာလမှာသားလေးမွေးဖွားတော့မယ့် Hyun Bin နဲ့ Son Ye Jin

Posted on

Hyun Bin နဲ့ Son Ye Jin တို့နှစ်ဦးကတော့ လူတကာအားကျရတဲ့အနုပညာရှင်စုံတွဲ ဖြစ်ပါတယ်။သူတို့နှစ်ဦးကတော့ လက်ထပ်ပြီးမကြာခင်မှာပဲ ပထမဆုံးရင်သွေးလေးကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်းချစ်ရတဲ့အနုပညာရှင်စုံတွဲရဲ့ရင်သွေးလေးနဲ့ပတ်သက်ပြီးတော့ စိတ်ဝင်စားနေခဲ့ကြတာပါ။


အောက်တိုဘာလ(၂၈) ရက်နေ့မှာတော့ မင်းသမီး Son Ye Jin ဟာ ဒီဇင်ဘာလမှာသားလေးမွေးဖွားမှာဖြစ်ကြောင်း သတင်းတွေထွက်ရှိလာခဲ့တာပါ။ ဒါကတော့ ပထမဆုံးအနေနဲ့ ရင်သွေးလေးနဲ့ပတ်သက်ပြီး ပြောပြလာခဲ့တာ ဖြစ်ပါတယ်။ အေဂျင်စီကတော့ ကလေးမွေးဖွားမယ့်ရက်က ဒီဇင်ဘာလထဲမှာ ဖြစ်ကြောင်းလည်း အတည်ပြုထားပါတယ်။


Hyun Bin နဲ့ Son Ye Jin တို့နှစ်ဦးကတော့(၂၀၁၈)ခုနှစ်မှာ The Negotiation ဆိုတဲ့ဇာတ်ကားမှာအတူပါဝင်ခဲ့ပြီး (၂၀၁၉)ခုနှစ်မှာတော့ Crash Landing on You ဆိုတဲ့ဒရမ်မာမှာအတူပါဝင်ခဲ့ကြတာပါ။ (၂၀၂၁) ခုနှစ်ဇန်နဝါရီလမှာတွဲနေကြတာဖြစ်ကြောင်း အတိအလင်းထုတ်ပြန်ခဲ့ပြီး (၂၀၂၂)ခုနှစ် မတ်လ(၃၁)ရက်မှာတော့ သီးသန့်မင်္ဂလာပွဲကျင်းပခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ဒီဇင္ဘာလမွာသားေလးေမြးဖြားေတာ့မယ့္ Hyun Bin နဲ႔ Son Ye Jin
Hyun Bin နဲ႔ Son Ye Jin တို႔ႏွစ္ဦးကေတာ့ လူတကာအားက်ရတဲ့အႏုပညာရွင္စုံတြဲ ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးကေတာ့ လက္ထပ္ၿပီးမၾကာခင္မွာပဲ ပထမဆုံးရင္ေသြးေလးကို ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္းခ်စ္ရတဲ့အႏုပညာရွင္စုံတြဲရဲ႕ရင္ေသြးေလးနဲ႔ပတ္သက္ၿပီးေတာ့ စိတ္ဝင္စားေနခဲ့ၾကတာပါ။


ေအာက္တိုဘာလ(၂၈) ရက္ေန႔မွာေတာ့ မင္းသမီး Son Ye Jin ဟာ ဒီဇင္ဘာလမွာသားေလးေမြးဖြားမွာျဖစ္ေၾကာင္း သတင္းေတြထြက္ရွိလာခဲ့တာပါ။ ဒါကေတာ့ ပထမဆုံးအေနနဲ႔ ရင္ေသြးေလးနဲ႔ပတ္သက္ၿပီး ေျပာျပလာခဲ့တာ ျဖစ္ပါတယ္။ ေအဂ်င္စီကေတာ့ ကေလးေမြးဖြားမယ့္ရက္က ဒီဇင္ဘာလထဲမွာ ျဖစ္ေၾကာင္းလည္း အတည္ျပဳထားပါတယ္။


Hyun Bin နဲ႔ Son Ye Jin တို႔ႏွစ္ဦးကေတာ့(၂၀၁၈)ခုႏွစ္မွာ The Negotiation ဆိုတဲ့ဇာတ္ကားမွာအတူပါဝင္ခဲ့ၿပီး (၂၀၁၉)ခုႏွစ္မွာေတာ့ Crash Landing on You ဆိုတဲ့ဒရမ္မာမွာအတူပါဝင္ခဲ့ၾကတာပါ။ (၂၀၂၁) ခုႏွစ္ဇန္နဝါရီလမွာတြဲေနၾကတာျဖစ္ေၾကာင္း အတိအလင္းထုတ္ျပန္ခဲ့ၿပီး (၂၀၂၂)ခုႏွစ္ မတ္လ(၃၁)ရက္မွာေတာ့ သီးသန႔္မဂၤလာပြဲက်င္းပခဲ့ပါတယ္။