အသစ်ထွက်ရှိမယ့်အယ်လ်ဘမ် “Last Scene” ထွက်ရှိမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်တဲ့ EXO အဖွဲ့ဝင် Chen

Posted on

နာမည်ကျော်အမျိုးသားအိုင်ဒေါအဖွဲ့ဖြစ်တဲ့ EXO ကိုတော့ ပရိသတ်တွေသိကြမှာပါ။ EXO အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Chen ကတော့ သူ့ရဲ့တတိယအယ်လ်ဘမ်ဖြစ်တဲ့ Last scene ကိုထွက်ရှိလာတော့မယ့်အကြောင်းကိုကြေညာထားတာလည်း ဖြစ်ပါတယ်။ဒီအယ်လ်ဘမ်ရဲ့ Title သီချင်းဖြစ်တဲ့ Last Scene ရဲ့ Teaser ကို အောက်တိုဘာလ(၂၉)ရက်နေ့ကထုတ်ပေးခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့သဘောကျနှစ်ခြိုက်မှုကို ရရှိနေတာပါ။

Chen ကတော့ အောက်တိုဘာလ(၃၁)ရက်နေ့မှာအယ်လ်ဘမ်ထွက်ရှိမယ့်အကြောင်း ကြေညာထားသော်လည်း ထွက်ရှိဖို့ရက်ကိုရွှေ့ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အောက်တိုဘာလ(၂၉)ရက်နေ့မှာ Itaewon မှာဖြစ်ခဲ့တဲ့ဖြစ်ရပ်ဆိုးကြောင့် လူပေါင်းများစွာသေဆုံးခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးဝမ်းနည်းကြောင်းဖော်ပြတဲ့အနေနဲ့ အခုလိုဆုံးဖြတ်ခဲ့တာပါ။

အိုင်ဒေါရဲ့အေဂျင်စီဖြစ်တဲ့ SM Entertainment ကတော့ အခုလိုရွှေ့ဆိုင်းခဲ့တာအတွက် ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။ Chen ရဲ့ပရိသတ်တွေအတွက်Last Scene ရဲ့ Teaser ကို ပြန်လည်မျှဝေလိုက်ပါတယ်နော်။
Zawgyi ဖြင့်ဖတ်ရန်

အသစ္ထြက္ရွိမယ့္အယ္လ္ဘမ္ “Last Scene” ထြက္ရွိမယ့္ရက္ကို ေ႐ႊ႕ဆိုင္းလိုက္တဲ့ EXO အဖြဲ႕ဝင္ Chen
နာမည္ေက်ာ္အမ်ိဳးသားအိုင္ေဒါအဖြဲ႕ျဖစ္တဲ့ EXO ကိုေတာ့ ပရိသတ္ေတြသိၾကမွာပါ။ EXO အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ Chen ကေတာ့ သူ႔ရဲ႕တတိယအယ္လ္ဘမ္ျဖစ္တဲ့ Last scene ကိုထြက္ရွိလာေတာ့မယ့္အေၾကာင္းကိုေၾကညာထားတာလည္း ျဖစ္ပါတယ္။
ဒီအယ္လ္ဘမ္ရဲ႕ Title သီခ်င္းျဖစ္တဲ့ Last Scene ရဲ႕ Teaser ကို ေအာက္တိုဘာလ(၂၉)ရက္ေန႔ကထုတ္ေပးခဲ့တာျဖစ္ၿပီး ပရိသတ္ေတြရဲ႕သေဘာက်ႏွစ္ၿခိဳက္မႈကို ရရွိေနတာပါ။

Chen ကေတာ့ ေအာက္တိုဘာလ(၃၁)ရက္ေန႔မွာအယ္လ္ဘမ္ထြက္ရွိမယ့္အေၾကာင္း ေၾကညာထားေသာ္လည္း ထြက္ရွိဖို႔ရက္ကိုေ႐ႊ႕ဆိုင္းေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။ ေအာက္တိုဘာလ(၂၉)ရက္ေန႔မွာ Itaewon မွာျဖစ္ခဲ့တဲ့ျဖစ္ရပ္ဆိုးေၾကာင့္ လူေပါင္းမ်ားစြာေသဆုံးခဲ့တာျဖစ္ၿပီး ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီးဝမ္းနည္းေၾကာင္းေဖာ္ျပတဲ့အေနနဲ႔ အခုလိုဆုံးျဖတ္ခဲ့တာပါ။

အိုင္ေဒါရဲ႕ေအဂ်င္စီျဖစ္တဲ့ SM Entertainment ကေတာ့ အခုလိုေ႐ႊ႕ဆိုင္းခဲ့တာအတြက္ ပရိသတ္ေတြကို ေတာင္းပန္ခဲ့ပါတယ္။ Chen ရဲ႕ပရိသတ္ေတြအတြက္Last Scene ရဲ႕ Teaser ကို ျပန္လည္မွ်ေဝလိုက္ပါတယ္ေနာ္။