Itaewon ဖြစ်ရပ်ဆိုးကြောင့် So Ji Sub ၊ Kim Yun Jin နဲ့ Nana တို့ပါဝင်ထားတဲ့ Confession ဇာတ်ကားအတွက်ပြုလုပ်မယ့်အစီအစဉ်ကိုဖျက်သိမ်းခဲ့

Posted on

Confession ဇာတ်ကားအတွက် ပရိသတ်တွေကို နှုတ်ဆက်မယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ အောက်တိုဘာလ(၃၀)ရက်နေ့မှာတော့ ဇာတ်ကားရဲ့ဒါရိုက်တာ Yoon Jong Seop က တစ်နိုင်ငံလုံးဝမ်းနည်းရတဲ့ဖြစ်ရပ်ဆိုးကြီးကြောင့် ပရိသတ်တွေကိုနှုတ်ဆက်မယ့်အစီအစဉ်ကို ရပ်နားလိုက်ကြောင်းပြောခဲ့ပါတယ်။


Confession ကတော့ လျှို့ဝှက်တဲ့လူသတ်မှုအတွက်သံသယရှိခြင်းခံရတဲ့စီးပွားရေးလုပ်ငန်းရှင် Yoo Min Ho နဲ့သူ့ကိုကူညီပြီးအပြစ်ကင်းမှုကိုသက်သေပြပေးမယ့် ပွဲတိုင်းအမှုနိုင်သူ ရှေ့နေ Yan Shin Ae တို့အကြောင်းကိုအဓိကထားရိုက်ကူးထားတဲ့ဇာတ်ကားပါ။ ဒီဇာတ်ကားမှာတော့ So Ji Sub ၊ Kim Yun Jin ၊ Nana နဲ့ Yoon Jong Seok စတဲ့နာမည်ကြီးတွေကပါဝင်ထားပါတယ်။


အဓိကဇာတ်ဆောင်တွေကတော့ ဆိုးလ်နဲ့ ဂယောင်းဂီမှာရှိတဲ့ရုပ်ရှင်ရုံတွေကိုသွားပြီး လာကြည့်တဲ့ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းပြောဖို့ စီစဉ်ထားခဲ့တာပါ။ (၂၉)ရက်နေ့ည Itaewon မှာပြုလုပ်တဲ့ဟောလိုးဝင်းပွဲမှာ လူပေါင်းများစွာသေခဲ့ရတဲ့ဖြစ်ရပ်ဆိုးကြောင့် အခုလိုဖျက်သိမ်းခဲ့တာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Itaewon ျဖစ္ရပ္ဆိုးေၾကာင့္ So Ji Sub ၊ Kim Yun Jin နဲ႔ Nana တို႔ပါဝင္ထားတဲ့ Confession ဇာတ္ကားအတြက္ျပဳလုပ္မယ့္အစီအစဥ္ကိုဖ်က္သိမ္းခဲ့
Confession ဇာတ္ကားအတြက္ ပရိသတ္ေတြကို ႏႈတ္ဆက္မယ့္အစီအစဥ္ကို ဖ်က္သိမ္းလိုက္ပါတယ္။ ေအာက္တိုဘာလ(၃၀)ရက္ေန႔မွာေတာ့ ဇာတ္ကားရဲ႕ဒါ႐ိုက္တာ Yoon Jong Seop က တစ္ႏိုင္ငံလုံးဝမ္းနည္းရတဲ့ျဖစ္ရပ္ဆိုးႀကီးေၾကာင့္ ပရိသတ္ေတြကိုႏႈတ္ဆက္မယ့္အစီအစဥ္ကို ရပ္နားလိုက္ေၾကာင္းေျပာခဲ့ပါတယ္။


Confession ကေတာ့ လွ်ိဳ႕ဝွက္တဲ့လူသတ္မႈအတြက္သံသယရွိျခင္းခံရတဲ့စီးပြားေရးလုပ္ငန္းရွင္ Yoo Min Ho နဲ႔သူ႔ကိုကူညီၿပီးအျပစ္ကင္းမႈကိုသက္ေသျပေပးမယ့္ ပြဲတိုင္းအမႈႏိုင္သူ ေရွ႕ေန Yan Shin Ae တို႔အေၾကာင္းကိုအဓိကထား႐ိုက္ကူးထားတဲ့ဇာတ္ကားပါ။ ဒီဇာတ္ကားမွာေတာ့ So Ji Sub ၊ Kim Yun Jin ၊ Nana နဲ႔ Yoon Jong Seok စတဲ့နာမည္ႀကီးေတြကပါဝင္ထားပါတယ္။


အဓိကဇာတ္ေဆာင္ေတြကေတာ့ ဆိုးလ္နဲ႔ ဂေယာင္းဂီမွာရွိတဲ့႐ုပ္ရွင္႐ုံေတြကိုသြားၿပီး လာၾကည့္တဲ့ပရိသတ္ေတြကို ေက်းဇူးတင္ေၾကာင္းေျပာဖို႔ စီစဥ္ထားခဲ့တာပါ။ (၂၉)ရက္ေန႔ည Itaewon မွာျပဳလုပ္တဲ့ေဟာလိုးဝင္းပြဲမွာ လူေပါင္းမ်ားစြာေသခဲ့ရတဲ့ျဖစ္ရပ္ဆိုးေၾကာင့္ အခုလိုဖ်က္သိမ္းခဲ့တာလည္း ျဖစ္ပါတယ္။