ဒရမ်မာဇာတ်လမ်းတွဲသစ်ရိုက်ကူးနေစဉ်မှာသေဆုံးသွားခဲ့ရတဲ့မင်းသား Lee Ji Han

Posted on

Itaewon မှာဖြစ်ပွားခဲ့တဲ့လူပြိုမှုဖြစ်ရပ်ဟာ လူပေါင်းရာကျော်သေဆုံးခဲ့ရပြီး ဒီသတင်းကိုကြားရတဲ့လူတိုင်းရဲ့ရင်ကို ကြေကွဲစေခဲ့ပါတယ်။ ဒီဖြစ်ရပ်ဆိုးကြီးမှာတော့ Produce 101 Season 2 ရဲ့ ပြိုင်ပွဲဝင်တစ်ယောက်အဖြစ်လူသိများတဲ့ မင်းသား Lee Ji Han ပါဝင်ခဲ့ပြီး သေဆုံးသွားခဲ့ရတာပဲ ဖြစ်ပါတယ်။


မီဒီယာတစ်ခုကတော့ကတော့ Lee Ji Han ဟာ (၂၀၂၃)ခုနှစ်ဇန်နဝါရီမှာMBC က ထုတ်လွှင့်ပြသမယ့်စိတ်ကူးယဉ်အချစ်ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Season of Kkokdu ဆိုတဲ့ ဒရမ်မာအသစ်ကိုရိုက်ကူးပြီးစီးသွားပြီလို့ ဆိုပါတယ်။ MBC ကတော့ မင်းသားဟာ ဇာတ်လမ်းတွဲရိုက်ကူးနေဆဲဖြစ်ကြောင်းနဲ့ ဒရမ်မာရိုက်ကူးမှုကိုလည်းရပ်ဆိုင်းထားကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။


မင်းသားဟာ(၁၉၉၈)ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပြီး သေဆုံးချိန်မှာတော့ အသက်(၂၄) သာရှိသေးတာဖြစ်ပါတယ်။ သူ့ကိုတော့ Produce 101 Season 2 ရဲ့ပြိုင်ပွဲဝင်တစ်ယောက်အဖြစ်သိကြပြီး သရုပ်ဆောင်ပိုင်းကိုတော့ (၂၀၁၉)ခုနှစ်ကထုတ်လွှင့်ခဲ့တဲ့ Today Was Another Nam Hyun Day ဆိုတဲ့ဒရမ်မာနဲ့အတူ ပွဲဦးထွက်ခဲ့တာပါ။ကောင်းရာမွန်ရာရောက်ပါစေ။
Zawgyi ဖြင့်ဖတ်ရန်





