ကော်ဖီထရပ်ကားကိုပို့ပြီး Hyeri ကိုအားပေးခဲ့တဲ့ BLACKPINK အဖွဲ့ဝင်Jisoo
Posted on
BLACKPINK အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jisoo ကတော့ အပြုံးချိုချိုလေးတွေကိုပိုင်ဆိုင်သလို ခင်မင်တတ်တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ Jisoo ကတော့ သူငယ်ချင်းဖြစ်တဲ့ Hyeri အတွက် ကော်ဖီထရပ်ကားကိုပို့ကာ အားပေးကြောင်းပြသခဲ့တာ ဖြစ်ပါတယ်။
Hyeri ကတော့ သူ့ရဲ့အင်စတာဂရမ်မှာ Jisoo ဆီကလက်ခံရရှိတဲ့ကောဖီထရပ်ကားနဲ့အတူ ” မုန့်တွေကိုတော့ Kim Jisoo ကပို့ခဲ့တယ်။ World Tour အတွက်အလုပ်ရှုပ်နေချိန်မှာတောင်မှ အခုလိုပို့ပေးလို့ပိုပြီးတော့ ကျေးဇူးတင်ရပပါတယ်။ Jisoo ကအကောင်းဆုံးပဲ။ ငါ့သူငယ်ချင်းကိုချစ်တယ်” ဆိုပြီးတော့ ရေးသားထားပါသေးတယ်။
Hyeri ကတော့လက်ရှိမှာ MBC ရဲ့ဒရမ်မာစီးရီးဖြစ်တဲံ ‘May I Help You’ ဇာတ်လမ်းတွဲမှာ ထူးခြားတဲ့စွမ်းရည်တွေကိုပိုင်ဆိုင်ထားပြီး အသုဘအခမ်းအနားတွေကိုဆောင်ရွက်ပေးတဲ့ဒါရိုက်တာ Baek Dong Ju ဖြစ်ပါဝင်ထားပါတယ်။ မကြာသေးခင်ကလည်း BLACKPINK ရဲ့ဖျော်ဖြေပွဲကို Hyeri တစ်ယောက်သွားရောက်အားပေးခဲ့ပါသေးတယ်။ အခုလိုခင်မင်ရင်းနှီးကြတဲ့သူတို့နှစ်ဦးရဲ့ဆက်ဆံရေးကိုတော့ လူတော်တော်များများကသဘောကျနေတာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်