Maestra ဆိုတဲ့ဒရမ်မာနဲ့အတူဖန်သားပြင်မှာပြန်လည်မြင်တွေ့ရနိုင်ဖွယ်ရှိတဲ့ မင်းသမီး Lee Young Ae

Posted on

နန်းတွင်းရတနာဇာတ်လမ်းတွဲနဲ့ပရိသတ်တွေရဲ့ရင်ထဲမှာအခိုင်အမာနေရာယူထားတဲ့မင်းသမီးကတော့ Lee Young Ae ဖြစ်ပါတယ်။ နုပျိုတဲ့အလှတရားတွေနဲ့အတူ ပရိသတ်တွေရဲ့အချစ်တွေကို နှစ်ပေါင်းများစွာရယူထားနိုင်တဲ့မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။


သူကိုတော့ ဒီတစ်ခေါက်မှာသံစုံတီးဝိုင်းရဲ့ဦးဆောင်သူအဖြစ်တွေ့ရမှာလည်း ဖြစ်ပါတယ်။ Lee Young Ae ကိုတော့ ပြင်သစ်ထုတ်လုပ်ရေးရဲ့ ဒရမ်မာဖြစ်တဲ့ Maestra အတွက်ကမ်းလှမ်ခြင်းခံထားရတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ သံစုံတီးဝိုင်းရဲ့ဦးဆောင်သူတစ်ယောက်အနေနဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ရပြီး အကောင်းဆုံးတင်ဆက်နိုင်ဖို့ကြိုးစားမှုတွေကိုမြင်တွေ့ရမှာပါ။


Lee Young Ae ဟာ ဒီဇာတ်လမ်းမှာပါဝင်သွားမယ်ဆိုရင် (၂၀၂၁) ခုနှစ်ကရိုက်ကူးသွားခဲ့တဲ့ JTBC ရဲ့ဒရမ်မာ Inspector Koo ပြီးနောက် ပြန်လည်မြင်တွေ့ရတာလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့နှစ်ကုန်ပိုင်းမှာရိုက်ကူးသွားဖွယ်ရှိပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Maestra ဆိုတဲ့ဒရမ္မာနဲ႔အတူဖန္သားျပင္မွာျပန္လည္ျမင္ေတြ႕ရႏိုင္ဖြယ္ရွိတဲ့ မင္းသမီး Lee Young Ae
နန္းတြင္းရတနာဇာတ္လမ္းတြဲနဲ႔ပရိသတ္ေတြရဲ႕ရင္ထဲမွာအခိုင္အမာေနရာယူထားတဲ့မင္းသမီးကေတာ့ Lee Young Ae ျဖစ္ပါတယ္။ ႏုပ်ိဳတဲ့အလွတရားေတြနဲ႔အတူ ပရိသတ္ေတြရဲ႕အခ်စ္ေတြကို ႏွစ္ေပါင္းမ်ားစြာရယူထားႏိုင္တဲ့မင္းသမီးတစ္လက္လည္း ျဖစ္ပါတယ္။


သူကိုေတာ့ ဒီတစ္ေခါက္မွာသံစုံတီးဝိုင္းရဲ႕ဦးေဆာင္သူအျဖစ္ေတြ႕ရမွာလည္း ျဖစ္ပါတယ္။ Lee Young Ae ကိုေတာ့ ျပင္သစ္ထုတ္လုပ္ေရးရဲ႕ ဒရမ္မာျဖစ္တဲ့ Maestra အတြက္ကမ္းလွမ္ျခင္းခံထားရတာျဖစ္ပါတယ္။ ဒီဇာတ္လမ္းကေတာ့ သံစုံတီးဝိုင္းရဲ႕ဦးေဆာင္သူတစ္ေယာက္အေနနဲ႔စိန္ေခၚမႈေတြကိုရင္ဆိုင္ရၿပီး အေကာင္းဆုံးတင္ဆက္ႏိုင္ဖို႔ႀကိဳးစားမႈေတြကိုျမင္ေတြ႕ရမွာပါ။


Lee Young Ae ဟာ ဒီဇာတ္လမ္းမွာပါဝင္သြားမယ္ဆိုရင္ (၂၀၂၁) ခုႏွစ္က႐ိုက္ကူးသြားခဲ့တဲ့ JTBC ရဲ႕ဒရမ္မာ Inspector Koo ၿပီးေနာက္ ျပန္လည္ျမင္ေတြ႕ရတာလည္း ျဖစ္ပါတယ္။ ဒီဇာတ္ကားကိုေတာ့ႏွစ္ကုန္ပိုင္းမွာ႐ိုက္ကူးသြားဖြယ္ရွိပါတယ္။