Itaewon မှာ ဖြစ်ပျက်ခဲ့တဲ့လူပြိုမှုဟာ သူ့ကြောင့်ဖြစ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်ကို ငြင်းဆိုလိုက်တဲ့ Yoo Ah In

Posted on

အာက်တိုဘာလ(၂၉)ရက်နေ့ညကတော့ တောင်ကိုရီးယားနိုင်ငံက Itaewon က ဟောလိုးဝင်းပွဲတော်မှာ လူပြိုမှုဖြစ်ခဲ့ပြီး လူပေါင်းရာကျော်သေဆုံးခဲ့ရပါတယ်။ ဒီလိုလူပြိုမှုဖြစ်စေခဲ့တဲ့ Itaewon ဖြစ်ရပ်ဆိုးဟာ ရုတ်တရက်ဆယ်လီတစ်ယောက်ကိုမြင်လိုက်ရတာကြောင့် ဖြစ်ပွားခဲ့ရတယ်ဆိုပြီး မီဒီယာတစ်ခုကဆိုပါတယ်။


ဒီလိုသတင်းကြားပြီးနောက် ဖြစ်ပွားမှုဟာနာမည်ကျော်မင်းသား Yoo Ah In ကြောင့် ဖြစ်နိုင်တယ်ဆိုပြီး ထင်ကြေးပေးနေကြတာပါ။ နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ Yoo Ah In ကတော့ Itaewon မှာနေထိုင်တာလည်းဖြစ်တာကြောင့် အခုလိုထင်ကြေးပေးခံရတာပါ။ မင်းသားဘက်ကနေပြီးတော့ ဒီလိုပြောဆိုမှုဟာအခြေအမြစ်မရှိဘူးလို့ ဆိုထားပါတယ်။

Crowds are seen around the area, where dozens of people suffered cardiac arrest, in the popular nightlife district of Itaewon in Seoul on October 30, 2022. – Dozens of people suffered from cardiac arrest in the South Korean capital Seoul, after thousands of people crowded into narrow streets in the city’s Itaewon neighbourhood to celebrate Halloween, local officials said. (Photo by Jung Yeon-je / AFP)

နိုဝင်ဘာလ (၁)ရက်နေ့မှာတော့ Yoo Ah In ရဲ့အေဂျင်စီဖြစ်တဲ့ United Artist Agency က မင်းသားဟာအောက်တိုဘာလ(၂၉)ရက်နေ့ကနိုင်ငံကထွက်ခွာခဲ့တာဖြစ်ပြီး လက်ရှိမှာပြည်ပကိုရောက်နေတာကြောင့် Itaewon ဖြစ်ရပ်ဆိုးနဲ့သက်ဆိုင်စရာအကြောင်းတစ်စုံတစ်ရာမရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




