ASTRO အဖွဲ့ဝင် Rocky နဲ့မင်းသမီး Park Bo Yeon တို့ကတော့ တွဲနေကြပြီပဲ ဖြစ်ပါတယ်။ မကြာသေးခင်ရက်ပိုင်းက သူတို့နှစ်ဦးရဲ့ဒိတ်တင်သတင်းကတော့ထွက်ရှိလာခဲ့ပြီး ပရိသတ်တွေက စိတ်ဝင်စားနေခဲ့ကြတာပါ။
အောက်တိုဘာလ(၃၁)ရက်နေ့မှာတော့ Rockyရဲ့အေဂျင်စီဖြစ်တဲ့ Fantagio ကနေပြီးတော့ သူတို့နှစ်ဦးဟာ ချစ်သူတွေဖြစ်နေပြီဖြစ်ကြောင်းကိုအတည်ပြုခဲ့ပါတယ်။ Fantagio ကတော့ “သူတို့နှစ်ဦးကတော့ Find Me If You Can ဆိုတဲ့ Web Drama မှာ ပထမဆုံးတွေ့ဆုံခဲ့တာပါ။ ဒီနောက်ပိုင်းမှာတော့ မင်းသမီးဟာ စာရေးရတာဝါသနာပါတာကြောင့် Rocky နဲ့အတူသီချင်းရေးခဲ့ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ပိုသိလာပြီးနောက်မှာတော့နီးစပ်ခဲ့ကြပါတယ်” လို့ ဆိုပါတယ်။
ASTRO အဖွဲ့ဝင် Rocky နဲ့မင်းသမီး Park Bo Yeon တို့နှစ်ဦးရဲ့ဒိတ်တင်သတင်းထွက်လာပြီးနောက်မှာ မင်းသမီးရဲ့အေဂျင်စီက သူငယ်ချင်းတွေသာဖြစ်တယ်ဆိုပြီး ငြင်းဆိုခဲ့ပါသေးတယ်။ အခုဆိုရင်တော့ သူတို့နှစ်ဦးဟာတရားဝင်အနုပညာရှင်စုံတွဲတစ်တွဲဖြစ်လာခဲ့ပါပြီနော်။
Zawgyi ဖြင့်ဖတ်ရန်
ASTRO အဖွဲ့ဝင် Rocky နဲ့မင်းသမီး Park Bo Yeon တို့တွဲနေကြပြီဖြစ်ကြောင်း အတည်ပြုခဲ့တဲ့ Fantagio