ပရိသတ်တွေအကြိုက်တွေ့စေကာ ကြည့်ရှုနှုန်းမြင့်မားစွာရရှိနေတဲ့ Under the Queen’s Umbrella ဒရမ်မာဇာတ်လမ်းတွဲ

Posted on

လက်ရှိပြသနေတဲ့ဒရမ်မာတွေထဲမှာ Under the Queen’s Umbrella ဟာပရိသတ်တွေရဲ့အသည်းကိုဖမ်းစားထားနိုင်တဲ့ဒရမ်မာတစ်ခုဖြစ်ပါတယ်။ ဒီဒရမ်မာမှာတော့ မင်းသမီး Kim Hye Soo ရဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ မိခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကိုမြင်တွေ့ရမယ့်ဒရမ်မာဇာတ်ကားကောင်းလေးပါ။


ဒီဒရမ်မာဇာတ်လမ်းတွဲကတော့ အခုအချိန်မှာကြည့်ရှုသူအမြင့်ဆုံးကို ရရှိနေတာပါ။ အောက်တိုဘာလ (၃၀) ရက်နေ့ကထုတ်လွှင့်ပြသခဲ့တဲ့အပိုင်းမှာ ဒီဇာတ်လမ်းတွဲရရှိခဲ့တဲ့ကြည့်ရှုနှုန်းတွေထဲမှာမှ အမြင့်ဆုံးရရှိခဲ့ပြီး(၁၁.၃%) အထိ ရှိခဲ့တယ်လို့ Nielsen Korea က ဆိုပါတယ်။ ထုတ်လွှင့်ခဲ့ဖူးတဲ့အပိုင်းတွေထဲမှာ အောက်တိုဘာလ(၂၃)ရက်နေ့မှာထုတ်လွှင့်ခဲ့တဲ့အပိုင်း(၄)မှာလည်း (၉.၄၇%) အထိရရှိခဲ့တာဖြစ်ပါတယ်။


မင်းသမီး Kim Hye Soo အဓိကပါဝင်သရုပ်ဆောင်ထာတဲ့ Under the Queen’s Umbrella ကတော့ ဂျိုဆွန်းခေတ်က(၁%)သောသူတွေသာသင်ကြားခွင့်ရတဲ့ တော်ဝင်မင်းသားတွေရဲ့ ပညာရေးအကြောင်းကို ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားမှာတော့ နန်းတော်အတွင်းမှာပြဿနာတွေကိုသာဖြစ်စေတဲ့မင်းသားတွေကို နန်းလျာအတွက်သင့်တော်တဲ့သူတွေဖြစ်အောင်ကြိုးစားတဲ့အကြောင်းကို မြင်တွေ့ရမှာပါ။ ပရိသတ်တွေကြား ကြည့်ရှုနှုန်းများစွာရရှိခဲ့တဲ့ Under the Queen’s Umbrella အဖွဲ့သားတွေအတွက် Congratulations ပါ။
Zawgyi ဖြင့်ဖတ်ရန်

ပရိသတ္ေတြအႀကိဳက္ေတြ႕ေစကာ ၾကည့္ရႈႏႈန္းျမင့္မားစြာရရွိေနတဲ့ Under the Queen’s Umbrella ဒရမ္မာဇာတ္လမ္းတြဲ
လက္ရွိျပသေနတဲ့ဒရမ္မာေတြထဲမွာ Under the Queen’s Umbrella ဟာပရိသတ္ေတြရဲ႕အသည္းကိုဖမ္းစားထားႏိုင္တဲ့ဒရမ္မာတစ္ခုျဖစ္ပါတယ္။ ဒီဒရမ္မာမွာေတာ့ မင္းသမီး Kim Hye Soo ရဲ႕သ႐ုပ္ေဆာင္ခ်က္ေတြနဲ႔အတူ မိခင္တစ္ေယာက္ရဲ႕ခ်စ္ျခင္းေမတၱာကိုျမင္ေတြ႕ရမယ့္ဒရမ္မာဇာတ္ကားေကာင္းေလးပါ။


ဒီဒရမ္မာဇာတ္လမ္းတြဲကေတာ့ အခုအခ်ိန္မွာၾကည့္ရႈသူအျမင့္ဆုံးကို ရရွိေနတာပါ။ ေအာက္တိုဘာလ (၃၀) ရက္ေန႔ကထုတ္လႊင့္ျပသခဲ့တဲ့အပိုင္းမွာ ဒီဇာတ္လမ္းတြဲရရွိခဲ့တဲ့ၾကည့္ရႈႏႈန္းေတြထဲမွာမွ အျမင့္ဆုံးရရွိခဲ့ၿပီး(၁၁.၃%) အထိ ရွိခဲ့တယ္လို႔ Nielsen Korea က ဆိုပါတယ္။ ထုတ္လႊင့္ခဲ့ဖူးတဲ့အပိုင္းေတြထဲမွာ ေအာက္တိုဘာလ(၂၃)ရက္ေန႔မွာထုတ္လႊင့္ခဲ့တဲ့အပိုင္း(၄)မွာလည္း (၉.၄၇%) အထိရရွိခဲ့တာျဖစ္ပါတယ္။
မင္းသမီး Kim Hye Soo အဓိကပါဝင္သ႐ုပ္ေဆာင္ထာတဲ့ Under the Queen’s Umbrella ကေတာ့ ဂ်ိဳဆြန္းေခတ္က(၁%)ေသာသူေတြသာသင္ၾကားခြင့္ရတဲ့ ေတာ္ဝင္မင္းသားေတြရဲ႕ ပညာေရးအေၾကာင္းကို ႐ိုက္ကူးထားတာပါ။ ဒီဇာတ္ကားမွာေတာ့ နန္းေတာ္အတြင္းမွာျပႆနာေတြကိုသာျဖစ္ေစတဲ့မင္းသားေတြကို နန္းလ်ာအတြက္သင့္ေတာ္တဲ့သူေတြျဖစ္ေအာင္ႀကိဳးစားတဲ့အေၾကာင္းကို ျမင္ေတြ႕ရမွာပါ။ ပရိသတ္ေတြၾကား ၾကည့္ရႈႏႈန္းမ်ားစြာရရွိခဲ့တဲ့ Under the Queen’s Umbrella အဖြဲ႕သားေတြအတြက္ Congratulations ပါ။