Gangnam Zombie ဇာတ်ကားနဲ့ဖန်သားပြင်မှာပြန်လည်မြင်တွေ့ရမယ့် T-ara အဖွဲ့ဝင် Jiyeon

Posted on

သရုပ်ဆောင်အလုပ်ကိုခပ်ကျဲကျဲသာလုပ်ကိုင်ပေမယ့် ပရိသတ်တွေရဲ့စောင့်မျှော်ခြင်းကိုခံရတဲ့မင်းသမီးကတော့ T-ara အဖွဲ့ဝင် Jiyeon ပါ။ Jiyeon ကိုတော့ Gangnam Zombie ရုပ်ရှင်ဇာတ်ကားနဲ့အတူ ပရိသတ်တွေဖန်သားပေါ်မှာပြန်လည်မြင်တွေ့ရတော့မှာပါ။Gangnam Zombie ကိုတော့ နိုဝင်ဘာလ(၃၀)ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ အတည်ပြုထားပါတယ်။


ဒီဇာတ်ကားမှာပါဝင်တဲ့မင်းသားJi Tl Joo နဲ့ Jiyeon တို့နှစ်ဦးရဲ့ပိုစတာပုံတွေကတော့ထွက်ရှိလာတာ ဖြစ်ပါတယ်။ ဒီပိုစတာတွေမှာတော့ ဇွန်ဘီးတွေကိုတိုက်ခိုက်ရင်း ခက်ခဲစွာရုန်းကန်ရှင်သန်နေရတဲ့ပုံကို ပေါ်လွင်စွာမြင်တွေ့နိုင်မှာပါ။ ဒီဇာတ်ကားကတော့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရဲ့အလယ်မှာရှိတဲ့ဂန်နမ်ကို ဇွန်ဘီးတွေသိမ်းပိုက်လာတဲ့ဆိုးဝါးလှတဲ့အခြေအနေကိုရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။


Jiyeon ကိုတော့ Min Jung ဆိုတဲ့ဇာတ်ရုပ်နဲ့အတူ အသက်ရှင်သန်ဖို့အတွက်ဇွန်ဘီးတွေကိုရဲရင့်စွာတိုက်ခိုက်သူတစ်ယောက်အဖြစ်နဲ့မြင်တွေ့ရမှာပါ။ ပရိသတ်တွေကတော့ Jiyeon ရဲ့ပြောင်းလဲလာတဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ မင်းသား Ji Tl Joo နဲ့တွဲဖက်ညီစွာသရုပ်ဆောင်မှာကိုလည်း မျှော်လင့်နေကြတာဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Gangnam Zombie ဇာတ္ကားနဲ႔ဖန္သားျပင္မွာျပန္လည္ျမင္ေတြ႕ရမယ့္ T-ara အဖြဲ႕ဝင္ Jiyeon
သ႐ုပ္ေဆာင္အလုပ္ကိုခပ္က်ဲက်ဲသာလုပ္ကိုင္ေပမယ့္ ပရိသတ္ေတြရဲ႕ေစာင့္ေမွ်ာ္ျခင္းကိုခံရတဲ့မင္းသမီးကေတာ့ T-ara အဖြဲ႕ဝင္ Jiyeon ပါ။ Jiyeon ကိုေတာ့ Gangnam Zombie ႐ုပ္ရွင္ဇာတ္ကားနဲ႔အတူ ပရိသတ္ေတြဖန္သားေပၚမွာျပန္လည္ျမင္ေတြ႕ရေတာ့မွာပါ။Gangnam Zombie ကိုေတာ့ ႏိုဝင္ဘာလ(၃၀)ရက္ေန႔မွာ ႐ုံတင္ျပသသြားမယ္လို႔ အတည္ျပဳထားပါတယ္။


ဒီဇာတ္ကားမွာပါဝင္တဲ့မင္းသားJi Tl Joo နဲ႔ Jiyeon တို႔ႏွစ္ဦးရဲ႕ပိုစတာပုံေတြကေတာ့ထြက္ရွိလာတာ ျဖစ္ပါတယ္။ ဒီပိုစတာေတြမွာေတာ့ ဇြန္ဘီးေတြကိုတိုက္ခိုက္ရင္း ခက္ခဲစြာ႐ုန္းကန္ရွင္သန္ေနရတဲ့ပုံကို ေပၚလြင္စြာျမင္ေတြ႕ႏိုင္မွာပါ။ ဒီဇာတ္ကားကေတာ့ ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕ရဲ႕အလယ္မွာရွိတဲ့ဂန္နမ္ကို ဇြန္ဘီးေတြသိမ္းပိုက္လာတဲ့ဆိုးဝါးလွတဲ့အေျခအေနကို႐ိုက္ကူးထားတာပဲ ျဖစ္ပါတယ္။


Jiyeon ကိုေတာ့ Min Jung ဆိုတဲ့ဇာတ္႐ုပ္နဲ႔အတူ အသက္ရွင္သန္ဖို႔အတြက္ဇြန္ဘီးေတြကိုရဲရင့္စြာတိုက္ခိုက္သူတစ္ေယာက္အျဖစ္နဲ႔ျမင္ေတြ႕ရမွာပါ။ ပရိသတ္ေတြကေတာ့ Jiyeon ရဲ႕ေျပာင္းလဲလာတဲ့သ႐ုပ္ေဆာင္ခ်က္ေတြနဲ႔အတူ မင္းသား Ji Tl Joo နဲ႔တြဲဖက္ညီစြာသ႐ုပ္ေဆာင္မွာကိုလည္း ေမွ်ာ္လင့္ေနၾကတာျဖစ္ပါတယ္။