IVE အဖွဲ့ဝင် Wonyoung ကိုတော့ ပရိသတ်တွေသိကြမှာပါ။ အိုင်ဒေါတစ်ယောက်အနေနဲ့တင်မက ပြိုင်ဘက်မရှိတဲ့အလှတရားတွေကလည်း ရေပန်းစားစေတာ ဖြစ်ပါတယ်။ JTBC ရဲ့သတင်းတွေအရဒရမ်မာထုတ်လုပ်ရေးတွေအလိုအရှိဆုံး နံပါတ်တစ်ကြယ်ပွင့်တစ်ယောက် ဖြစ်နေတာပါ။
Wonyoung အနေနဲ့ သရုပ်ဆောင်ပိုင်းမှာအတွေ့အကြုံလုံးဝမရှိပေမဲ့လည်း ထုတ်လုပ်ရေးတွေကတော့ စွန့်စားလိုကြတာ ဖြစ်ပါတယ်။ Wonyoung ကတော ဆယ်ကျော်သက်တွေနဲ့အသက်(၂၀)တွေကြားမှာပေါ်ပြူလာအဖြစ်ဆုံးသူတစ်ယောက်ဖြစ်နေတာကြောင့်လည်း ထုတ်လုပ်ရေးများစွာရဲ့မျက်စိကျခြင်းကို ခံနေရတာပါ။
Wonyoung ကတော့မြင့်မားတဲ့အရပ်သွယ်လျတဲ့ခန္ဓာကိုယ်အချိုးစားတွေနဲ့အတူ မျက်လုံးဝိုင်းဝိုင်းနဲ့ဘာဘီရုပ်လိုအလှတရားတွေကြောင့် ပရိသတ်တွေရဲ့နှစ်သက်ခြင်းကိုရရှိနေတာပါ။ သူကတော့လက်ရှိမှာလည်း အိုင်ဒေါတစ်ယောက်ရဲ့အနုပညာလှုပ်ရှားမှုတွေအပြင် ဖက်ရှင်နဲ့အလှကုန်အမှတ်တံဆိပ်တွေရဲ့မော်ဒယ်လ်တစ်ယောက်အဖြစ်လည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ သူ့ကိုတော့ သရုပ်ဆောင်ပိုင်းမှာအလားအလာရှိတဲ့သူတစ်ယောက်လို့ အကဲဖြတ်နေကြတာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
ဒရမ္မာဇာတ္လမ္းတြဲထုတ္လုပ္ေရးေတြက သ႐ုပ္ေဆာင္အျဖစ္ပါဝင္ေစလိုတဲ့ နံပါတ္တစ္ၾကယ္ပြင့္ျဖစ္ေနတဲ့ IVE အဖြဲ႕ဝင္ Wonyoung
IVE အဖြဲ႕ဝင္ Wonyoung ကိုေတာ့ ပရိသတ္ေတြသိၾကမွာပါ။ အိုင္ေဒါတစ္ေယာက္အေနနဲ႔တင္မက ၿပိဳင္ဘက္မရွိတဲ့အလွတရားေတြကလည္း ေရပန္းစားေစတာ ျဖစ္ပါတယ္။ JTBC ရဲ႕သတင္းေတြအရဒရမ္မာထုတ္လုပ္ေရးေတြအလိုအရွိဆုံး နံပါတ္တစ္ၾကယ္ပြင့္တစ္ေယာက္ ျဖစ္ေနတာပါ။
Wonyoung အေနနဲ႔ သ႐ုပ္ေဆာင္ပိုင္းမွာအေတြ႕အႀကဳံလုံးဝမရွိေပမဲ့လည္း ထုတ္လုပ္ေရးေတြကေတာ့ စြန႔္စားလိုၾကတာ ျဖစ္ပါတယ္။ Wonyoung ကေတာ ဆယ္ေက်ာ္သက္ေတြနဲ႔အသက္(၂၀)ေတြၾကားမွာေပၚျပဴလာအျဖစ္ဆုံးသူတစ္ေယာက္ျဖစ္ေနတာေၾကာင့္လည္း ထုတ္လုပ္ေရးမ်ားစြာရဲ႕မ်က္စိက်ျခင္းကို ခံေနရတာပါ။
Wonyoung ကေတာ့ျမင့္မားတဲ့အရပ္သြယ္လ်တဲ့ခႏၶာကိုယ္အခ်ိဳးစားေတြနဲ႔အတူ မ်က္လုံးဝိုင္းဝိုင္းနဲ႔ဘာဘီ႐ုပ္လိုအလွတရားေတြေၾကာင့္ ပရိသတ္ေတြရဲ႕ႏွစ္သက္ျခင္းကိုရရွိေနတာပါ။ သူကေတာ့လက္ရွိမွာလည္း အိုင္ေဒါတစ္ေယာက္ရဲ႕အႏုပညာလႈပ္ရွားမႈေတြအျပင္ ဖက္ရွင္နဲ႔အလွကုန္အမွတ္တံဆိပ္ေတြရဲ႕ေမာ္ဒယ္လ္တစ္ေယာက္အျဖစ္လည္း လုပ္ကိုင္ေနတာ ျဖစ္ပါတယ္။ သူ႔ကိုေတာ့ သ႐ုပ္ေဆာင္ပိုင္းမွာအလားအလာရွိတဲ့သူတစ္ေယာက္လို႔ အကဲျဖတ္ေနၾကတာလည္း ျဖစ္ပါတယ္။