ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ကော်ဖီဆိုင်မှာအချိန်ပိုင်းအလုပ်ဝင်လုပ်နေတဲ့ မင်းသမီး Kim Sae Ron

နိုဝင်ဘာလ(၄)ရက်နေ့မှာတော့ မင်းသမီး Kim Sae Ron ဟာ ကော်ဖီဆိုင်တစ်ခုမှာ အချိန်ပိုင်းအလုပ်လုပ်နေတယ်ဆိုတဲ့သတင်းဟာမှန်ကန်ကြောင်း သူ့ရဲ့အေဂျင်စီကအတည်ပြုခဲ့ပါတယ်။ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Gold Medalist ကတော့ ခက်ခဲတဲ့အခြေအနေမှာရှိနေတာကြောင့် အချိန်ပိုင်းအလုပ်လုပ်နေတယ်ဆိုတာမှန်ပါတယ် လို့ ဆိုပါတယ်။


မင်းသမီးကတော့ ယာဉ်တိုက်မှုကြောင့်လျော်ကြေးငွေတွေပေးခဲ့ရတဲ့ပြီး သူ့ရဲ့စုထားတဲ့ငွေတွေကုန်သွားတဲ့အခါမှာ ကော်ဖီဆိုင်မှာအလုပ်လုပ်ဖို့ဖြစ်လာတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ယာဉ်တိုက်မှုကြောင့်ထိခိုက်ခဲ့ရတဲ့ အနားမှ မီးပွိုင့်၊ လမ်းမီး၊ အဆောက်အအုံ(၄)ခုနဲ့ ထရန်စဖော်မာ(၄) လုံးပျက်စီးခဲ့ရတာပါ။ ဒီယာဉ်တိုက်မှုကြောင့်ပဲ အနီးအနားမှာရှိတဲ့ဈေးဝယ်စင်တာ နဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ပုံမှန်အတိုင်းမလည်ပတ်နိုင်ဖြစ်ခဲ့ရပါတယ်။


မင်းသမီးကတော့ သူ့ကြောင့် စီးပွားရေးထိခိုက်သွားရတဲ့လူ (၃၀) ဦးကို တောင်းပန်ပြီးတော့ လျော်ကြေးပေးခဲ့ရတာပါ။ တခြားသတင်းတစ်ခုမှာတော့ Kim Sae Ron ဟာ သူ့ရဲ့လူမှုကွန်ရက်မှာစီးကရက်ဘူးပုံကိုတင်ခဲ့မိတာကြောင့် စီးကရက်သောက်နေတယ်လို့ စွပ်စွဲခံရတာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ယာဥ္တိုက္မႈျဖစ္ပြားခဲ့ၿပီးေနာက္ ေကာ္ဖီဆိုင္မွာအခ်ိန္ပိုင္းအလုပ္ဝင္လုပ္ေနတဲ့ မင္းသမီး Kim Sae Ron
ႏိုဝင္ဘာလ(၄)ရက္ေန႔မွာေတာ့ မင္းသမီး Kim Sae Ron ဟာ ေကာ္ဖီဆိုင္တစ္ခုမွာ အခ်ိန္ပိုင္းအလုပ္လုပ္ေနတယ္ဆိုတဲ့သတင္းဟာမွန္ကန္ေၾကာင္း သူ႔ရဲ႕ေအဂ်င္စီကအတည္ျပဳခဲ့ပါတယ္။ သူ႔ရဲ႕ေအဂ်င္စီျဖစ္တဲ့ Gold Medalist ကေတာ့ ခက္ခဲတဲ့အေျခအေနမွာရွိေနတာေၾကာင့္ အခ်ိန္ပိုင္းအလုပ္လုပ္ေနတယ္ဆိုတာမွန္ပါတယ္ လို႔ ဆိုပါတယ္။


မင္းသမီးကေတာ့ ယာဥ္တိုက္မႈေၾကာင့္ေလ်ာ္ေၾကးေငြေတြေပးခဲ့ရတဲ့ၿပီး သူ႔ရဲ႕စုထားတဲ့ေငြေတြကုန္သြားတဲ့အခါမွာ ေကာ္ဖီဆိုင္မွာအလုပ္လုပ္ဖို႔ျဖစ္လာတယ္လို႔ ဆိုပါတယ္။ သူ႔ရဲ႕ယာဥ္တိုက္မႈေၾကာင့္ထိခိုက္ခဲ့ရတဲ့ အနားမွ မီးပြိဳင့္၊ လမ္းမီး၊ အေဆာက္အအုံ(၄)ခုနဲ႔ ထရန္စေဖာ္မာ(၄) လုံးပ်က္စီးခဲ့ရတာပါ။ ဒီယာဥ္တိုက္မႈေၾကာင့္ပဲ အနီးအနားမွာရွိတဲ့ေဈးဝယ္စင္တာ နဲ႔ စီးပြားေရးလုပ္ငန္းေတြဟာ ပုံမွန္အတိုင္းမလည္ပတ္ႏိုင္ျဖစ္ခဲ့ရပါတယ္။


မင္းသမီးကေတာ့ သူ႔ေၾကာင့္ စီးပြားေရးထိခိုက္သြားရတဲ့လူ (၃၀) ဦးကို ေတာင္းပန္ၿပီးေတာ့ ေလ်ာ္ေၾကးေပးခဲ့ရတာပါ။ တျခားသတင္းတစ္ခုမွာေတာ့ Kim Sae Ron ဟာ သူ႔ရဲ႕လူမႈကြန္ရက္မွာစီးကရက္ဘူးပုံကိုတင္ခဲ့မိတာေၾကာင့္ စီးကရက္ေသာက္ေနတယ္လို႔ စြပ္စြဲခံရတာလည္း ျဖစ္ပါတယ္။

 

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x