ဒရမ်မာအသစ်ဖြစ်တဲ့ The Queen of Tears မှာပါဝင်ဖို့ဆွေးနွေးနေတဲ့ မင်းသား Kim Soo Hyun

Posted on

ထိပ်တန်းမင်းသားချော Kim Soo Hyunကတော့ ဖန်သားပြင်ပေါ်မှာ ပြန်လည်ပေါ်ထွက်လာဖို့ ပြင်ဆင်နေတဲ့ပုံပါပဲ။ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Gold Medalist ကတော့ The Queen of Tears ဆိုတဲ့ဒရမ်မာမှာပါဝင်ဖို့အတွက် ကမ်းလှမ်းခံထားရပြီးဆွေးနွေးဆုံးဖြတ်နေဆဲဆိုတာကို မီဒီယာတွေကို ပြောခဲ့တာဖြစ်ပါတယ်။


The Queen of Tears ရဲ့ဇာတ်ညွှန်းရေးဆရာPark Ji Eunဟာ မင်းသားပါဝင်ခဲ့တဲ့နာမည်ကြီးဒရမ်မာ My Love From the Stars အပြင် Producer နဲ့ Crash Landing on You စတဲ့နာမည်ကြီးဒရမ်မာတွေကိုရေးသားခဲ့သူပါ။ မင်းသားဟာဒီဇာတ်လမ်းမှာပါဝင်ဖြစ်ခဲ့မယ်ဆိုရင် ဇာတ်ညွှန်းရေးဆရာနဲ့နောက်တစ်ခေါက်အလုပ်တွဲလုပ်ဖြစ်တာလည်းဖြစ်ပြီး ဇာတ်ညွှန်းရေးဆရာကတော့ Vincenzo နဲ့ The Crowned Clown စတာတွေကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Kim Hee Won နဲ့အတူတွဲပြီးလုပ်ကိုင်မယ်လို့ သိရပါတယ်။


မင်းသားကတော့ ဇာတ်ကားတွေကိုခပ်ကျဲကျဲသာရိုက်လေးရှိပြီး ဇာတ်ကိုရွေးချယ်သူမို့ပရိသတ်တွေကတော့ သူ့ရဲ့ဇာတ်ကားသစ်ကိုမျှော်လင့်နေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင်ကတော့ Coupang Play ကနေပြသတဲ့ One Ordinary Day မှာလည်း ပါဝင်ထားပါသေးတယ်။
Zawgyi ဖြင့်ဖတ်ရန်

ဒရမ္မာအသစ္ျဖစ္တဲ့ The Queen of Tears မွာပါဝင္ဖို႔ေဆြးေႏြးေနတဲ့ မင္းသား Kim Soo Hyun
ထိပ္တန္းမင္းသားေခ်ာ Kim Soo Hyunကေတာ့ ဖန္သားျပင္ေပၚမွာ ျပန္လည္ေပၚထြက္လာဖို႔ ျပင္ဆင္ေနတဲ့ပုံပါပဲ။ သူ႔ရဲ႕ေအဂ်င္စီျဖစ္တဲ့ Gold Medalist ကေတာ့ The Queen of Tears ဆိုတဲ့ဒရမ္မာမွာပါဝင္ဖို႔အတြက္ ကမ္းလွမ္းခံထားရၿပီးေဆြးေႏြးဆုံးျဖတ္ေနဆဲဆိုတာကို မီဒီယာေတြကို ေျပာခဲ့တာျဖစ္ပါတယ္။


The Queen of Tears ရဲ႕ဇာတ္ၫႊန္းေရးဆရာPark Ji Eunဟာ မင္းသားပါဝင္ခဲ့တဲ့နာမည္ႀကီးဒရမ္မာ My Love From the Stars အျပင္ Producer နဲ႔ Crash Landing on You စတဲ့နာမည္ႀကီးဒရမ္မာေတြကိုေရးသားခဲ့သူပါ။ မင္းသားဟာဒီဇာတ္လမ္းမွာပါဝင္ျဖစ္ခဲ့မယ္ဆိုရင္ ဇာတ္ၫႊန္းေရးဆရာနဲ႔ေနာက္တစ္ေခါက္အလုပ္တြဲလုပ္ျဖစ္တာလည္းျဖစ္ၿပီး ဇာတ္ၫႊန္းေရးဆရာကေတာ့ Vincenzo နဲ႔ The Crowned Clown စတာေတြကို႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာ Kim Hee Won နဲ႔အတူတြဲၿပီးလုပ္ကိုင္မယ္လို႔ သိရပါတယ္။


မင္းသားကေတာ့ ဇာတ္ကားေတြကိုခပ္က်ဲက်ဲသာ႐ိုက္ေလးရွိၿပီး ဇာတ္ကိုေ႐ြးခ်ယ္သူမို႔ပရိသတ္ေတြကေတာ့ သူ႔ရဲ႕ဇာတ္ကားသစ္ကိုေမွ်ာ္လင့္ေနတာလည္း ျဖစ္ပါတယ္။ မၾကာေသးခင္ကေတာ့ Coupang Play ကေနျပသတဲ့ One Ordinary Day မွာလည္း ပါဝင္ထားပါေသးတယ္။