Itaewon အဖြစ်ဆိုးကိုဝမ်းနည်းတဲ့အနေနဲ့ လေဆိပ်မှာအနက်ရောင်ဝတ်ဆင်ထားခဲ့ကြတဲ့ ကိုရီးယားဆယ်လီတွေ

တောင်ကိုရီးယားနိုင်ငံ Itaewon မှာဖြစ်ပျက်ခဲ့တဲ့လူပြိုမှုဟာ လူပေါင်းရာကျော်သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကိုဝမ်းနည်းတဲ့အနေနဲ့ တောင်ကိုရီးယားနိုင်ငံကဆယ်လီတွေကတော့ လေဆိပ်ကနေပြည်ပကိုထွက်ခွာရာမှာ အနက်ရောင်တွေဝတ်ဆင်ထားတာကိုတွေ့ခဲ့ရပါတယ်။


မင်းသမီး Park Eun Bin ၊ အဆိုတော် Kwon Eun Bi အပါအဝင် The Boyz နဲ့ WEi တို့လို အိုင်ဒေါအဖွဲ့တွေကတော့ သူတို့ရဲ့အလုပ်အချိန်စာရင်းတွေအရပြည်ပကိုထွက်ခွာသွားခဲ့ကြတာ ဖြစ်ပါတယ်။ အရင်ကနဲ့နှိုင်းယှဉ်ရင် မကြာသေးခင်ကဖြစ်ပျက်ခဲ့တဲ့ Itaewon အဖြစ်အပေါ်မှာစာနာတဲ့အနေနဲ့ အနက်ရောင်တွေဝတ်ဆင်ထားကြတာကို တွေ့ရတာပါ။


မင်းသမီး Park Eun Bin ကတော့ အာရှ Fan Meeting tour အတွက် ဘန်ကောက်ကို ထွက်ခွာသွားခဲ့တာဖြစ်ပြီး သူကတော့ အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားတာကာ တက်ကြွစွာလက်ဝှေ့ယမ်းပြတာမျိုးမဟုတ်ဘဲ သူ့ခေါင်းကိုငုံ့ပြီးတော့သွားတာကိုတွေ့ရပါတယ်။ WEi အဖွဲ့ကလည်း အနက်ရောင်တွေဝတ်ဆင်ထားကြပြီး လေးနက်တဲ့ပုံစံတွေနဲ့တွေ့ရပြန်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်






Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x