Dr. Romantic ဒရမ်မာရဲ့ Season 3 မှာ ပြန်လည်ပါဝင်လာမယ့် So Joo Yeon နဲ့ Kim Min Jae

Posted on

So Joo Yeon နဲ့ Kim Min Jae တို့ကတော့ Dr. Romantic ဒရမ်မာရဲ့ Season 3 မှာ Yoon Ah Reum နဲ့ Park Eun Tak အဖြစ် ထပ်မံပါဝင်သွားမှာပါ။ SBS ရဲ့နာမည်ကျော်လူကြိုက်များတဲ့ဒရမ်မာဖြစ်တဲ့ Dr. Romantic ဇာတ်လမ်းတွဲရဲ့Season 3 မှာ နာမည်ကျော်မင်းသား Han Suk Kyu ၊ မင်းသား Ahn Hyo Seop နဲ့ မင်းသမီး Lee Sung Kyung စတဲ့အဓိကဇာတ်ဆောင်တွေပြန်လည်ပါဝင်မယ်လို့ အတည်ပြုထားပါသေးတယ်။


ဒီဇာတ်လမ်းတွဲမှာတော့ အရေးပေါ်ဌာနကထရိန်နင်ပေးရာမှာလုပ်ကိုင်နေတဲ့ဆရာဝန်အဖြစ်သရုပ်ဆောင်တဲ့ So Joo Yeon နဲ့ သူနာပြုအဖြစ်ပါဝင်ထားတဲ့ Kim Min Jae တို့ကလည်း ပရိသတ်တွေချစ်ခင်အာပေးရတဲ့သရုပ်ဆောင်တွေဖြစ်ကြပြီး သူတို့လည်း Season 3 မှာပါဝင်မယ်လို့ ထပ်မံအတည်ပြုလိုက်တာပါ။


ဒါ့အပြင် Dr.Romantic ကိုအားပေးတဲ့ပရိသတ်တွေကတော့ ဒီဇာတ်လမ်းနဲ့အတူရင်းနှီးနေပြီးသားသရုပ်ဆောင်တွေဖြစ်တဲ့ Lim Won Hee ၊ Jin Kyung ၊ Byun Woo Min နဲ့ Kim Joo Heon တို့လည်း ထပ်မံပါဝင်သွားဖို့မျှော်လင့်နေကြတာဖြစ်ပါတယ်။ Dr. Romantic ဒရမ်မာရဲ့ Season 3 ကတော့ပရိသတ်တွေအမျှော်လင့်ဆုံးဇာတ်လမ်းတွဲတွေထဲကတစ်ခုဖြစ်လာဦးမှာ အမှန်ပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်




