Season 2 ထွက်ရှိလာမှာဖြစ်တယ်လို့ အတည်ပြုခဲ့တဲ့ Park Seo Joon နဲ့ Han So Hee တို့ပါဝင်ထားတဲ့ဒရမ်မာ Gyeongseong Creature

Posted on

Netflix က ထုတ်လွှင့်မယ့် Gyeongseong Creature ဇာတ်လမ်းတွဲကတော့ ရိုက်ကူးပြီးစီးသွားပြီဖြစ်ပြီး (၂၀၂၃)ခုနှစ်ရဲ့ပထမနှစ်ဝက်အတွင်းမှာထွက်ရှိလာမယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ Park Seo Joon ၊ Han So Hee နဲ့ Wi Ha Joon တို့ကအဓိကနေရာကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ (၁၉၄၅) ခုနှစ်ဝန်းကျင်က နွေဦးရဲ့အမှောင်ကာလတွေကိုနောက်ခံထားပြီး အသက်ငယ်ရွယ်တဲ့အရွယ်ရောက်သူနှစ်ဦးဟာ သတ္တဝါဆိုးကြီးကိုရင်ဆိုင်ပြီး အသက်ရှင်သန်ဖို့အတွက် တိုက်ခိုက်ကြတဲ့အကြောင်းကို ဇာတ်အိမ်တည်ရေးဖွဲ့ထားတာပါ။

Park Seo Joon ကတော့ချမ်းသာတဲ့မိသားစုကပေါက်ဖွားလာကာ သဘာဝကျကျထိုးထွင်းသိမြင်နိုင်စွမ်းမြင့်ပြီး ကမ္ဘာကြီးကိုသိနားလည်တဲ့သူတစ်ယောက်ဖြစ်ကာ သူ့ရဲ့လူမှုဆက်ဆံရေးစွမ်းရည်ကြောင့် လူသိများထင်ရှားသူ Jang Tae Sang နေရာကပါဝင်ထားတာပါ။ Han So Hee ကတော့ ပျောက်ဆုံးနေတဲ့လူတွေအကြောင်းကို လိုက်လံစုံစမ်းနေတဲ့ တိုက်ရည်ခိုက်ရည်စွမ်းရည်အပြည့်ရှိသူအမျိုးသမီး Yoon Chae Ok နေရာကပါဝင်ထားတာပါ။

Wi Ha Joon ကတော့ Park Seo Joon ရဲ့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Kwon Joon Taekနေရာကပါဝင်ထားတာပါ။ ဒီဇာတ်လမ်းတွဲမှာတော့ Park Seo Joon ၊ Han So Hee နဲ့ Wi Ha Joon တို့ကအဓိကနေရာကပါဝင်သရုပ်ဆောင်ထားပါတယ်။ အခုဆိုရင် ဒီဇာတ်လမ်းတွဲဟာ မထုတ်လွှင့်ရသေးပေမဲ့ Season 2 ပါထပ်မံထွက်ရှိလာမယ်လို့ သတင်းထွက်ရှိလာတာပဲဖြစ်ပါတယ်။ Season 2 ကိုတော့ နောက်နှစ်မှာရိုက်ကူးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်


