မင်းသမီး Hwang Bo Ra ကတော့ ဇာတ်လမ်းတွဲများစွာမှာပါဝင်ခဲ့ဖူးတဲ့ ပရိသတ်တွေရင်းနှီးပြီးသား မင်းသမီးတစ်လက်ပါ။ သူကတော့ မင်းသား Ha Jung Woo ရဲ့ညီဖြစ်သူ Kim Young Hoon နဲ့လက်ထပ်တော့မယ်လို့လည်း သိရပါတယ်။ မီဒီယာတွေရဲ့ဖော်ပြချက်အရ ကာလကြည်ရှည်တွဲခဲ့တဲ့ချစ်သူနဲ့ နိုဝင်ဘာလ (၆) ရက်နေ့မှာလက်ထပ်တော့မယ်လို့သိရပါတယ်။
သူ့ရဲ့ချစ်သူ Kim Young Hoon ကိုတော့ မင်းသားCha Hyun Woo အဖြစ်နဲ့လည်းသိကြပြီး Walkhouse Company ရဲ့စီအီးအိုအဖြစ်နဲ့သိကြပါတယ်။ အဲ့ဒီ ကုမ္ပဏီမှာတော့ မင်းသမီး Hwang Bo Ra အပါအဝင် မင်းသား Ha Jung Woo နဲ့အခြားသူတွေကို စီမံပေးနေတာလည်း ဖြစ်ပါတယ်။ Hwang Bo Ra နဲ့ Kim Young Hoon တို့နှစ်ဦးကတော့ (၂၀၁၃) ခုနှစ်ကတွဲခဲ့ကြတာ ဖြစ်ပြီး (၂၀၁၄) ခုနှစ်မှာလူသိရှင်ကြားဖော်ပြခဲ့ပါတယ်။
သူတို့နှစ်ဦးရဲ့မင်္ဂလာပွဲမှာတော့ ဟာသသရုပ်ဆောင် Kim Jun Ho က အခမ်းအနားမှူးအဖြစ်လုပ်ဆောင်သွားမှာလို့ သိရပါတယ်။ Hwang Bo Ra နဲ့ Kim Young Hoon တို့ကတော့ လက်ထပ်မှတ်ပုံတင်တာပြီးစီးသွားပြီဖြစ်ကြောင်းသိရပါတယ်။ နိုဝင်ဘာလမှာတော့ မင်္ဂလာပွဲကိုမြင်တွေ့ရတော့မှာပါ။ Congradulations ပါ။
Zawgyi ဖြင့်ဖတ်ရန်
ကာလကြာရှည်တွဲခဲ့တဲ့ချစ်သူနဲ့မင်္ဂလာပွဲဆင်နွဲတော့မယ့် မင်းသမီး Hwang Bo Ra