စတုတ္ထမျိုးဆက်ရဲ့ထိပ်တန်းအမျိုးသမီးအိုင်ဒေါတွေအဖြစ် ပရိသတ်တွေရဲ့သတ်မှတ်ခြင်းခံရတဲ့Karina နဲ့ Jang Won Young

Posted on

ကေပေါပ့်သီချင်းတွေက ပရိသတ်တွေကြားအောင်မြင်ကျော်ကြားသလို အိုင်ဒေါတွေရဲ့အောင်မြင်မှုကလည်း နိုင်ငံတကာကပရိသတ်တွေကိုဖမ်းစားနိုင်တဲ့အထိပါပဲ။ လက်ရှိမှာတော့ စတုတ္ထမျိုးဆက်အထိရောက်နေပြီဖြစ်တဲ့ ကေပေါပ့်အိုင်ဒေါတွေကပရိသတ်တွေကြား ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။


နိုဝင်ဘာလ(၃) ရက်နေ့မှာတော့ ပေါ်ပြူလာဖြစ်တဲ့ အွန်လိုင်းCommunity တစ်ခုဖြစ်တဲ့ Nate Pann ကနေပြီးတော့ စတုတ္ထမျိုးဆက်ရဲ့ ပေါ်ပြူလာအဖြစ်ဆုံးအမျိုးသမီးအိုင်ဒေါနှစ်ဦးအကြောင်း ပြောဆိုခဲ့ပါတယ်။ ပရိသတ်တွေကတော့ aespa အဖွဲ့ဝင် Karina နဲ့ IVE အဖွဲ့ဝင် Jang Won Young တို့ဟာ ပေါ်ပြူလာအဖြစ်ဆုံးတွေဖြစ်ကြပြီး သူတို့အဖွဲ့ရဲ့ရုပ်ရည်အချောဆုံးတွေလည်းဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။


ပရိသတ်တွေကတော့ စတုတ္ထမျိုးဆက်ရဲ့ ပေါ်ပြူလာအဖြစ်ဆုံးအမျိုးသမီးအိုင်ဒေါတွေအဖြစ် aespa အဖွဲ့ဝင် Karina နဲ့ IVE အဖွဲ့ဝင် Jang Won Youngတို့ကိုရွေးချယ်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးကတော့ မုန်းတီးမှုဝေဖန်မှုများစွာကိုခံရသော်လည်း ပေါ်ပြူလာအဖြစ်ဆုံးသူတွေလည်း ဖြစ်ကြောင်းပြောဆိုခဲ့ကြပါတယ်။ ပရိသတ်ကြီးရဲ့အမြင်ကိုလည်း ပြောသွားပါဦးနော်။
Zawgyi ဖြင့်ဖတ်ရန်




