ပရိသတ်တွေနဲ့တွေ့ဆုံပွဲမှာ BLACKPINK အဖွဲ့ရဲ့ “Shut Down” သီချင်းနဲ့ကပြခဲ့တဲ့ မင်းသမီး Park Eun Bin

Posted on

ကလေးသရုပ်ဆောင်ဘဝကတည်းကပရိသတ်တွေသိခဲ့ရတဲ့မင်းသမီးလေး Park Eun Bin ကတော့ အနုပညာသက်တမ်းအတွင်းမှာ ဇာတ်လမ်းတွဲကောင်းတွေနဲ့အတူ ထူးချွန်တဲ့သရုပ်ဆောင်ချက်တွေကိုချပြခဲ့တာကြောင့် ချီးမွမ်းမှုတွေရရှိကာ ရေပန်းစားအောင်မြင်လာတာပဲဖြစ်ပါတယ်။


Park Eun Bin ကတော့ အာရှကပရိသတ်တွေနဲ့တွေ့ဆုံတဲ့ခရီးစဉ်ဖြစ်တဲ့ 2022 PARK EUN-BIN Asia Fan Meeting Tour အတွက်ဘန်ကောက်ကို ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီပွဲစဉ်အတွင်းမှာတော့ ပရိသတ်တွေရဲ့အားပေးမှုကိုကျေးဇူးတင်တဲ့အနေနဲ့ BLACKPINK အဖွဲ့ရဲ့ “Shut Down” သီချင်းနဲ့ကပြခဲ့တာ ဖြစ်ပါတယ်။ Park Eun Bin တစ်ယောက် သီချင်းနဲ့အတူကပြနေတဲ့ဗီဒီယိုကတော့ အွန်လိုင်းမှာပျံ့နှံ့ပြီးလူပြောများနေတာပါ။

 

သရုပ်ဆောင်တဲ့နေရာမှာပီပြင်တဲ့မင်းသမီးလေး Park Eun Bin ကတော့ အကပိုင်းမှာလည်း စွမ်းရည်ရှိတယ်ဆိုတာကို ပရိသတ်တွေကတွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ပရိသတ်တွေကိုကျေးဇူးတင်တဲ့အနေနဲ့တွေ့ဆုံပွဲမှာအခုလိုကပြဖို့အတွက်ကြိုးစားအားထုတ်ခဲ့တာကြောင့် ပရိသတ်တွေကသဘောကျနေကြတာပဲဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ပရိသတ္ေတြနဲ႔ေတြ႕ဆုံပြဲမွာ BLACKPINK အဖြဲ႕ရဲ႕ “Shut Down” သီခ်င္းနဲ႔ကျပခဲ့တဲ့ မင္းသမီး Park Eun Bin
ကေလးသ႐ုပ္ေဆာင္ဘဝကတည္းကပရိသတ္ေတြသိခဲ့ရတဲ့မင္းသမီးေလး Park Eun Bin ကေတာ့ အႏုပညာသက္တမ္းအတြင္းမွာ ဇာတ္လမ္းတြဲေကာင္းေတြနဲ႔အတူ ထူးခြၽန္တဲ့သ႐ုပ္ေဆာင္ခ်က္ေတြကိုခ်ျပခဲ့တာေၾကာင့္ ခ်ီးမြမ္းမႈေတြရရွိကာ ေရပန္းစားေအာင္ျမင္လာတာပဲျဖစ္ပါတယ္။


Park Eun Bin ကေတာ့ အာရွကပရိသတ္ေတြနဲ႔ေတြ႕ဆုံတဲ့ခရီးစဥ္ျဖစ္တဲ့ 2022 PARK EUN-BIN Asia Fan Meeting Tour အတြက္ဘန္ေကာက္ကို ေရာက္ရွိခဲ့တာပဲ ျဖစ္ပါတယ္။ ဒီပြဲစဥ္အတြင္းမွာေတာ့ ပရိသတ္ေတြရဲ႕အားေပးမႈကိုေက်းဇူးတင္တဲ့အေနနဲ႔ BLACKPINK အဖြဲ႕ရဲ႕ “Shut Down” သီခ်င္းနဲ႔ကျပခဲ့တာ ျဖစ္ပါတယ္။ Park Eun Bin တစ္ေယာက္ သီခ်င္းနဲ႔အတူကျပေနတဲ့ဗီဒီယိုကေတာ့ အြန္လိုင္းမွာပ်ံ႕ႏွံ႔ၿပီးလူေျပာမ်ားေနတာပါ။

 

သ႐ုပ္ေဆာင္တဲ့ေနရာမွာပီျပင္တဲ့မင္းသမီးေလး Park Eun Bin ကေတာ့ အကပိုင္းမွာလည္း စြမ္းရည္ရွိတယ္ဆိုတာကို ပရိသတ္ေတြကေတြ႕ခဲ့ရပါတယ္။ ဒါ့အျပင္ ပရိသတ္ေတြကိုေက်းဇူးတင္တဲ့အေနနဲ႔ေတြ႕ဆုံပြဲမွာအခုလိုကျပဖို႔အတြက္ႀကိဳးစားအားထုတ္ခဲ့တာေၾကာင့္ ပရိသတ္ေတြကသေဘာက်ေနၾကတာပဲျဖစ္ပါတယ္။