မင်းသားချော Lee Jong Suk ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်မင်းသားတွေထဲကတစ်လက်ဖြစ်တာကြောင့် ပရိသတ်တွေနဲ့ရင်းနှီးပြီးသားပါ။ အဓိကဇာတ်ဆောင်မင်းသားအဖြစ်ပရိသတ်တွေမြင်တွေ့ရလေ့ရှိတဲ့မင်းသားကတော့ ဗီလိန်ဇာတ်ရုပ်နဲ့လည်း နိုဝင်ဘာလမှာရုံတင်မယ့် Decibel ဆိုတဲ့ရုပ်ရှင်ဇာတ်ကားသစ်မှာ မြင်တွေ့ရဦးမှာပါ။
ဒီဇာတ်ကားထဲမှာတော့ Lee Jong Suk ဟာရေတပ်ကပ္ပတိန်တစ်ယောက်ဖြစ်ပြီး မြို့တော်ရဲ့အလယ်ကိုဗုံးနဲ့တိုက်ခိုက်ဖို့ကြိုးစားတဲ့သူနေရာကနေပါဝင်ထားပါတယ်။ နာမည်ကျော်မင်းသား Kim Rae Won ကလည်း တိုက်ခိုက်တဲ့သူတွေရဲ့အန္တရာယ်ကနေကာကွယ်ဖို့ကြိုးစားနေတဲ့ ရေတပ်ညွှန်ကြားရေးမှူးဟောင်းတစ်ယောက်အဖြစ်ပါဝင်ထားပါတယ်။
Lee Jong Suk ကတော့ဒီဗီလိန်ဇာတ်ရုပ်ကိုသရုပ်ဆောင်ရာမှာ ဒါရိုက်တာနဲ့ဆွေးနွေးမှုတွေလုပ်ခဲ့ပြီး ကိုယ့်ရဲ့ပုံစံကိုလွယ်ကူစွာမခန့်မှန်းနိုင်တဲ့ပုံစံမျိုး လူတွေနဲ့စကားပြောတဲ့ပုံစံကိုပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။ Lee Jong Suk ကိုတော့ ရိုးသားပြီးရိုမန်တစ်ဆန်တဲ့ဇာတ်ရုပ်မျိုးတွေနဲ့အဓိကဇာတ်ဆောင်အဖြစ်မြင်တွေ့ရတာများပေမယ့် ဗီလိန်ဇာတ်ရုပ်တွေကိုသရုပ်ဆောင်ပြီး သူ့ရဲ့ပုံရိပ်ကိုပြောင်းလဲစေတာကိုလည်း မြင်တွေ့ရမှာပါ။
Zawgyi ဖြင့်ဖတ်ရန်
Decibel ဇာတ်ကားထဲကသူ့ရဲ့ဗီလိန်ဇာတ်ရုပ်အကြောင်းပြောလာတဲ့ Lee Jong Suk
မင်းသားချော Lee Jong Suk ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်မင်းသားတွေထဲကတစ်လက်ဖြစ်တာကြောင့် ပရိသတ်တွေနဲ့ရင်းနှီးပြီးသားပါ။ အဓိကဇာတ်ဆောင်မင်းသားအဖြစ်ပရိသတ်တွေမြင်တွေ့ရလေ့ရှိတဲ့မင်းသားကတော့ ဗီလိန်ဇာတ်ရုပ်နဲ့လည်း နိုဝင်ဘာလမှာရုံတင်မယ့် Decibel ဆိုတဲ့ရုပ်ရှင်ဇာတ်ကားသစ်မှာ မြင်တွေ့ရဦးမှာပါ။
ဒီဇာတ်ကားထဲမှာတော့ Lee Jong Suk ဟာရေတပ်ကပ္ပတိန်တစ်ယောက်ဖြစ်ပြီး မြို့တော်ရဲ့အလယ်ကိုဗုံးနဲ့တိုက်ခိုက်ဖို့ကြိုးစားတဲ့သူနေရာကနေပါဝင်ထားပါတယ်။ နာမည်ကျော်မင်းသား Kim Rae Won ကလည်း တိုက်ခိုက်တဲ့သူတွေရဲ့အန္တရာယ်ကနေကာကွယ်ဖို့ကြိုးစားနေတဲ့ ရေတပ်ညွှန်ကြားရေးမှူးဟောင်းတစ်ယောက်အဖြစ်ပါဝင်ထားပါတယ်။
Lee Jong Suk ကတော့ဒီဗီလိန်ဇာတ်ရုပ်ကိုသရုပ်ဆောင်ရာမှာ ဒါရိုက်တာနဲ့ဆွေးနွေးမှုတွေလုပ်ခဲ့ပြီး ကိုယ့်ရဲ့ပုံစံကိုလွယ်ကူစွာမခန့်မှန်းနိုင်တဲ့ပုံစံမျိုး လူတွေနဲ့စကားပြောတဲ့ပုံစံကိုပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။Lee Jong Suk ကိုတော့ ရိုးသားပြီးရိုမန်တစ်ဆန်တဲ့ဇာတ်ရုပ်မျိုးတွေနဲ့အဓိကဇာတ်ဆောင်အဖြစ်မြင်တွေ့ရတာများပေမယ့် ဗီလိန်ဇာတ်ရုပ်တွေကိုသရုပ်ဆောင်ပြီး သူ့ရဲ့ပုံရိပ်ကိုပြောင်းလဲစေတာကိုလည်း မြင်တွေ့ရမှာပါ။