TREASUREအဖွဲ့မှ Bang Ye Dam နဲ့ Mashiho တို့နှစ်ဦးထွက်ခွာသွားပြီဖြစ်ကြောင်းကြေညာခဲ့တဲ့ YG Entertainment

Posted on

အမျိုးသားအိုင်ဒေါ(၁၂)ဦးနဲ့ဖွဲ့စည်းထားတဲ့ TREASURE အဖွဲ့ကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိထားတဲ့အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။ အဖွဲ့ဝင်(၂)ဦးဖြစ်တဲ့ Bang Ye Dam နဲ့ Mashiho ကတော့ အဖွဲ့ထဲကထွက်ခွာသွားပြီဖြစ်ကြောင်းကို YG Entertainment ကနေပြီးတာ့ တရားဝင်ကြေညာခဲ့ပါတယ်။


လက်ရှိမှာတော့ TREASURE အဖွဲ့ဟာ Hyunsuk ၊ Jihoon ၊ Yoshi ၊ Junkyu ၊Jaehyuk ၊ Asahi ၊Doyoung ၊ Haruto၊ Jeongwoo နဲ့ Junghwan တို့(၁၀)ဦးသာရှိတော့မှာ ဖြစ်ပါတယ်။ အချိန်အတော်ကြာဆွေးနွေးပြီးနောက်မှာတော့ Bang Ye Dam နဲ့ Mashiho တို့နှစ်ဦးကတော့ သူတို့ရဲ့သီးသန့်စာချုပ်တွေကိုရပ်တန့်လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ Bang Ye Dam ကတော့ ပရိုဂျူဆာအဖြစ်ဆက်လက်လုပ်ကိုင်လိုပြီး သူ့ရဲ့တိုးတက်မှုအတွက်ပိုပြီးတော့ကောင်းမွန်တဲ့အတွက် အခုလိုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။


Mashihoကတော့ သူ့ရဲ့ကျန်းမာရေးကောင်းမွန်လာဖို့အချိန်ယူဖို့လိုအပ်တာကြောင့် အခုလိုစာချုပ်ကိုရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ Bang Ye Dam နဲ့ Mashiho တို့နှစ်ဦးကတော့ မေလကတည်းကနေပြီး အဖွဲ့ရဲ့လှုပ်ရှားမှုတွေကနေရပ်နားထားတာဖြစ်ပြီး အခုဆိုရင်အဖွဲ့မှထွက်ခွာကြောင်းအတည်ပြုခဲ့တာ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




