ကွယ်လွန်သူမင်းသား Lee Ji Han ရဲ့နေရာမှာအစားထိုးသရုပ်ဆောင်သွားမယ့် မင်းသား Lee Jung Jun

Posted on

Itaewon လူပြိုမှုမှာတော့ မင်းသား Lee Ji Han ဟာ အသက်ဆုံးပါးသွားခဲ့ရတာဖြစ်ပြီး ပရိသတ်တွေကတော့ စောစီးစွာကြွေလွင့်သွားရတဲ့အတွက် နှမြောတသဖြစ်ကာဝမ်းနည်းခဲ့ကြပါတယ်။ ကွယ်လွန်သူမင်းသားကတော့ Season of Kkokduဆိုတဲ့ ဒရမ်မာဇာတ်လမ်းတွဲတစ်ခုကိုရိုက်ကူးလက်စလည်း ဖြစ်ပါတယ်။


နိုဝင်ဘာလ(၇)ရက်နေ့မှာတော့ MBC ရဲ့ဒရမ်မာ Season of Kkokdu ထဲက ကွယ်လွန်သူမင်းသား Lee Ji Han ရဲ့နေရာမှာ မင်းသား Lee Jung Jun ကအစားထိုးသရုပ်ဆောင်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ သူ့ရဲ့ဇာတ်ရုပ်ကတော့အဓိကအမျိုးသမီးဇာတ်ဆောင် Han Gye Jeol ရဲ့ရည်းစားဟောင်းနေရာမှာပါဝင်ရမှာလည်း ဖြစ်ပါတယ်။


MBC ကတော့ အချိန်အတော်ကြာဆွေးနွေးမှုလုပ်ပြီးနောက်မှာ Lee Ji Han ရဲ့ဇာတ်ရုပ်မှာသရုပ်ဆောင်သစ်ကိုအစားထိုးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ရိုက်ကူးစရာဇာတ်ဝင်ခန်းများစွာပါဝင်တာကြောင့် လူအစားထိုးရိုက်ရုံအပြင်မတတ်နိုင်ခဲ့ဘူးလို့လည်းသိရပါတယ်။ ပါဝင်သရုပ်ဆောင်သွားမယ့်မင်းသား Lee Jung Jun ကတော့ လက်ရှိမှာ SBS ရဲ့ဒရမ်မာဖြစ်တဲ့ Cheer Up မှာပါဝင်သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ကြယ္လြန္သူမင္းသား Lee Ji Han ရဲ႕ေနရာမွာအစားထိုးသ႐ုပ္ေဆာင္သြားမယ့္ မင္းသား Lee Jung Jun
Itaewon လူၿပိဳမႈမွာေတာ့ မင္းသား Lee Ji Han ဟာ အသက္ဆုံးပါးသြားခဲ့ရတာျဖစ္ၿပီး ပရိသတ္ေတြကေတာ့ ေစာစီးစြာေႂကြလြင့္သြားရတဲ့အတြက္ ႏွေျမာတသျဖစ္ကာဝမ္းနည္းခဲ့ၾကပါတယ္။ ကြယ္လြန္သူမင္းသားကေတာ့ Season of Kkokduဆိုတဲ့ ဒရမ္မာဇာတ္လမ္းတြဲတစ္ခုကို႐ိုက္ကူးလက္စလည္း ျဖစ္ပါတယ္။


ႏိုဝင္ဘာလ(၇)ရက္ေန႔မွာေတာ့ MBC ရဲ႕ဒရမ္မာ Season of Kkokdu ထဲက ကြယ္လြန္သူမင္းသား Lee Ji Han ရဲ႕ေနရာမွာ မင္းသား Lee Jung Jun ကအစားထိုးသ႐ုပ္ေဆာင္သြားမယ္လို႔ အတည္ျပဳခဲ့ပါတယ္။ သူ႔ရဲ႕ဇာတ္႐ုပ္ကေတာ့အဓိကအမ်ိဳးသမီးဇာတ္ေဆာင္ Han Gye Jeol ရဲ႕ရည္းစားေဟာင္းေနရာမွာပါဝင္ရမွာလည္း ျဖစ္ပါတယ္။


MBC ကေတာ့ အခ်ိန္အေတာ္ၾကာေဆြးေႏြးမႈလုပ္ၿပီးေနာက္မွာ Lee Ji Han ရဲ႕ဇာတ္႐ုပ္မွာသ႐ုပ္ေဆာင္သစ္ကိုအစားထိုးဖို႔ဆုံးျဖတ္ခဲ့ၾကပါတယ္။ ႐ိုက္ကူးစရာဇာတ္ဝင္ခန္းမ်ားစြာပါဝင္တာေၾကာင့္ လူအစားထိုး႐ိုက္႐ုံအျပင္မတတ္ႏိုင္ခဲ့ဘူးလို႔လည္းသိရပါတယ္။ ပါဝင္သ႐ုပ္ေဆာင္သြားမယ့္မင္းသား Lee Jung Jun ကေတာ့ လက္ရွိမွာ SBS ရဲ႕ဒရမ္မာျဖစ္တဲ့ Cheer Up မွာပါဝင္သ႐ုပ္ေဆာင္ထားတာလည္း ျဖစ္ပါတယ္။