Nam Goong Min နဲ့ Park Min Young တို့ကိုကျော်ပြီး ဒရမ်မာသရုပ်ဆောင်တွေထဲမှာ ထိပ်ဆုံးမှာရပ်တည်နေတဲ့မင်းသမီး

Posted on

ဒရမ်မာဇာတ်လမ်းတွဲများစွာကထုတ်လွှင့်ပြသနေတာဖြစ်ပြီး ပရိသတ်တွေရဲ့ကြိုက်နှစ်သက်မှုအပေါ်လိုက်ပြီး နိုဝင်ဘာလပထမအပတ်အတွက် ပေါ်ပြူလာဖြစ်တဲ့ဒရမ်မာသရုပ်ဆောင်စာရင်းထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီစာရင်းမှာတော့ Nam Goong Min နဲ့ Park Min Young တို့ကိုကျော်ပြီး ထိပ်ဆုံမှာရှိနေတာကတော့ မင်းသမီး Kim Hye Soo ဖြစ်ပါတယ်။


Good Data Corporation ကတော့ တီဗီမှာရေပန်းစားမှု ၊ အင်တာနက်အသုံးပြုတဲ့သူတွေရဲ့ရှာဖွေမှု၊ ဖျော်ဖြေရေးသမားတွေနဲ့ ပေါ်တယ်ဆိုက်တွေပေါ်ကအချက်အလက်တွေပေါ်မူတည်ပြီး ဒီလိုစာရင်းကိုထုတ်ပြန်တာပါ။ Under the Queen’s Umbrella ဒရမ်မာရဲ့ မင်းသမီး Kim Hye Soo ထိပ်ဆုံးနေရာမှာရပ်တည်နေတာ သီတင်းပတ်(၃) ပတ်ရှိခဲ့ပါပြီ။ သူ့ရဲ့နောက်မှာတော့ မင်းသား Nam Goong Min ၊ Yoo Sung Jae၊ Park Min Young နဲ့ Baek In Hyuk တို့က ရှိနေပါတယ်။


လူကြိုက်မှားနေတဲ့ဒရမ်မာစာရင်းမှာလည်း tvN ရဲ့ Under the Queen’s Umbrella ကတော့ ထိပ်ဆုံးမှာရှိနေတာပါ။ဒီဇာတ်ကားကတော့ နန်းတော်အတွင်းမှာပြဿနာတွေကိုသာဖြစ်စေတဲ့မင်းသားတွေကို နန်းလျာအတွက်သင့်တော်တဲ့သူတွေဖြစ်အောင်ကြိုးစားတဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး ဂျိုဆွန်းမင်းဆက်ရဲ့ ထိပ်တန်း(၁%)သောသူတွေရဲ့အထူးသင်ကြားခွင့်ရတဲ့ပညာရေးကိုအဓိကထားပြသသွားတာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




