ပရိသတ်တွေရဲ့ကြည့်ရှုနှုန်းဆက်တိုက်မြင့်တက်နေတဲ့ Curtain Call ဇာတ်လမ်းတွဲ

Posted on

Curtain Call ဇာတ်လမ်းတွဲကတော့ လက်ရှိအချိန်မှာပရိသတ်တွေရဲ့အားပေးမှုကိုရရှိနေတဲ့ဇာတ်လမ်းတွဲတွေထဲကတစ်ခုပါ။ ဝါရင့်မင်းသမီးတစ်လက်ဖြစ်တဲ့ Ha Ji Won နဲ့အတူ မင်းသား Kang Ha Neul ကလည်းပါဝင်ထားပါတယ်။


Curtain Call ဇာတ်လမ်းတွဲကတော့ စတင်ပြသချိန်မှာကတည်းကပရိသတ်တွေကြိုက်နှစ်သက်မှုရရှိနေတာဖြစ်ပြီး လက်ရှိမှာ အပိုင်း(၄) အထိသာပြသရသေးတာပါ။ဒီဇာတ်လမ်းတွဲကတော့ အသက်ရှင်သန်နေထိုင်ဖို့အချိန်သိပ်မကျန်တော့တဲ့အဖွားဖြစ်သူရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့အတွက်ကြိုးစားတဲ့ မြောက်ကိုရီးယားနိုင်ငံသားပြဇာတ်သရုပ်ဆောင်တစ်ဦးရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။


Nielsen Korea ရဲ့ထုတ်ပြန်ချက်အရကြည့်ရှုနှုန်း (၆ %) အထိရောက်နေတာဖြစ်ပြီး ကြည့်ရှုနှုန်းဆက်တိုက်မြင့်တက်နေတာလည်း ဖြစ်ပါတယ်။ SBS ရဲ့ Cheer Up ဇာတ်လမ်းတွဲကတော့ (၂.၂%) ရှိနေတာ ဖြစ်ပြီး tvN ရဲ့ Behind Every Star ဇာတ်လမ်းတွဲကတော့ (၃.၆%) ရှိနေပါတယ်။ ပရိသတ်ကြီးကရောဘယ်ဇာတ်ကားတွေကို ကြည့်ရှုနေသလဲနော်။
Zawgyi ဖြင့်ဖတ်ရန်

ပရိသတ္ေတြရဲ႕ၾကည့္ရႈႏႈန္းဆက္တိုက္ျမင့္တက္ေနတဲ့ Curtain Call ဇာတ္လမ္းတြဲ
Curtain Call ဇာတ္လမ္းတြဲကေတာ့ လက္ရွိအခ်ိန္မွာပရိသတ္ေတြရဲ႕အားေပးမႈကိုရရွိေနတဲ့ဇာတ္လမ္းတြဲေတြထဲကတစ္ခုပါ။ ဝါရင့္မင္းသမီးတစ္လက္ျဖစ္တဲ့ Ha Ji Won နဲ႔အတူ မင္းသား Kang Ha Neul ကလည္းပါဝင္ထားပါတယ္။


Curtain Call ဇာတ္လမ္းတြဲကေတာ့ စတင္ျပသခ်ိန္မွာကတည္းကပရိသတ္ေတြႀကိဳက္ႏွစ္သက္မႈရရွိေနတာျဖစ္ၿပီး လက္ရွိမွာ အပိုင္း(၄) အထိသာျပသရေသးတာပါ။ဒီဇာတ္လမ္းတြဲကေတာ့ အသက္ရွင္သန္ေနထိုင္ဖို႔အခ်ိန္သိပ္မက်န္ေတာ့တဲ့အဖြားျဖစ္သူရဲ႕ေနာက္ဆုံးဆႏၵကိုျဖည့္ဆည္းေပးဖို႔အတြက္ႀကိဳးစားတဲ့ ေျမာက္ကိုရီးယားႏိုင္ငံသားျပဇာတ္သ႐ုပ္ေဆာင္တစ္ဦးရဲ႕အေၾကာင္းကို ႐ိုက္ကူးထားတာျဖစ္ပါတယ္။


Nielsen Korea ရဲ႕ထုတ္ျပန္ခ်က္အရၾကည့္ရႈႏႈန္း (၆ %) အထိေရာက္ေနတာျဖစ္ၿပီး ၾကည့္ရႈႏႈန္းဆက္တိုက္ျမင့္တက္ေနတာလည္း ျဖစ္ပါတယ္။ SBS ရဲ႕ Cheer Up ဇာတ္လမ္းတြဲကေတာ့ (၂.၂%) ရွိေနတာ ျဖစ္ၿပီး tvN ရဲ႕ Behind Every Star ဇာတ္လမ္းတြဲကေတာ့ (၃.၆%) ရွိေနပါတယ္။ ပရိသတ္ႀကီးကေရာဘယ္ဇာတ္ကားေတြကို ၾကည့္ရႈေနသလဲေနာ္။