D.P. စီးရီးရဲ့ Season 2 ကို ရိုက်ကူးနေတဲ့ မင်းသားချော Jung Hae In

Posted on

နှုတ်ခမ်းနီမလေးတွေရဲ့အချစ်တော်မင်းသားချောတစ်လက်ဖြစ်တဲ့ Jung Hae In ကတော့ ရုပ်ရှင်ဇာတ်ကားတွေတစ်ခုပြီးတစ်ခု ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ နိုဝင်ဘာလ(၉)ရက်နေ့မှာတော့ သူ့ရဲ့ရိုက်ကူးရေးနဲ့ပတ်သက်ပြီးပရိသတ်တွေကို အင်စတာဂရမ်မှာမျှဝေခဲ့ပါတယ်။


လက်ရှိရိုက်ကူးနေတဲ့ Netflix ဇာတ်လမ်းတွဲ D.P. မှာတော့ Ahn Junho ဇာတ်ရုပ်နဲ့ပါဝင်ထားတာဖြစ်ပြီး ရိုက်ကွင်းပုံရိပ်နဲ့အတူ “D.P. 2 ရဲ့ရိုက်ကွင်းကိုမျှဝေလိုက်တာပါ” လို့ရေးသားထားပြီး မနက်ဖြန်မှာထပ်မတွေ့ဘူးဆိုပြီး နောက်ပြောင်ရေးသားထားပါတယ်။ မကြာသေးခင်ကတော့ Netflix က D.P. စီးရီးရဲ့ Season 2 ဆက်လက်ရိုက်ကူးသွားမယ့်အကြောင်းကို အတည်ပြုခဲ့ပါတယ်။


ဒီဇာတ်လမ်းတွဲကတော့ D.P Dog’s Day ဆိုတဲ့ Webtoon ကိုအခြေခံထားပြီး စစ်ပြေးတွေကိုလိုက်လံဖမ်းဆီးတဲ့ ကိုရီးယားစစ်တပ်ရဲတွေအကြောင်းကို ရိုက်ကူးထားတာပါ။ မင်းသားချော Jung Hae In ပါဝင်ထားတဲ့ဒီဇာတ်လမ်းကတော့ Season 1 ကို (၂၀၂၁) ခုနှစ်ကထွက်ရှိထားပြီး Koo Kyo Hwan ၊ Kim Sung Kyun, နဲ့ Son Seok Gu တို့လည်း ပါဝင်ထားတာ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

D.P. စီးရီးရဲ႕ Season 2 ကို ႐ိုက္ကူးေနတဲ့ မင္းသားေခ်ာ Jung Hae In
ႏႈတ္ခမ္းနီမေလးေတြရဲ႕အခ်စ္ေတာ္မင္းသားေခ်ာတစ္လက္ျဖစ္တဲ့ Jung Hae In ကေတာ့ ႐ုပ္ရွင္ဇာတ္ကားေတြတစ္ခုၿပီးတစ္ခု ႐ိုက္ကူးေနတာလည္း ျဖစ္ပါတယ္။ ႏိုဝင္ဘာလ(၉)ရက္ေန႔မွာေတာ့ သူ႔ရဲ႕႐ိုက္ကူးေရးနဲ႔ပတ္သက္ၿပီးပရိသတ္ေတြကို အင္စတာဂရမ္မွာမွ်ေဝခဲ့ပါတယ္။


လက္ရွိ႐ိုက္ကူးေနတဲ့ Netflix ဇာတ္လမ္းတြဲ D.P. မွာေတာ့ Ahn Junho ဇာတ္႐ုပ္နဲ႔ပါဝင္ထားတာျဖစ္ၿပီး ႐ိုက္ကြင္းပုံရိပ္နဲ႔အတူ “D.P. 2 ရဲ႕႐ိုက္ကြင္းကိုမွ်ေဝလိုက္တာပါ” လို႔ေရးသားထားၿပီး မနက္ျဖန္မွာထပ္မေတြ႕ဘူးဆိုၿပီး ေနာက္ေျပာင္ေရးသားထားပါတယ္။ မၾကာေသးခင္ကေတာ့ Netflix က D.P. စီးရီးရဲ႕ Season 2 ဆက္လက္႐ိုက္ကူးသြားမယ့္အေၾကာင္းကို အတည္ျပဳခဲ့ပါတယ္။


ဒီဇာတ္လမ္းတြဲကေတာ့ D.P Dog’s Day ဆိုတဲ့ Webtoon ကိုအေျခခံထားၿပီး စစ္ေျပးေတြကိုလိုက္လံဖမ္းဆီးတဲ့ ကိုရီးယားစစ္တပ္ရဲေတြအေၾကာင္းကို ႐ိုက္ကူးထားတာပါ။ မင္းသားေခ်ာ Jung Hae In ပါဝင္ထားတဲ့ဒီဇာတ္လမ္းကေတာ့ Season 1 ကို (၂၀၂၁) ခုႏွစ္ကထြက္ရွိထားၿပီး Koo Kyo Hwan ၊ Kim Sung Kyun, နဲ႔ Son Seok Gu တို႔လည္း ပါဝင္ထားတာ ျဖစ္ပါတယ္။