ရုပ်ရှင်ဇာတ်ကားသစ် Hero နဲ့အတူ ပရိသတ်တွေဆီပြန်လာမယ့် မင်းသမီး Kim Go Eun

Posted on

မင်းသမီးချော Kim Go Eun ကတော့ ဇာတ်ရုပ်တိုင်းမှာပီပြင်တဲ့သူဖြစ်ပြီး ဇာတ်ကားကောင်းတွေကိုရွေးချယ်လေ့ရှိတာကြောင့် ပရိသတ်တွေကသူ့ရဲ့ဇာတ်ကားသစ်တွေကိုစောင့်မျှော်နေလေ့ရှိပါတယ်။ မင်းသမီးကတော့ သမိုင်းအဖြစ်အပျက်ကိုအခြေခံရိုက်ကူးထားတဲ့ဂီတဇာတ်လမ်းအမျိုးအစားဖြစ်တဲ့ Hero ဇာတ်ကားမှာ ပါဝင်သွားမှာပါ။


Hero ဇာတ်ကားကတော့ Ahn Jung Geun ဆိုတဲ့ စစ်အတွင်းမှာသေဆုံးခဲ့ပြီး အမှတ်ရဖွယ်သမိုင်းဇာတ်လမ်းတစ်ပုဒ်ကိုချန်ခဲ့တဲ့ ကိုရီးယားလွတ်လပ်ရေးတက်ကြွလှုပ်ရှားသူရဲ့နောက်ဆုံးနှစ်တွေကိုအဓိကထားရိုက်ကူးထားတာပါ။ ဒီဇာတ်ကားမှာတော့ မင်းသား Jung sung Hwa က ဂျပန်နိုင်ငံရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ Ito Hirobumi ကိုလုပ်ကြံခဲ့ပြီး သေဒဏ်ပေးခံရတဲ့ Ahn Jung Geun အဖြစ်နဲ့ပါဝင်ထားတာပါ။


Kim Go Eun ကတော့ ဘုရင်မရဲ့အနီးကပ်ဆုံးနန်းတွင်းအမျိုးသမီးအဖြစ်ကနေ ကိုရီးယားနိုင်ငံရဲ့လွတ်မြောက်ရေးအတွက် သတင်းပေးတစ်ယောက်အဖြစ် သက်စွန့်ဆံဖျားကြိုးစားမယ့် Seol Hee ဆိုတဲ့ အမျိုးသမီးဇာတ်ရုပ်ကနေပါဝင်ထားတာပါ။ Hero ဇာတ်ကားကတော့ ဒီဇင်ဘာလ(၂၁)ရက်နေ့မှာရုံတင်မှာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

႐ုပ္ရွင္ဇာတ္ကားသစ္ Hero နဲ႔အတူ ပရိသတ္ေတြဆီျပန္လာမယ့္ မင္းသမီး Kim Go Eun
မင္းသမီးေခ်ာ Kim Go Eun ကေတာ့ ဇာတ္႐ုပ္တိုင္းမွာပီျပင္တဲ့သူျဖစ္ၿပီး ဇာတ္ကားေကာင္းေတြကိုေ႐ြးခ်ယ္ေလ့ရွိတာေၾကာင့္ ပရိသတ္ေတြကသူ႔ရဲ႕ဇာတ္ကားသစ္ေတြကိုေစာင့္ေမွ်ာ္ေနေလ့ရွိပါတယ္။ မင္းသမီးကေတာ့ သမိုင္းအျဖစ္အပ်က္ကိုအေျခခံ႐ိုက္ကူးထားတဲ့ဂီတဇာတ္လမ္းအမ်ိဳးအစားျဖစ္တဲ့ Hero ဇာတ္ကားမွာ ပါဝင္သြားမွာပါ။


Hero ဇာတ္ကားကေတာ့ Ahn Jung Geun ဆိုတဲ့ စစ္အတြင္းမွာေသဆုံးခဲ့ၿပီး အမွတ္ရဖြယ္သမိုင္းဇာတ္လမ္းတစ္ပုဒ္ကိုခ်န္ခဲ့တဲ့ ကိုရီးယားလြတ္လပ္ေရးတက္ႂကြလႈပ္ရွားသူရဲ႕ေနာက္ဆုံးႏွစ္ေတြကိုအဓိကထား႐ိုက္ကူးထားတာပါ။ ဒီဇာတ္ကားမွာေတာ့ မင္းသား Jung sung Hwa က ဂ်ပန္ႏိုင္ငံရဲ႕ေခါင္းေဆာင္တစ္ေယာက္ျဖစ္တဲ့ Ito Hirobumi ကိုလုပ္ႀကံခဲ့ၿပီး ေသဒဏ္ေပးခံရတဲ့ Ahn Jung Geun အျဖစ္နဲ႔ပါဝင္ထားတာပါ။


Kim Go Eun ကေတာ့ ဘုရင္မရဲ႕အနီးကပ္ဆုံးနန္းတြင္းအမ်ိဳးသမီးအျဖစ္ကေန ကိုရီးယားႏိုင္ငံရဲ႕လြတ္ေျမာက္ေရးအတြက္ သတင္းေပးတစ္ေယာက္အျဖစ္ သက္စြန႔္ဆံဖ်ားႀကိဳးစားမယ့္ Seol Hee ဆိုတဲ့ အမ်ိဳးသမီးဇာတ္႐ုပ္ကေနပါဝင္ထားတာပါ။ Hero ဇာတ္ကားကေတာ့ ဒီဇင္ဘာလ(၂၁)ရက္ေန႔မွာ႐ုံတင္မွာလည္း ျဖစ္ပါတယ္။