သရုပ်ဆောင်ညံ့တယ်ဆိုပြီး ဇာတ်ရုပ်ကိုအစားထိုးခံခဲ့ရဖူးတဲ့ မင်းသား Kim Soo Hyun

Posted on

လက်ရှိအချိန်မှာတောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းမင်းသားအဖြစ်ရပ်တည်နေတဲ့ Kim Soo Hyun ကိုတော့ မသိသူမရှိလောက်ပါဘူးနော်။ သူကတော့ အနုပညာလောကကိုလျှောက်လှမ်းကာစအချိန်မှာ ကြမ်းတမ်းတဲ့အခြေအနေတွေရှိခဲ့ပြီး အောက်ဆုံးကနေအပေါ်ဆုံးရောက်အောင်ကြိုးစားခဲ့တဲ့သူလို့ ဆိုရမှာပါ။


သူ့ရဲ့ဒရမ်မာဇာတ်ကားသစ်နဲ့ပရိသတ်တွေဆီပြန်မလာခင်မှာတော့ နာမည်မရခင်အချိန်က ခါးသီးခဲ့တဲ့အခြေအနေတွေက လူပြောများနေတာပဲ ဖြစ်ပါတယ်။ တစ်ချိန်ကနာမည်ကြီးခဲ့တဲ့ “Boys Over Flowers” ဇာတ်လမ်းတွဲမှာတော့ Jung Eui Chul ဇာတ်ရုပ်နေရာကပါဝင်ဖို့စီစဉ်ထားခဲ့ဖူးပါတယ်။ မင်းသားကတော့ ဇာတ်ညွှန်းဖတ်တဲ့အချိန်မှာသရုပ်ဆောင်ညံ့တယ်ဆိုပြီး ဒါရိုက်တာရဲ့ထောက်ပြခြင်းခံရပြီးနောက်ပိုင်းမှာ ဒီဇာတ်လမ်းတွဲမှထွက်ခဲ့တာပဲ ဖြစ်ပါတယ်။


မင်းသားကတော့ နောက်ပိုင်းမှာ Dream High ဇာတ်လမ်းတွဲမှာလည်းအသိအမှတ်ပြုခံခဲ့ရပြီး Moon Embracin the Sun ဆိုတဲ့ဇာတ်လမ်းတွဲကတော့ အောင်မြင်မှုတွေရရှိခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ အနုပညာကြေးအမြင့်ဆုံးမင်းသားအဖြစ်ရှိနေတဲ့ Kim Soo Hyun ကတော့ တစ်ချိန်ကသရုပ်ဆောင်ညံ့တယ်ဆိုတဲ့မှတ်ချက်ပေးခံခဲ့ရတဲ့သူဖြစ်ပြီး အောင်မြင်တဲ့အထိကြိုးစားနိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

သရုပ္ေဆာင္ညံ့တယ္ဆိုျပီး ဇာတ္ရုပ္ကိုအစားထိုးခံခဲ့ရဖူးတဲ့ မင္းသား Kim Soo Hyun
လက္ရွိအခ်ိန္မွာေတာင္ကိုရီးယားႏိုင္ငံရဲ႕ထိပ္တန္းမင္းသားအျဖစ္ရပ္တည္ေနတဲ့ Kim Soo Hyun ကိုေတာ့ မသိသူမရွိေလာက္ပါဘူးေနာ္။ သူကေတာ့ အႏုပညာေလာကကိုေလွ်ာက္လွမ္းကာစအခ်ိန္မွာ ၾကမ္းတမ္းတဲ့အေျခအေနေတြရွိခဲ့ၿပီး ေအာက္ဆုံးကေနအေပၚဆုံးေရာက္ေအာင္ႀကိဳးစားခဲ့တဲ့သူလို႔ ဆိုရမွာပါ။


သူ႔ရဲ႕ဒရမ္မာဇာတ္ကားသစ္နဲ႔ပရိသတ္ေတြဆီျပန္မလာခင္မွာေတာ့ နာမည္မရခင္အခ်ိန္က ခါးသီးခဲ့တဲ့အေျခအေနေတြက လူေျပာမ်ားေနတာပဲ ျဖစ္ပါတယ္။ တစ္ခ်ိန္ကနာမည္ႀကီးခဲ့တဲ့ “Boys Over Flowers” ဇာတ္လမ္းတြဲမွာေတာ့ Jung Eui Chul ဇာတ္႐ုပ္ေနရာကပါဝင္ဖို႔စီစဥ္ထားခဲ့ဖူးပါတယ္။ မင္းသားကေတာ့ ဇာတ္ၫႊန္းဖတ္တဲ့အခ်ိန္မွာသ႐ုပ္ေဆာင္ညံ့တယ္ဆိုၿပီး ဒါ႐ိုက္တာရဲ႕ေထာက္ျပျခင္းခံရၿပီးေနာက္ပိုင္းမွာ ဒီဇာတ္လမ္းတြဲမွထြက္ခဲ့တာပဲ ျဖစ္ပါတယ္။


မင္းသားကေတာ့ ေနာက္ပိုင္းမွာ Dream High ဇာတ္လမ္းတြဲမွာလည္းအသိအမွတ္ျပဳခံခဲ့ရၿပီး Moon Embracin the Sun ဆိုတဲ့ဇာတ္လမ္းတြဲကေတာ့ ေအာင္ျမင္မႈေတြရရွိခဲ့တာလည္း ျဖစ္ပါတယ္။ လက္ရွိမွာ အႏုပညာေၾကးအျမင့္ဆုံးမင္းသားအျဖစ္ရွိေနတဲ့ Kim Soo Hyun ကေတာ့ တစ္ခ်ိန္ကသ႐ုပ္ေဆာင္ညံ့တယ္ဆိုတဲ့မွတ္ခ်က္ေပးခံခဲ့ရတဲ့သူျဖစ္ၿပီး ေအာင္ျမင္တဲ့အထိႀကိဳးစားႏိုင္ခဲ့တဲ့သူလည္း ျဖစ္ပါတယ္။