မင်းသမီးချောလေး Kim So Hyun ကိုတော့ ကလေးသရုပ်ဆောင်အဖြစ်ကနေ လက်ရှိအချိန်မှာနာမည်ရမင်းသမီးတစ်လက်အဖြစ်ရပ်တည်နေကြတာကို သိကြမှာပါ။ သူကတော့ The Tale of Nokdu (2019) ၊ Love Alarm (2019 – 2021) နဲ့ River Where the Moon Rises ဇာတ်လမ်းတွဲတွေနဲ့လည်း အောင်မြင်တဲ့သူဖြစ်ပါတယ်။
နိုဝင်ဘာလ(၁၁)ရက်နေ့မှာတော့ မင်းသမီးရဲ့အေဂျင်စီဖြစ်တဲ့ Yieum Hashtag ကနေပြီးတော့ Kim So Hyun ဟာ Useless Lie ဆိုတဲ့ဒရမ်မာအသစ်မှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ အတည်ပြုထားပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်။ Kim So Hyun ကတော့ လိမ်ညာမှုတွေကိုကြားနိုင်တဲ့သဘာဝလွန်အစွမ်းရှိတဲ့အမျိုးသမီး Mok Sol Hee အဖြစ်နဲ့ပါဝင်ထားပါတယ်။
တစ်နေ့မှာတော လူသတ်မှုနဲ့စွပ်စွဲခံရတဲ့အမျိုးသားတစ်ဦးနဲ့တွေ့ဆုံခဲ့ပြီး သူ့ရဲ့အပြစ်ကင်းမှုကိုယုံကြည်တာကတော့ လူတိုင်းရဲ့အလိမ်အညာတွေကိုကြားနိုင်တဲ့ Mok Sol Hee တစ်ယောက်သာရှိလာတာပါ။ စိတ်ဝင်စားစရာကောင်းတဲ့ဒီဇာတ်လမ်းမှာတော့ မင်းသမီး Kim So Hyun က ပါဝင်မှာဖြစ်ပြီး (၂၀၂၃) ခုနှစ် အတွင်းမှာပြသသွားမယ်လို့သိရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
Useless Lie ဆိုတဲ့ စိတ္ကူးယဥ္အခ်စ္ဒရမ္မာဇာတ္လမ္းမွာ ပါဝင္သ႐ုပ္ေဆာင္သြားမယ့္ Kim So Hyun
မင္းသမီးေခ်ာေလး Kim So Hyun ကိုေတာ့ ကေလးသ႐ုပ္ေဆာင္အျဖစ္ကေန လက္ရွိအခ်ိန္မွာနာမည္ရမင္းသမီးတစ္လက္အျဖစ္ရပ္တည္ေနၾကတာကို သိၾကမွာပါ။ သူကေတာ့ The Tale of Nokdu (2019) ၊ Love Alarm (2019 – 2021) နဲ႔ River Where the Moon Rises ဇာတ္လမ္းတြဲေတြနဲ႔လည္း ေအာင္ျမင္တဲ့သူျဖစ္ပါတယ္။
ႏိုဝင္ဘာလ(၁၁)ရက္ေန႔မွာေတာ့ မင္းသမီးရဲ႕ေအဂ်င္စီျဖစ္တဲ့ Yieum Hashtag ကေနၿပီးေတာ့ Kim So Hyun ဟာ Useless Lie ဆိုတဲ့ဒရမ္မာအသစ္မွာ ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔ အတည္ျပဳထားပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ စိတ္ကူးယဥ္အခ်စ္ဇာတ္လမ္းေလးလည္း ျဖစ္ပါတယ္။ Kim So Hyun ကေတာ့ လိမ္ညာမႈေတြကိုၾကားႏိုင္တဲ့သဘာဝလြန္အစြမ္းရွိတဲ့အမ်ိဳးသမီး Mok Sol Hee အျဖစ္နဲ႔ပါဝင္ထားပါတယ္။
တစ္ေန႔မွာေတာ လူသတ္မႈနဲ႔စြပ္စြဲခံရတဲ့အမ်ိဳးသားတစ္ဦးနဲ႔ေတြ႕ဆုံခဲ့ၿပီး သူ႔ရဲ႕အျပစ္ကင္းမႈကိုယုံၾကည္တာကေတာ့ လူတိုင္းရဲ႕အလိမ္အညာေတြကိုၾကားႏိုင္တဲ့ Mok Sol Hee တစ္ေယာက္သာရွိလာတာပါ။ စိတ္ဝင္စားစရာေကာင္းတဲ့ဒီဇာတ္လမ္းမွာေတာ့ မင္းသမီး Kim So Hyun က ပါဝင္မွာျဖစ္ၿပီး (၂၀၂၃) ခုႏွစ္ အတြင္းမွာျပသသြားမယ္လို႔သိရပါတယ္။