(၂၀၂၂) ခုနှစ်အတွက်ရွေးချယ်ခံရတဲ့ အဆိုးဝါးဆုံးဒရမ်မာဇာတ်လမ်းတွဲ (၃)ခု

Posted on

မကြာသေးခင်ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့မီဒီယာတစ်ခုက (၂၀၂၂) ခုနှစ်ရဲ့အဆိုးဝါးဆုံးဒရမ်မာတွေအဖြစ်ရွေးချယ်ခံရတဲ့ဒရမ်မာစာရင်းကို ကြေညာခဲ့ပါတယ်။ ဒီစာရင်းကတော့ ဖျော်ဖြေရေးနယ်ပယ်မှာအလုပ်လုပ်နေတဲ့သူအယောက်(၂၀၀)ကိုအင်တာဗျူးပြီးတော့ ရရှိလာတာလည်း ဖြစ်ပါတယ်။


(၂၀၂၂) ခုနှစ်ရဲ့အဆိုးဝါးဆုံးဒရမ်မာတွေအဖြစ်ရွေးချယ်ခံရတဲ့အထဲမှာ နံပါတ်(၃)နေရာမှာတော့ TV Chosun ကထုတ်လွှင်တဲ့ ‘Love (ft. Marriage and Divorce) 3’ ကရှိနေပြီး နံပါတ်(၂)မှာ Netflix ရဲ့ ‘Money Heist: Korea – Joint Economic Area’ ဖြစ်ပြီးထိပ်ဆုံးမှာ tvN ရဲ့ ‘Eve’ ရှိနေပါတယ်။ Eve ဇာတ်လမ်းတွဲကတော့ Eve ဇာတ်လမ်းတွဲကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းမိသားစုတစ်ခုနဲ့ပတ်သက်ပြီး နာကျင်ကြေမွစရာအတိတ်တွေကြောင့် လက်တုံ့ပြန်ဖို့အတွက် နှစ်ပေါင်း(၁၃)နှစ်ကြာ စောင့်နေခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဘဝအကြောင်းကိုပုံဖော်ထားတာ ဖြစ်ပါတယ်။


ဒီဇာတ်ကားကတော့ ဝေဖန်မှုများစွာရင်ဆိုင်ခဲ့ရပြီးနောက် မင်းသမီး Seo Ye Ji ပထမဆုံးပြန်လည်ရိုကူးတဲ့ဇာတ်လမ်းတွဲဖြစ်တာကြောင့် ပရိသတ်တွေရဲ့မျှော်လင့်စောင့်စားမှုများစွာရှိခဲ့ပါတယ်။ (၂၀၂၂) ခုနှစ်ရဲ့အဆိုးဝါးဆုံးဒရမ်မာတွေအဖြစ်ရွေးချယ်ခံရတဲ့ဇာတ်လမ်းတွဲတွေနဲ့ပတ်သက်ပြီး ပရိသတ်ကြီးရဲ့အမြင်ကိုပြောသွားပါဦး။
Zawgyi ဖြင့်ဖတ်ရန်




