ရဲတပ်ဖွဲ့က (၅) နာရီကြာစီးနင်းရှာဖွေခြင်းခံလိုက်ရတဲ့ Park Min Young ရဲ့အေဂျင်စီ

Posted on

Hook Entertainment ဟာ ရဲတပ်ဖွဲ့က (၅) နာရီကြာစီးနင်းရှာဖွေခြင်းခံလိုက်ရတယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့ ချွန်းဒမ်ဒုံမှာရှိတဲ့ Hook Entertainment ရဲ့ရုံးကို ရဲတပ်ဖွဲ့ရဲ့ပြင်းထန်တဲ့ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာနက (၅)နာရီကြာဝင်ရောက်စီးနင်းရှာဖွေမှုလုပ်ခဲ့တာဖြစ်ပါတယ်။


အခုလိုမျိုး Entertainment အေဂျင်စီတွေကို ဝင်ရောက်ရှာဖွေတယ်ဆိုတာ ကြုံတောင့်ကြုံခဲအခြေအနေဖြစ်ပြီး ဘာကြောင့်အခုလိုဖြစ်တယ်ဆိုတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့အခုလိုဝင်ရောက်စီးနင်းမှုဟာ Vident ၊ Inbiogen ၊ Bucket Studio နဲ့ Bithumb Live စတဲ့လုပ်ငန်းတွေရဲ့ဥက္ကဌဟောင်းလည်းဖြစ်ပြီး မင်းသမီး Park Min Young ရဲ့ချစ်သူဟောင်းလည်းဖြစ်တဲ့ Kang Jong Hyun နဲ့သက်ဆိုင်မှုတွေရှိတယ်လို့ ထင်ကြေးပေးခံနေရတာပဲ ဖြစ်ပါတယ်။


Hook Entertainment ဟာ နာမည်ကျော်အနုပညာရှင်တွေဖြစ်တဲ့ Lee Sun Hee၊ Lee Seung Gi ၊ Park Min Young နဲ့ Yoon Yeo Jung တို့နဲ့လက်တွဲလုပ်ကိုင်နေတဲ့ အေဂျင်စီတစ်ခုလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူတို့ချစ်တဲ့အနုပညာရှင်တွေနဲ့ပတ်သက်မှုတစ်စုံတစ်ရာမရှိဖို့လည်း မျှော်လင့်နေကြပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ရဲတပ္ဖြဲ႕က (၅) နာရီၾကာစီးနင္းရွာေဖြျခင္းခံလိုက္ရတဲ့ Park Min Young ရဲ႕ေအဂ်င္စီ
Hook Entertainment ဟာ ရဲတပ္ဖြဲ႕က (၅) နာရီၾကာစီးနင္းရွာေဖြျခင္းခံလိုက္ရတယ္လို႔ သိရပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံဆိုးလ္ၿမိဳ႕ ခြၽန္းဒမ္ဒုံမွာရွိတဲ့ Hook Entertainment ရဲ႕႐ုံးကို ရဲတပ္ဖြဲ႕ရဲ႕ျပင္းထန္တဲ့ရာဇဝတ္မႈစုံစမ္းစစ္ေဆးေရးဌာနက (၅)နာရီၾကာဝင္ေရာက္စီးနင္းရွာေဖြမႈလုပ္ခဲ့တာျဖစ္ပါတယ္။


အခုလိုမ်ိဳး Entertainment ေအဂ်င္စီေတြကို ဝင္ေရာက္ရွာေဖြတယ္ဆိုတာ ႀကဳံေတာင့္ႀကဳံခဲအေျခအေနျဖစ္ၿပီး ဘာေၾကာင့္အခုလိုျဖစ္တယ္ဆိုတဲ့အေၾကာင္းရင္းကိုေတာ့ မသိရေသးပါဘူး။ ဒါေပမဲ့အခုလိုဝင္ေရာက္စီးနင္းမႈဟာ Vident ၊ Inbiogen ၊ Bucket Studio နဲ႔ Bithumb Live စတဲ့လုပ္ငန္းေတြရဲ႕ဥကၠဌေဟာင္းလည္းျဖစ္ၿပီး မင္းသမီး Park Min Young ရဲ႕ခ်စ္သူေဟာင္းလည္းျဖစ္တဲ့ Kang Jong Hyun နဲ႔သက္ဆိုင္မႈေတြရွိတယ္လို႔ ထင္ေၾကးေပးခံေနရတာပဲ ျဖစ္ပါတယ္။


Hook Entertainment ဟာ နာမည္ေက်ာ္အႏုပညာရွင္ေတြျဖစ္တဲ့ Lee Sun Hee၊ Lee Seung Gi ၊ Park Min Young နဲ႔ Yoon Yeo Jung တို႔နဲ႔လက္တြဲလုပ္ကိုင္ေနတဲ့ ေအဂ်င္စီတစ္ခုလည္း ျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ သူတို႔ခ်စ္တဲ့အႏုပညာရွင္ေတြနဲ႔ပတ္သက္မႈတစ္စုံတစ္ရာမရွိဖို႔လည္း ေမွ်ာ္လင့္ေနၾကပါတယ္။