(၂၀၂၂) ခုနှစ်ရဲ့ MTV European Music Awards မှာ ဆုနှစ်ဆုရယူနိုင်ခဲ့တဲ့ BLACKPINK

Posted on

BLACKPINK အဖွဲ့ကတော့ သစ်လွင်ပြောင်မြောက်တဲ့ဖန်တီးတင်ဆက်မှုတွေရဲ့ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းယူထားနိုင်ပါတယ်။ ကမ္ဘာတစ်ဝှမ်းအောင်မြင်နေတဲ့ BLACKPINK ကတော့ ဆုတွေလည်း တစ်ဆုပြီးတစ်ဆုရရှိနေတာပါ။


အခုတစ်ခါမှာလည်း ပထမဆုံးအမျိုးသမီးကေပေါပ့်အဖွဲ့အနေနဲ့ (၂၀၂၂) ခုနှစ်ရဲ့ MTV European Music Awards မှာ ဆုနှစ်ဆုကို ရရှိခဲ့ပြန်ပါတယ်။ နိုဝင်ဘာလ(၁၃)ရက်နေ့က ဂျာမနီနိုင်ငံမှာကျင်းပခဲ့တဲ့ဒီပွဲမှာ BLACKPINK ကတော့ အဖွဲ့အလိုက်အနေနဲ့ Best Metaverse Performance Award ကိုရရှိခဲ့ပြီး Lisa ကတော့ Best K-Pop Award ကို သူ့ရဲ့တစ်ကိုယ်တော်အယ်လ်ဘမ် ‘LALISA’ နဲ့ရရှိခဲ့ပါတယ်။

 

BLACKPINK ကတော့ MTV EMA မှာဆုနှစ်ဆုရရှိတဲ့ပထမဆုံးအမျိုးသမီးအိုင်ဒေါအဖွဲ့ဖြစ်လာခဲ့ပြီး Lisa ကလည်းပဲ Best K-Pop Award ကိုရရှိတဲ့ ပထမဆုံးတစ်ကိုယ်တော်အနုပညာရှင်ဖြစ်လာခဲ့ပါတယ်။ အဖွဲ့ဝင်တွေကတော့ လက်ရှိမှာWorld Tour ရှိနေတဲ့အတွက် အွန်လိုင်းကဗီဒီယိုခေါ်ဆိုပြီး ဆုလက်ခံတဲ့အကြောင်း ပြောခဲ့ပါတယ်။
Congradulations ပါ BLACKPINK !!!
Zawgyi ဖြင့်ဖတ်ရန်

(၂၀၂၂) ခုႏွစ္ရဲ႕ MTV European Music Awards မွာ ဆုႏွစ္ဆုရယူႏိုင္ခဲ့တဲ့ BLACKPINK
BLACKPINK အဖြဲ႕ကေတာ့ သစ္လြင္ေျပာင္ေျမာက္တဲ့ဖန္တီးတင္ဆက္မႈေတြရဲ႕ပရိသတ္ေတြရဲ႕အခ်စ္ေတြကို သိမ္းယူထားႏိုင္ပါတယ္။ ကမာၻတစ္ဝွမ္းေအာင္ျမင္ေနတဲ့ BLACKPINK ကေတာ့ ဆုေတြလည္း တစ္ဆုၿပီးတစ္ဆုရရွိေနတာပါ။

အခုတစ္ခါမွာလည္း ပထမဆုံးအမ်ိဳးသမီးေကေပါပ့္အဖြဲ႕အေနနဲ႔ (၂၀၂၂) ခုႏွစ္ရဲ႕ MTV European Music Awards မွာ ဆုႏွစ္ဆုကို ရရွိခဲ့ျပန္ပါတယ္။ ႏိုဝင္ဘာလ(၁၃)ရက္ေန႔က ဂ်ာမနီႏိုင္ငံမွာက်င္းပခဲ့တဲ့ဒီပြဲမွာ BLACKPINK ကေတာ့ အဖြဲ႕အလိုက္အေနနဲ႔ Best Metaverse Performance Award ကိုရရွိခဲ့ၿပီး Lisa ကေတာ့ Best K-Pop Award ကို သူ႔ရဲ႕တစ္ကိုယ္ေတာ္အယ္လ္ဘမ္ ‘LALISA’ နဲ႔ရရွိခဲ့ပါတယ္။

BLACKPINK ကေတာ့ MTV EMA မွာဆုႏွစ္ဆုရရွိတဲ့ပထမဆုံးအမ်ိဳးသမီးအိုင္ေဒါအဖြဲ႕ျဖစ္လာခဲ့ၿပီး Lisa ကလည္းပဲ Best K-Pop Award ကိုရရွိတဲ့ ပထမဆုံးတစ္ကိုယ္ေတာ္အႏုပညာရွင္ျဖစ္လာခဲ့ပါတယ္။ အဖြဲ႕ဝင္ေတြကေတာ့ လက္ရွိမွာWorld Tour ရွိေနတဲ့အတြက္ အြန္လိုင္းကဗီဒီယိုေခၚဆိုၿပီး ဆုလက္ခံတဲ့အေၾကာင္း ေျပာခဲ့ပါတယ္။
Congradulations ပါ BLACKPINK !!!