Shin Hye Sun နဲ့ Ahn Bo Hyun တို့ကိုအဓိကဇာတ်ဆောင်အဖြစ်တွေ့ရမယ့် ဒရမ်မာသစ်

သရုပ်ဆောင်ရာမှာပီပြင်ကောင်းမွန်တယ်လို့နာမည်ကြီးတဲ့မင်းသမီးShin Hye Sun နဲ့ မင်းသား Ahn Bo Hyun တို့ကိုတော့ အဓိကဇာတ်ဆောင်တွေအဖြစ်နဲ့ ဒရမ်မာသစ်မှာ တွေ့ရဦးမှာပါ။ သူတို့နှစ်ဦးကတော့ tvN ရဲ့ဒရမ်မာသစ်ဖြစ်တဲ့ See You In My 19th Life မှာပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။


See You In My 19th Life ကတော့ Ban Ji Eun ဆိုတဲ့အမျိုးသမီးရဲ့ (၁၉) ခုမြောက် ဘဝအကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ Ban Ji Eun ဟာသူ့ရဲ့ အတိတ်ဘဝတွေကိုမှတ်မိနိုင်စွမ်းရှိသူဖြစ်ပြီးတော့ သူ့ရဲ့ကံကြမ္မာအရဆုံတွေ့ရမယ့်အမျိုးသား Moon Seo Haကို ရှာဖွေနေတာ ဖြစ်ပါတယ်။Moon Seo Ha အဖြစ်နဲ့မင်းသား Ahn Bo Hyun ကပါဝင်ထားပြီး မင်းသမီး Shin Hye Su ကတော့ Ban Ji Eun အဖြစ်ပါဝင်ထားပါတယ်။


ဒီဇာတ်လမ်းမှာတော့ Extraordinary Attorney Woo ဇာတ်လမ်းတွဲမှာရှေ့နေဇာတ်ရုပ်နဲ့ပါဝင်ထားတဲ့ မင်းသမီး Ha Yoon Kyung လည်းပါဝင်ထားတာကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို ရရှိနေပါတယ်။ See You In My 19th Life ဒရမ်မာကတော့ (၂၀၂၃) ခုနှစ် နှစ်လယ်လောက်မှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Shin Hye Sun နဲ႔ Ahn Bo Hyun တို႔ကိုအဓိကဇာတ္ေဆာင္အျဖစ္ေတြ႕ရမယ့္ ဒရမ္မာသစ္
သ႐ုပ္ေဆာင္ရာမွာပီျပင္ေကာင္းမြန္တယ္လို႔နာမည္ႀကီးတဲ့မင္းသမီးShin Hye Sun နဲ႔ မင္းသား Ahn Bo Hyun တို႔ကိုေတာ့ အဓိကဇာတ္ေဆာင္ေတြအျဖစ္နဲ႔ ဒရမ္မာသစ္မွာ ေတြ႕ရဦးမွာပါ။ သူတို႔ႏွစ္ဦးကေတာ့ tvN ရဲ႕ဒရမ္မာသစ္ျဖစ္တဲ့ See You In My 19th Life မွာပါဝင္သ႐ုပ္ေဆာင္သြားမွာျဖစ္ပါတယ္။


See You In My 19th Life ကေတာ့ Ban Ji Eun ဆိုတဲ့အမ်ိဳးသမီးရဲ႕ (၁၉) ခုေျမာက္ ဘဝအေၾကာင္း႐ိုက္ကူးထားတာျဖစ္ပါတယ္။ Ban Ji Eun ဟာသူ႔ရဲ႕ အတိတ္ဘဝေတြကိုမွတ္မိႏိုင္စြမ္းရွိသူျဖစ္ၿပီးေတာ့ သူ႔ရဲ႕ကံၾကမၼာအရဆုံေတြ႕ရမယ့္အမ်ိဳးသား Moon Seo Haကို ရွာေဖြေနတာ ျဖစ္ပါတယ္။Moon Seo Ha အျဖစ္နဲ႔မင္းသား Ahn Bo Hyun ကပါဝင္ထားၿပီး မင္းသမီး Shin Hye Su ကေတာ့ Ban Ji Eun အျဖစ္ပါဝင္ထားပါတယ္။


ဒီဇာတ္လမ္းမွာေတာ့ Extraordinary Attorney Woo ဇာတ္လမ္းတြဲမွာေရွ႕ေနဇာတ္႐ုပ္နဲ႔ပါဝင္ထားတဲ့ မင္းသမီး Ha Yoon Kyung လည္းပါဝင္ထားတာေၾကာင့္ ပရိသတ္ေတြရဲ႕စိတ္ဝင္စားမႈကို ရရွိေနပါတယ္။ See You In My 19th Life ဒရမ္မာကေတာ့ (၂၀၂၃) ခုႏွစ္ ႏွစ္လယ္ေလာက္မွာ ထုတ္လႊင့္ျပသသြားမွာျဖစ္ပါတယ္။

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x