မင်းသားချော Lee Min Ho နဲ့ဒိတ်နေတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး ကိုယ်တိုင်ထုတ်ဖော်ပြောဆိုခဲ့တဲ့ Yeon Woo

Posted on

တက်သစ်စမင်းသမီးချောလေး Yeon Woo ကတော့ မင်းသားချော Lee Min Ho နဲ့တွဲနေတယ်ဆိုတဲ့သတင်းတွေကထွက်ရှိတာကြာခဲ့ပါပြီ။ မကြာသေးခင်ကအင်တာဗျူးတစ်ခုမှာတော့ မင်းသမီးဟာဒီသတင်းနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။


မင်းသမီး Yeon Woo ကိုတော့ Golden Spoon ဒရမ်မာမှာ Oh Yeo Jin ဆိုတဲ့ဇာတ်ရုပ်နဲ့တွေ့ခဲ့ရမှာပါ။ သူကတော့ အပြင်လောကမှာဇာတ်ရုပ်ထက်တောင်မှပိုချစ်စရာကောင်းနေပြီး PUBG၊ League of Legends နဲ့ Overwatch လို ဂိမ်းတွေကိုဆော့ရတာကို ကြိုက်တာလည်း ဖြစ်ပါတယ်။ ဂိမ်းဆော့တာကြောင့်ပဲ မမျှော်လင့်ဘဲ နာမည်ကြီးမင်းသားချော Lee Min Ho နဲ့ တွဲနေတယ်ဆိုတဲ့ကောလာဟလတွေထွက်ရှိခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးကတော့ ဂိမ်းအတူဆော့ကြတာကြောင့်ရင်းနှီးတယ်လို့ ပြောခဲ့ပါတယ်။


(၂၀၂၁)ခုနှစ်သြဂုတ်လမှာတော့ Dispatch မီဒီယာကနေပြီး သူတို့နှစ်ဦးရဲ့ပုံတွေနဲ့အတူ ဒိတ်နေကြတယ်ဆိုတဲ့သတင်းထွက်ရှိလာခဲ့တာပါ။ နှစ်ဦးစလုံးရဲ့မီဒီယာတွေကတော့ အဲ့ဒီအချိန်မှာ ငြင်းဆိုခဲ့ကြတာဖြစ်ပြီး Yeon Woo ကတော့ အင်တာဗျူးနဲ့အတူတစ်ချိန်ကကောလာဟလရဲ့အမှန်တရားကို ပြန်လည်ထုတ်ဖော်ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

မင္းသားေခ်ာ Lee Min Ho နဲ႔ဒိတ္ေနတယ္ဆိုတဲ့သတင္းနဲ႔ပတ္သက္ၿပီး ကိုယ္တိုင္ထုတ္ေဖာ္ေျပာဆိုခဲ့တဲ့ Yeon Woo
တက္သစ္စမင္းသမီးေခ်ာေလး Yeon Woo ကေတာ့ မင္းသားေခ်ာ Lee Min Ho နဲ႔တြဲေနတယ္ဆိုတဲ့သတင္းေတြကထြက္ရွိတာၾကာခဲ့ပါၿပီ။ မၾကာေသးခင္ကအင္တာဗ်ဴးတစ္ခုမွာေတာ့ မင္းသမီးဟာဒီသတင္းနဲ႔ပတ္သက္ၿပီး ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။


မင္းသမီး Yeon Woo ကိုေတာ့ Golden Spoon ဒရမ္မာမွာ Oh Yeo Jin ဆိုတဲ့ဇာတ္႐ုပ္နဲ႔ေတြ႕ခဲ့ရမွာပါ။ သူကေတာ့ အျပင္ေလာကမွာဇာတ္႐ုပ္ထက္ေတာင္မွပိုခ်စ္စရာေကာင္းေနၿပီး PUBG၊ League of Legends နဲ႔ Overwatch လို ဂိမ္းေတြကိုေဆာ့ရတာကို ႀကိဳက္တာလည္း ျဖစ္ပါတယ္။ ဂိမ္းေဆာ့တာေၾကာင့္ပဲ မေမွ်ာ္လင့္ဘဲ နာမည္ႀကီးမင္းသားေခ်ာ Lee Min Ho နဲ႔ တြဲေနတယ္ဆိုတဲ့ေကာလာဟလေတြထြက္ရွိခဲ့တာျဖစ္ၿပီး သူတို႔ႏွစ္ဦးကေတာ့ ဂိမ္းအတူေဆာ့ၾကတာေၾကာင့္ရင္းႏွီးတယ္လို႔ ေျပာခဲ့ပါတယ္။


(၂၀၂၁)ခုႏွစ္ၾသဂုတ္လမွာေတာ့ Dispatch မီဒီယာကေနၿပီး သူတို႔ႏွစ္ဦးရဲ႕ပုံေတြနဲ႔အတူ ဒိတ္ေနၾကတယ္ဆိုတဲ့သတင္းထြက္ရွိလာခဲ့တာပါ။ ႏွစ္ဦးစလုံးရဲ႕မီဒီယာေတြကေတာ့ အဲ့ဒီအခ်ိန္မွာ ျငင္းဆိုခဲ့ၾကတာျဖစ္ၿပီး Yeon Woo ကေတာ့ အင္တာဗ်ဴးနဲ႔အတူတစ္ခ်ိန္ကေကာလာဟလရဲ႕အမွန္တရားကို ျပန္လည္ထုတ္ေဖာ္ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။