Jeong Nyeon ဆိုတဲ့ webtoon ကိုပြန်လည်ရိုက်ကူးမယ့်ဒရမ်မာသစ်မှာပါဝင်လာမယ့် Kim Tae Ri

Posted on

သရုပ်ဆောင်ကောင်းပြီး ဟိတ်ဟန်မရှိပေါ့ပေါ့ပါးပါးနေတတ်တဲ့စရိုက်လေးကြောင့် ပရိသတ်တွေချစ်ခင်ရတဲ့မင်းသမီးချောလေးကတော့ Kim Tae Ri ပါ။ သူကတော့ ဇာတ်ကားတွေဆက်တိုက်ဆိုသလို ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ အခုလည်း Jeong Nyeon ဆိုတဲ့ နာမည်ကျော် Webtoon ကိုပြန်လည်ရိုက်ကူးမယ့်ဒရမ်မာဇာတ်လမ်းမှာ ပါဝင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဇာတ်ညွှန်းရေးဆရာမ Kim Eun Hee ရဲ့ ဒရမ်မာဖြစ်တဲ့ SBS ဒရမ်မာ Devil မှာပါဝင်ပြီးတဲ့နောက် (၂၀၂၃)ခုနှစ်မှာထွက်ရှိလာမယ့် Jeong Nyeon ဆိုတဲ့ဒရမ်မာမှာပါဝင်မယ်လို့ သတင်းတွေထွက်ရှိလာတာပါ။ ဒီဇာတ်လမ်းကတော့ (၁၉၅၀) ခုနှစ်ကိုအခြေခံထားပြီး ပညာရေးကိုမသင်ယူခဲ့ရဘဲကြီးပြင်းလာပေမဲ့ အောင်မြင်ကျော်ပြားပြီး ချမ်းသာချင်တဲ့စိတ်ထက်သန်နေတဲ့ Yoon Jeong Nyeon ဆိုတဲ့အမျိုးသမီးလေး အကြောင်းကို ရိုက်ကူးထားတာပါ။


ဒီဇာတ်ကားမှာပါဝင်လာမယ့် အခြားသောသရုပ်ဆောင်တွေကိုရွေးချယ်ပြီး နောက်နှစ်ထဲမှာပြသသွားဖို့ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ မင်းသမီး Kim Tae Ri ကတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ဒီဇာတ်ရုပ်နဲ့လည်း လိုက်ဖက်နေမှာအသေအချာပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်

Jeong Nyeon ဆိုတဲ့ webtoon ကိုျပန္လည္႐ိုက္ကူးမယ့္ဒရမ္မာသစ္မွာပါဝင္လာမယ့္ Kim Tae Ri
သ႐ုပ္ေဆာင္ေကာင္းၿပီး ဟိတ္ဟန္မရွိေပါ့ေပါ့ပါးပါးေနတတ္တဲ့စ႐ိုက္ေလးေၾကာင့္ ပရိသတ္ေတြခ်စ္ခင္ရတဲ့မင္းသမီးေခ်ာေလးကေတာ့ Kim Tae Ri ပါ။ သူကေတာ့ ဇာတ္ကားေတြဆက္တိုက္ဆိုသလို ႐ိုက္ကူးေနတာလည္း ျဖစ္ပါတယ္။ အခုလည္း Jeong Nyeon ဆိုတဲ့ နာမည္ေက်ာ္ Webtoon ကိုျပန္လည္႐ိုက္ကူးမယ့္ဒရမ္မာဇာတ္လမ္းမွာ ပါဝင္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။


ဇာတ္ၫႊန္းေရးဆရာမ Kim Eun Hee ရဲ႕ ဒရမ္မာျဖစ္တဲ့ SBS ဒရမ္မာ Devil မွာပါဝင္ၿပီးတဲ့ေနာက္ (၂၀၂၃)ခုႏွစ္မွာထြက္ရွိလာမယ့္ Jeong Nyeon ဆိုတဲ့ဒရမ္မာမွာပါဝင္မယ္လို႔ သတင္းေတြထြက္ရွိလာတာပါ။ ဒီဇာတ္လမ္းကေတာ့ (၁၉၅၀) ခုႏွစ္ကိုအေျခခံထားၿပီး ပညာေရးကိုမသင္ယူခဲ့ရဘဲႀကီးျပင္းလာေပမဲ့ ေအာင္ျမင္ေက်ာ္ျပားျပီး ခ်မ္းသာခ်င္တဲ့စိတ္ထက္သန္ေနတဲ့ Yoon Jeong Nyeon ဆိုတဲ့အမ်ိဳးသမီးေလး အေၾကာင္းကို ႐ိုက္ကူးထားတာပါ။


ဒီဇာတ္ကားမွာပါဝင္လာမယ့္ အျခားေသာသ႐ုပ္ေဆာင္ေတြကိုေ႐ြးခ်ယ္ၿပီး ေနာက္ႏွစ္ထဲမွာျပသသြားဖို႔ရည္႐ြယ္ထားတာ ျဖစ္ပါတယ္။ မင္းသမီး Kim Tae Ri ကေတာ့ စိတ္လႈပ္ရွားစရာေကာင္းတဲ့ဒီဇာတ္႐ုပ္နဲ႔လည္း လိုက္ဖက္ေနမွာအေသအခ်ာပါပဲေနာ္။