Alchemy Of Souls 2 မှာ လျို့ဝှက်ဆန်းကြယ်တဲ့အမျိုးသမီးတစ်ဦးအဖြစ်နဲ့တွေ့ရတဲ့ Go Yoon Jung

Posted on

tvN ကထုတ်လွှင့်ပြသတော့မယ့် Alchemy Of Souls 2 ရဲ့ပုံရိပ်တွေကတော့ ထွက်ရှိလာပြီပဲဖြစ်ပါတယ်။ Season 1 ကိုပြသချိန်တုန်းကတော့ မင်းသမီး Jeon So Minက အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့တာဖြစ်ပြီး Season 2 မှာတော့ နာ့ဆူအဖြစ်ပါဝင်ထားတဲ့မင်းသမီး Go Yoon Jung ကို အဓိကဇာတ်ဆောင်အဖြစ်နဲ့မြင်ရမှာပါ။


Alchemy of Souls ကတော့ စိတ်ကူးယဉ်အချစ်ဒရမ်မာဇာတ်လမ်းတွဲလေးဖြစ်ပြီးတော့ အမှန်တကယ်မရှိတဲ့ Daeho ဆိုတဲ့နိုင်ငံကို အခြေခံပြီးရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဒီဒရမ်မာမှာတော့ လူတွေရဲ့စိတ်ဝိညာဉ်ကိုအကူးအပြောင်းဖြစ်စေတဲ့မှော်ပညာကြောင့် ကံတရားတွေအပြောင်းအလဲဖြစ်လာတဲ့အကြောင်းကိုရိုက်ကူးထားတဲ့ ဒရမ်မာဖြစ်ပါတယ်။


Alchemy Of Souls ရဲ့ Season 1 ကိုပရိသတ်တွေကြိုက်နှစ်သက်ခဲ့တာဖြစ်ပြီး Season 2 ကိုလည်း မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ Season 2 မှာတော့ မင်းသမီး Go Yoon Jung ရဲ့ ပုံရိပ်တွေကတဆင့် ရင်သပ်ရှုမောလောက်စရာလှပနေတာကိုချီးမွမ်းနေကြပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ဇာတ်ကောင်နဲ့အတူ ပရိသတ်တွေဆီပြန်လာမှာကြောင့် မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Alchemy Of Souls 2 မွာ လ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့အမ်ိဳသမီးတစ္ဦးအျဖစ္နဲ႔ေတြ႕ရတဲ့ Go Yoon Jung
tvN ကထုတ္လႊင့္ျပသေတာ့မယ့္ Alchemy Of Souls 2 ရဲ႕ပုံရိပ္ေတြကေတာ့ ထြက္ရွိလာၿပီပဲျဖစ္ပါတယ္။ Season 1 ကိုျပသခ်ိန္တုန္းကေတာ့ မင္းသမီး Jeon So Minက အဓိကဇာတ္ေဆာင္အျဖစ္ပါဝင္ခဲ့တာျဖစ္ၿပီး Season 2 မွာေတာ့ နာ့ဆူအျဖစ္ပါဝင္ထားတဲ့မင္းသမီး Go Yoon Jung ကို အဓိကဇာတ္ေဆာင္အျဖစ္နဲ႔ျမင္ရမွာပါ။


Alchemy of Souls ကေတာ့ စိတ္ကူးယဥ္အခ်စ္ဒရမ္မာဇာတ္လမ္းတြဲေလးျဖစ္ၿပီးေတာ့ အမွန္တကယ္မရွိတဲ့ Daeho ဆိုတဲ့ႏိုင္ငံကို အေျခခံၿပီး႐ိုက္ကူးထားတာလည္း ျဖစ္ပါတယ္။ ဒီဒရမ္မာမွာေတာ့ လူေတြရဲ႕စိတ္ဝိညာဥ္ကိုအကူးအေျပာင္းဖျစ္ေစတဲ့ေမွာ္ပညာေၾကာင့္ ကံတရားေတြအေျပာင္းအလဲျဖစ္လာတဲ့အေၾကာင္းကို႐ိုက္ကူးထားတဲ့ ဒရမ္မာျဖစ္ပါတယ္။


Alchemy Of Souls ရဲ႕ Season 1 ကိုပရိသတ္ေတြႀကိဳက္ႏွစ္သက္ခဲ့တာျဖစ္ၿပီး Season 2 ကိုလည္း ေမွ်ာ္လင့္ေနၾကတာ ျဖစ္ပါတယ္။ Season 2 မွာေတာ့ မင္းသမီး Go Yoon Jung ရဲ႕ ပုံရိပ္ေတြကတဆင့္ ရင္သပ္ရႈေမာေလာက္စရာလွပေနတာကိုခ်ီးမြမ္းေနၾကၿပီး လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ဇာတ္ေကာင္နဲ႔အတူ ပရိသတ္ေတြဆီျပန္လာမွာေၾကာင့္ ေမွ်ာ္လင့္ေနၾကတာလည္း ျဖစ္ပါတယ္။