ကြည်နူးစရာမင်္ဂလာပွဲပုံရိပ်တွေကိုမျှဝေခဲ့တဲ့ မင်းသမီး Hwang Bo Ra

Posted on

ဒရမ်မာဇာတ်လမ်းတွဲတွေနဲ့အတူ ပရိသတ်တွေချစ်ကြတဲ့မင်းသမီးတွေထဲမှာတော့ Hwang Bo Ra လည်း ပါဝင်ပါတယ်။ သူကတော့ ကာလကြည်ရှည်တွဲခဲ့တဲ့ချစ်သူ Kim Young Hoonနဲ့ နိုဝင်ဘာလ (၆) ရက်နေ့မှာလက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ခင်ပွန်းဖြစ်တဲ့ Kim Young Hoon ကတော့ မင်းသား Ha Jung Woo ရဲ့ညီဖြစ်ပြီး Walkhouse Company ရဲ့စီအီးအိုအဖြစ်နဲ့သိကြပါတယ်။


မင်းသမီးကတော့ သူ့ရဲ့မင်္ဂလာပွဲပုံရိပ်တွေကို ဒီနေ့မှာတော့အင်စတာဂရမ်ကနေဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ မင်္ဂလာဝတ်စုံလေးကိုဝတ်ဆင်ထားကာ ပန်းစည်းလေးကိုကိုင်ပြီးပြုံးရွှင်ရယ်မောနေတဲ့ Hwang Bo Ra ရဲ့ပုံရိပ်နဲ့ နှစ်ဦးသားကြည်နူးစွာကြည့်နေကြတဲ့မင်္ဂလာပွဲပုံရိပ်လေးတွေကတော့ ပရိသတ်တွေကိုလည်း ကြည်နူးမှုတွေ ကူးစက်စေပါတယ်။


Hwang Bo Ra နဲ့ Kim Young Hoon တို့ချစ်သူနှစ်ဦးကတော့ (၂၀၁၃) ခုနှစ်ကတွဲခဲ့ကြတာ ဖြစ်ပြီး (၂၀၁၄) ခုနှစ်မှာတရားဝင်တွဲခဲ့ကြတာဖြစ်ပါတယ်။ အခုတော့ချစ်ရသူနဲ့အတူရွှေလက်တွဲသွားတာဖြစ်တဲ့အတွက် Congradulations ပါ Hwang Bo Ra ရေ။
Zawgyi ဖြင့်ဖတ်ရန်

ၾကည္ႏူးစရာမဂၤလာပြဲပုံရိပ္ေတြကိုမွ်ေဝခဲ့တဲ့ မင္းသမီး Hwang Bo Ra
ဒရမ္မာဇာတ္လမ္းတြဲေတြနဲ႔အတူ ပရိသတ္ေတြခ်စ္ၾကတဲ့မင္းသမီးေတြထဲမွာေတာ့ Hwang Bo Ra လည္း ပါဝင္ပါတယ္။ သူကေတာ့ ကာလၾကည္ရွည္တြဲခဲ့တဲ့ခ်စ္သူ Kim Young Hoonနဲ႔ ႏိုဝင္ဘာလ (၆) ရက္ေန႔မွာလက္ထပ္ခဲ့တာ ျဖစ္ပါတယ္။ သူ႔ရဲ႕ခင္ပြန္းျဖစ္တဲ့ Kim Young Hoon ကေတာ့ မင္းသား Ha Jung Woo ရဲ႕ညီျဖစ္ၿပီး Walkhouse Company ရဲ႕စီအီးအိုအျဖစ္နဲ႔သိၾကပါတယ္။


မင္းသမီးကေတာ့ သူ႔ရဲ႕မဂၤလာပြဲပုံရိပ္ေတြကို ဒီေန႔မွာေတာ့အင္စတာဂရမ္ကေနေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္။ မဂၤလာဝတ္စုံေလးကိုဝတ္ဆင္ထားကာ ပန္းစည္းေလးကိုကိုင္ၿပီးၿပဳံး႐ႊင္ရယ္ေမာေနတဲ့ Hwang Bo Ra ရဲ႕ပုံရိပ္နဲ႔ ႏွစ္ဦးသားၾကည္ႏူးစြာၾကည့္ေနၾကတဲ့မဂၤလာပြဲပုံရိပ္ေလးေတြကေတာ့ ပရိသတ္ေတြကိုလည္း ၾကည္ႏူးမႈေတြ ကူးစက္ေစပါတယ္။


Hwang Bo Ra နဲ႔ Kim Young Hoon တို႔ခ်စ္သူႏွစ္ဦးကေတာ့ (၂၀၁၃) ခုႏွစ္ကတြဲခဲ့ၾကတာ ျဖစ္ၿပီး (၂၀၁၄) ခုႏွစ္မွာတရားဝင္တြဲခဲ့ၾကတာျဖစ္ပါတယ္။ အခုေတာ့ခ်စ္ရသူနဲ႔အတူေ႐ႊလက္တြဲသြားတာျဖစ္တဲ့အတြက္ Congradulations ပါ Hwang Bo Ra ေရ။