ရုပ်ရှင်ဇာတ်ကားသစ် Harbin မှာ Hyun Bin ၊ Jeon Yeo Bin တို့နဲ့အတူပါဝင်လာမယ့် Lee Dong Wook

Posted on

ရုပ်ရှင်ဇာတ်ကားသစ်ဖြစ်တဲ့ Harbin မှာ Hyun Bin နဲ့ Jeon Yeo Bin တို့အပြင် Lee Dong Wook လည်း ပါဝင်လာမှာဖြစ်ပါတယ်။ သူ့ရဲ့အေဂျင်စီကနေပြီးတော့ သီးသန့်မီဒီယာတစ်ခုကို Lee Dong Wook ဟာ Harbin ဆိုတဲ့ရုပ်ရှင်မှာပါဝင်လာမှာဖြစ်ပြီး ဇာတ်ကောင်နဲ့ပတ်သက်ပြီးအသေးစိတ်ကိုတော့လက်ရှိမှာပြောပြဖို့ခက်နေသေးတယ် လို့ ဆိုပါတယ်။


ဒီဇာတ်ကားမှာတော့ Lee Dong Wook အပြင် Hyun Bin ၊ Jeon Yeo Bin ၊ Park Jung Min ၊ Cho Woo Jin ၊ Park Hoon နဲ့ Yoo Jae Myung တို့လည်း ပါဝင်ထားပါတယ်။ Harbin ကတော့ (၁၉၀၉) ခုနှစ်မှာအမိနိုင်ငံကိုပြန်လည်ရရှိဖို့အတွက် ဂျပန်ကိုပြန်လည်တိုက်ခိုက်ပြီးသူတို့ရဲ့အသက်ကိုစွန့်ခဲ့ကြတဲ့ ကိုရီးယားလွတ်လပ်ရေးမှာတိုက်ပွဲဝင်ခဲ့သူတွေအကြောင်းကို ဖော်ပြထားတာပါ။ ဒီဇာတ်လမ်းမှာတော့ နာမည်ကျော်သရုပ်ဆောင်အမြောက်အများအပြင်မင်းသား Jung Woo Sung ကလည်း အထူးသရုပ်ဆောင်အနေနဲ့ပါဝင်သွားမှာကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားမှုများစွာရရှိခဲ့တာပဲဖြစ်ပါတယ်။


Lee Dong Wook ကတော့ လက်ရှိမှာ Tale of the Nine Tailed 1938 ဆိုတဲ့ဒရမ်မာကိုရိုက်ကူးနေတာဖြစ်ပြီး ဒီဒရမ်မာပြီးဆုံးသွားရင်တော့ Harbin ရုပ်ရှင်ရဲ့ရိုက်ကူးရေးကိုစတင်မှာလည်း ဖြစ်ပါတယ်။ မနားမနေရိုက်ကူးရေးတွေလုပ်နေတဲ့မင်းသားရဲ့ ဇာတ်ကားတွေကိုတော့ ပရိသတ်တွေကတဝကြီးကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

႐ုပ္ရွင္ဇာတ္ကားသစ္ Harbin မွာ Hyun Bin ၊ Jeon Yeo Bin တို႔နဲ႔အတူပါဝင္လာမယ့္ Lee Dong Wook
႐ုပ္ရွင္ဇာတ္ကားသစ္ျဖစ္တဲ့ Harbin မွာ Hyun Bin နဲ႔ Jeon Yeo Bin တို႔အျပင္ Lee Dong Wook လည္း ပါဝင္လာမွာျဖစ္ပါတယ္။ သူ႔ရဲ႕ေအဂ်င္စီကေနၿပီးေတာ့ သီးသန႔္မီဒီယာတစ္ခုကို Lee Dong Wook ဟာ Harbin ဆိုတဲ့႐ုပ္ရွင္မွာပါဝင္လာမွာျဖစ္ၿပီး ဇာတ္ေကာင္နဲ့ပတ္သက္ျပီးအေသးစိတ္ကိုေတာ့လက္ရွိမွာေျပာျပဖို႔ခက္ေနေသးတယ္ လို႔ ဆိုပါတယ္။


ဒီဇာတ္ကားမွာေတာ့ Lee Dong Wook အျပင္ Hyun Bin ၊ Jeon Yeo Bin ၊ Park Jung Min ၊ Cho Woo Jin ၊ Park Hoon နဲ႔ Yoo Jae Myung တို႔လည္း ပါဝင္ထားပါတယ္။ Harbin ကေတာ့ (၁၉၀၉) ခုႏွစ္မွာအမိႏိုင္ငံကိုျပန္လည္ရရွိဖို႔အတြက္ ဂ်ပန္ကိုျပန္လည္တိုက္ခိုက္ၿပီးသူတို႔ရဲ႕အသက္ကိုစြန႔္ခဲ့ၾကတဲ့ ကိုရီးယားလြတ္လပ္ေရးမွာတိုက္ပြဲဝင္ခဲ့သူေတြအေၾကာင္းကို ေဖာ္ျပထားတာပါ။ ဒီဇာတ္လမ္းမွာေတာ့ နာမည္ေက်ာ္သ႐ုပ္ေဆာင္အေျမာက္အမ်ားအျပင္မင္းသား Jung Woo Sung ကလည္း အထူးသ႐ုပ္ေဆာင္အေနနဲ႔ပါဝင္သြားမွာေၾကာင့္ ပရိသတ္ေတြရဲ႕စိတ္ဝင္စားမႈမ်ားစြာရရွိခဲ့တာပဲျဖစ္ပါတယ္။


Lee Dong Wook ကေတာ့ လက္ရွိမွာ Tale of the Nine Tailed 1938 ဆိုတဲ့ဒရမ္မာကို႐ိုက္ကူးေနတာျဖစ္ၿပီး ဒီဒရမ္မာၿပီးဆုံးသြားရင္ေတာ့ Harbin ႐ုပ္ရွင္ရဲ႕႐ိုက္ကူးေရးကိုစတင္မွာလည္း ျဖစ္ပါတယ္။ မနားမေန႐ိုက္ကူးေရးေတြလုပ္ေနတဲ့မင္းသားရဲ႕ ဇာတ္ကားေတြကိုေတာ့ ပရိသတ္ေတြကတဝႀကီးၾကည့္ရႈရေတာ့မွာ ျဖစ္ပါတယ္။