ကလေးမွေးဖွားပြီးနောက်ဒရမ်မာသစ်နဲ့ပရိသတ်ဆီပြန်လာတော့မယ့် မင်းသမီး Honey Lee

Posted on

ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ရုပ်ရှင်ဇာတ်ကားတွေမှာပါဝင်ထားတဲ့မင်းသမီး Honey Lee ကိုတော့ ပရိသတ်တွေရင်းနှီးကြမှာပါ။ သူကတော့ ဇွန်လမှာသမီးလေးမွေးဖွားခဲ့တာဖြစ်ပြီး သမီးလေးမွေးပြီးနောက် အနုပညာအလုပ်တွေပြန်စတင်တော့မှာပဲ ဖြစ်ပါတယ်။


နိုဝင်လာလ(၁၆)ရက်နေ့မှာတော့ မင်းသမီးရဲ့အေဂျင်စီဖြစ်တဲ့ label Saram Entertainment ကနေပြီးတော့ Flower That Blooms at Night ဆိုတဲ့ဒရမ်မာမှာပါဝင်သရုပ်ဆောင်ဖို့ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။ သမိုင်းကြောင်းနောက်ခံဟာသဒရမ်မာဇာတ်လမ်းဖြစ်ပြီး မုဆိုးမတစ်ယောက်ရဲ့ဘဝနှစ်ခုကို ရိုက်ကူးပုံဖော်ထားတာလည်း ဖြစ်ပါတယ်။


ဒီဇာတ်လမ်းတွဲကတော့ My Love from the Star ၊ Tree with Deep Roots နဲ့ Lovers of the Red Sky စတဲ့ဒရမ်မာတွေကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Jang Tae Yoo ရိုက်ကူးမှာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေချစ်တဲ့မင်းသမီးကတော့ ဘေဘီလေးမွေးဖွားပြီးနောက်မှာ ပရိသတ်တွေဆီပြန်လာတော့မှာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ကေလးေမြးဖြားၿပီးေနာက္ဒရမ္မာသစ္နဲ႔ပရိသတ္ဆီျပန္လာေတာ့မယ့္ မင္းသမီး Honey Lee
႐ုပ္သံဇာတ္လမ္းတြဲေတြနဲ႔႐ုပ္ရွင္ဇာတ္ကားေတြမွာပါဝင္ထားတဲ့မင္းသမီး Honey Lee ကိုေတာ့ ပရိသတ္ေတြရင္းႏွီးၾကမွာပါ။ သူကေတာ့ ဇြန္လမွာသမီးေလးေမြးဖြားခဲ့တာျဖစ္ၿပီး သမီးေလးေမြးၿပီးေနာက္ အႏုပညာအလုပ္ေတြျပန္စတင္ေတာ့မွာပဲ ျဖစ္ပါတယ္။


ႏိုဝင္လာလ(၁၆)ရက္ေန႔မွာေတာ့ မင္းသမီးရဲ႕ေအဂ်င္စီျဖစ္တဲ့ label Saram Entertainment ကေနၿပီးေတာ့ Flower That Blooms at Night ဆိုတဲ့ဒရမ္မာမွာပါဝင္သ႐ုပ္ေဆာင္ဖို႔ေဆြးေႏြးေနတယ္လို႔ ဆိုပါတယ္။ သမိုင္းေၾကာင္းေနာက္ခံဟာသဒရမ္မာဇာတ္လမ္းျဖစ္ၿပီး မုဆိုးမတစ္ေယာက္ရဲ႕ဘဝႏွစ္ခုကို ႐ိုက္ကူးပုံေဖာ္ထားတာလည္း ျဖစ္ပါတယ္။

ဒီဇာတ္လမ္းတြဲကေတာ့ My Love from the Star ၊ Tree with Deep Roots နဲ႔ Lovers of the Red Sky စတဲ့ဒရမ္မာေတြကို႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာ Jang Tae Yoo ႐ိုက္ကူးမွာလည္း ျဖစ္ပါတယ္။ ပရိသတ္ေတြခ်စ္တဲ့မင္းသမီးကေတာ့ ေဘဘီေလးေမြးဖြားၿပီးေနာက္မွာ ပရိသတ္ေတြဆီျပန္လာေတာ့မွာပဲ ျဖစ္ပါတယ္။