သူတို့နှစ်ဦးရဲ့ချစ်ခင်ရင်းနှီးမှုကိုပြသခဲ့တဲ့ Lee Jong Suk နဲ့ Kim Woo Bin

Posted on

နာမည်ကျော်မင်းသားတွေဖြစ်တဲ့ မင်းသားချော Lee Jong Suk နဲ့ Kim Woo Bin တို့ကိုတော့ ဒရမ်မာဇာတ်လမ်းတွဲတွေနဲ့အတူ ပရိသတ်တွေရင်းနှီးကြမှာပါ။ သူတို့နှစ်ဦးကတော့ တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးတဲ့ဆက်ဆံရေးရှိတာကို ပရိသတ်တွေကိုပြသခဲ့တာပဲ ဖြစ်ပါတယ်။


နိုင်ဝင်ဘာလ(၁၆)ရက်နေ့မှာတော့ Lee Jong Suk ဟာ သူ့ရဲ့အင်စတာဂရမ်မှာ အသဲပုံလေးနဲ့အတူ မင်းသား Kim Woo Bin နဲ့ ညစာစားနေတဲ့ပုံကိုတင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဒီပုံကိုသဘောကျနေကြတာဖြစ်ပြီး ဇာတ်ကားတစ်ခုမှာအတူပြန်လည်ပါဝင်စေလိုတာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ KBS2 ရဲ့ဒရမ်မာဖြစ်တဲ့ School 2013 မှာအတူပါဝင်ခဲ့ကြပြီး အခုအချိန်ထိခင်မင်မှုကိုထိန်းသိမ်းထားတာပဲ ဖြစ်ပါတယ်။


တစ်ယောက်နဲ့တစ်ယောက်ကတော့ သက်တူရွယ်တူတွေဖြစ်ပြီး တစ်ယောက်ရဲ့အလုပ်ကိုတစ်ယောက်ကအားပေးကြတာလည်း ဖြစ်ပါတယ်။ မကြာသေးခင်ကတော့ မင်းသား Kim Woo Bin ဟာ Lee Jong Suk ရဲ့ရုပ်ရှင်အသစ်Decibel ရဲ့ ရုံတင်ပွဲကိုတက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

သူတို႔ႏွစ္ဦးရဲ႕ခ်စ္ခင္ရင္းႏွီးမႈကိုျပသခဲ့တဲ့ Lee Jong Suk နဲ႔ Kim Woo Bin
နာမည္ေက်ာ္မင္းသားေတြျဖစ္တဲ့ မင္းသားေခ်ာ Lee Jong Suk နဲ႔ Kim Woo Bin တို႔ကိုေတာ့ ဒရမ္မာဇာတ္လမ္းတြဲေတြနဲ႔အတူ ပရိသတ္ေတြရင္းႏွီးၾကမွာပါ။ သူတို႔ႏွစ္ဦးကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ရင္းႏွီးတဲ့ဆက္ဆံေရးရွိတာကို ပရိသတ္ေတြကိုျပသခဲ့တာပဲ ျဖစ္ပါတယ္။


ႏိုင္ဝင္ဘာလ(၁၆)ရက္ေန႔မွာေတာ့ Lee Jong Suk ဟာ သူ႔ရဲ႕အင္စတာဂရမ္မွာ အသဲပုံေလးနဲ႔အတူ မင္းသား Kim Woo Bin နဲ႔ ညစာစားေနတဲ့ပုံကိုတင္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ ဒီပုံကိုသေဘာက်ေနၾကတာျဖစ္ၿပီး ဇာတ္ကားတစ္ခုမွာအတူျပန္လည္ပါဝင္ေစလိုတာပဲ ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးကေတာ့ KBS2 ရဲ႕ဒရမ္မာျဖစ္တဲ့ School 2013 မွာအတူပါဝင္ခဲ့ၾကၿပီး အခုအခ်ိန္ထိခင္မင္မႈကိုထိန္းသိမ္းထားတာပဲ ျဖစ္ပါတယ္။


တစ္ေယာက္နဲ႔တစ္ေယာက္ကေတာ့ သက္တူ႐ြယ္တူေတြျဖစ္ၿပီး တစ္ေယာက္ရဲ႕အလုပ္ကိုတစ္ေယာက္ကအားေပးၾကတာလည္း ျဖစ္ပါတယ္။ မၾကာေသးခင္ကေတာ့ မင္းသား Kim Woo Bin ဟာ Lee Jong Suk ရဲ႕႐ုပ္ရွင္အသစ္Decibel ရဲ႕ ႐ုံတင္ပြဲကိုတက္ေရာက္ခဲ့တာလည္း ျဖစ္ပါတယ္။