Can We Be Strangers ဆိုတဲ့ဒရမ်မာသစ်မှာမြင်တွေ့ရမယ့် Kang So Ra နဲ့ Jang Seung Jo

Posted on

မင်းသမီး Kang So Ra နဲ့ မင်းသား Jang Seung Jo တို့ကတော့ Can We Be Strangers ဆိုတဲ့စီးရီးမှာ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ Can We Be Strangers ဇာတ်လမ်းတွဲကတော့ ကွာရှင်းပြတ်စဲမှုကိုကိုင်တွယ်တဲ့ရှေ့နေတွေအကြောင်းကို အဓိကထားရိုက်ကူးထားတာပါ။


Kang So Ra ကတော့ ကွာရှင်းပြတ်စဲမှုကိုလိုက်ရာမှာနာမည်ကြီးတဲ့ရှေ့နေ Oh Ha Raအဖြစ်နဲ့ပါဝင်ထားတာဖြစ်ပြီး မင်းသား Jang Seung Jo ကတော့ Oh Ha Ra ရဲ့ခင်ပွန်းဟောင်းဖြစ်သလိုလုပ်ဖော်ကိုင်ဖက်ရှေ့နေတစ်ယောက်လည်းဖြစ်တဲ့ Goo Eun Beomနေရာကနေပါဝင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ မင်းသမီး Kang So Ra အနေနဲ့(၂၀၂၁)ခုနှစ်မှာကလေးမွေးဖွားပြီးနောက် ဖန်သားပြင်မှာ ပထမဆုံးပေါ်လာမယ့်ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။


မင်းသား Jang Seung Jo ဟာလည်းပဲ CSJH The Grace အဖွဲ့ဝင်လည်းဖြစ်ခဲ့ဖူးတဲ့မင်းသမီး Linah နဲ့လက်ထပ်ထားတာပါ။ မင်းသား Jang Seung Jo နဲ့မင်းသမီး Kang So Ra တို့နှစ်ဦးကိုတော့ ဒရမ်မာဇာတ်လမ်းတွဲ Can We Be Strangers မှာတော့ အားပြိုင်မှုတွေနဲ့အတူစိတ်ဝင်စားဖွယ်ရာမြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Can We Be Strangers ဆိုတဲ့ဒရမ္မာသစ္မွာျမင္ေတြ႕ရမယ့္ Kang So Ra နဲ႔ Jang Seung Jo
မင္းသမီး Kang So Ra နဲ႔ မင္းသား Jang Seung Jo တို႔ကေတာ့ Can We Be Strangers ဆိုတဲ့စီးရီးမွာ ပါဝင္သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ Can We Be Strangers ဇာတ္လမ္းတြဲကေတာ့ ကြာရွင္းျပတ္စဲမႈကိုကိုင္တြယ္တဲ့ေရွ႕ေနေတြအေၾကာင္းကို အဓိကထား႐ိုက္ကူးထားတာပါ။


Kang So Ra ကေတာ့ ကြာရွင္းျပတ္စဲမႈကိုလိုက္ရာမွာနာမည္ႀကီးတဲ့ေရွ႕ေန Oh Ha Raအျဖစ္နဲ႔ပါဝင္ထားတာျဖစ္ၿပီး မင္းသား Jang Seung Jo ကေတာ့ Oh Ha Ra ရဲ႕ခင္ပြန္းေဟာင္းျဖစ္သလိုလုပ္ေဖာ္ကိုင္ဖက္ေရွ႕ေနတစ္ေယာက္လည္းျဖစ္တဲ့ Goo Eun Beomေနရာကေနပါဝင္ထားပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ မင္းသမီး Kang So Ra အေနနဲ႔(၂၀၂၁)ခုႏွစ္မွာကေလးေမြးဖြားၿပီးေနာက္ ဖန္သားျပင္မွာ ပထမဆုံးေပၚလာမယ့္ဇာတ္လမ္းတြဲလည္း ျဖစ္ပါတယ္။


မင္းသား Jang Seung Jo ဟာလည္းပဲ CSJH The Grace အဖြဲ႕ဝင္လည္းျဖစ္ခဲ့ဖူးတဲ့မင္းသမီး Linah နဲ႔လက္ထပ္ထားတာပါ။ မင္းသား Jang Seung Jo နဲ႔မင္းသမီး Kang So Ra တို႔ႏွစ္ဦးကိုေတာ့ ဒရမ္မာဇာတ္လမ္းတြဲ Can We Be Strangers မွာေတာ့ အားၿပိဳင္မႈေတြနဲ႔အတူစိတ္ဝင္စားဖြယ္ရာျမင္ေတြ႕ရေတာ့မွာပဲ ျဖစ္ပါတယ္။