ဖျော်ဖြေပွဲတစ်ခုအတွက်တစ်ညကို အမေရိကန်ဒေါ်လာ (၃)သန်းရရှိတဲ့ပထမဆုံးအမျိုးသမီးအိုင်ဒေါအဖွဲ့ဖြစ်လာတဲ့ BLACKPINK

Posted on

BLACKPINK ကတော့ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားတဲ့အဖွဲ့ဖြစ်သလို အောင်မြင်မှုတွေတစ်ခုပြီးတစ်ခုရယူကာ ကျော်ကြားမှုနာမည်တစ်ခုကိုထိန်းသိမ်းထားတာလည်း ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ပရိသတ်တွေအချိန်ကြာမြင်စွာစောင့်ဆိုင်းခဲ့ရတဲ့ အယ်လ်ဘမ်ဖြစ်တဲ့ BORN PINK ထွက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။


BLACKPINK ကတော့ အောက်တိုဘာလ(၁၅)ရက်နေ့ကစပြီး World Tour စတင်ခဲ့တာဖြစ်ပြီးနောက်နှစ်ထိအောင်ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒီ Tour ကတော့ မြောက်အမေရိက၊ ဥရောပ၊ အာရှနဲ့ သြစတေးလျတို့မှာ ပြုလုပ်မှာဖြစ်ပါတယ်။အမေရိကမှာဖျော်ဖြေမှုကတော့ ပြီးဆုံးကာနီးပြီဖြစ်ကာ လော့စ်အိန်ဂျလိစ့်မှာ နှစ်ရက်သာကျန်ရှိတော့တာပါ။ BLACKPINK ကတော့ နောက်ဆုံးဖျော်ဖြေခဲ့တဲ့ရှိုးပွဲပြီးနောက်မှာတော့ ယူအက်စ်မှာမှာဖျော်ဖြေခဲ့တဲ့အမျိုးသမီးအိုင်ဒေါအဖွဲ့တွေထဲမှာ စံချိန်သစ်ကိုရရှိခဲ့ပါတယ်။

နိုဝင်ဘာလ(၁၄) နဲ့ (၁၅)မှာပြုလုပ်ခဲ့တဲ့ဖျော်ဖြေပွဲတွေမှာတော့ တစ်ညကိုဒေါ်လာ(၃.၂၉)သန်းကိုရရှိခဲ့တာဖြစ်ပါတယ်။ ဒါကတော့ အမေရိကမှာဖျော်ဖြေပွဲတစ်ခုအတွက် တစ်ညကိုဒေါ်လာ(၃)သန်းကျော်ရရှိတဲ့အမျိုးသမီးအဖွဲ့အဖြစ်စံချိန်တင်ခဲ့တာ ဖစ်ပါတယ်။ နောက်ထပ်ဖျော်ဖြေမှုတွေဆက်တိုက်လုပ်နေတဲ့ BLACKPINK ကတော့နောက်ထပ်လည်း အောင်မြင်မှုစံချိန်သစ်တွေရရှိမယ့်ပုံပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်

ေဖ်ာ္ေျဖပြဲတစ္ခုအတြက္တစ္ညကို အေမရိကန္ေဒၚလာ (၃)သန္းရရွိတဲ့ပထမဆုံးအမ်ိဳးသမီးအိုင္ေဒါအဖြဲ႕ျဖစ္လာတဲ့ BLACKPINK
BLACKPINK ကေတာ့ လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ေက်ာ္ၾကားတဲ့အဖြဲ႕ျဖစ္သလို ေအာင္ျမင္မႈေတြတစ္ခုၿပီးတစ္ခုရယူကာ ေက်ာ္ၾကားမႈနာမည္တစ္ခုကိုထိန္းသိမ္းထားတာလည္း ျဖစ္ပါတယ္။ ဒီႏွစ္မွာေတာ့ ပရိသတ္ေတြအခ်ိန္ၾကာျမင္စြာေစာင့္ဆိုင္းခဲ့ရတဲ့ အယ္လ္ဘမ္ျဖစ္တဲ့ BORN PINK ထြက္ရွိလာခဲ့တာပဲ ျဖစ္ပါတယ္။


BLACKPINK ကေတာ့ ေအာက္တိုဘာလ(၁၅)ရက္ေန႔ကစၿပီး World Tour စတင္ခဲ့တာျဖစ္ၿပီးေနာက္ႏွစ္ထိေအာင္ၾကာျမင့္မွာ ျဖစ္ပါတယ္။ ဒီ Tour ကေတာ့ ေျမာက္အေမရိက၊ ဥေရာပ၊ အာရွနဲ႔ ၾသစေတးလ်တို႔မွာ ျပဳလုပ္မွာျဖစ္ပါတယ္။အေမရိကမွာေဖ်ာ္ေျဖမႈကေတာ့ ၿပီးဆုံးကာနီးၿပီျဖစ္ကာ ေလာ့စ္အိန္ဂ်လိစ့္မွာ ႏွစ္ရက္သာက်န္ရွိေတာ့တာပါ။ BLACKPINK ကေတာ့ ေနာက္ဆုံးေဖ်ာ္ေျဖခဲ့တဲ့ရႈိးပြဲၿပီးေနာက္မွာေတာ့ ယူအက္စ္မွာမွာေဖ်ာ္ေျဖခဲ့တဲ့အမ်ိဳးသမီးအိုင္ေဒါအဖြဲ႕ေတြထဲမွာ စံခ်ိန္သစ္ကိုရရွိခဲ့ပါတယ္။


ႏိုဝင္ဘာလ(၁၄) နဲ႔ (၁၅)မွာျပဳလုပ္ခဲ့တဲ့ေဖ်ာ္ေျဖပြဲေတြမွာေတာ့ တစ္ညကိုေဒၚလာ(၃.၂၉)သန္းကိုရရွိခဲ့တာျဖစ္ပါတယ္။ ဒါကေတာ့ အေမရိကမွာေဖ်ာ္ေျဖပြဲတစ္ခုအတြက္ တစ္ညကိုေဒၚလာ(၃)သန္းေက်ာ္ရရွိတဲ့အမ်ိဳးသမီးအဖြဲ႕အျဖစ္စံခ်ိန္တင္ခဲ့တာ ဖစ္ပါတယ္။ ေနာက္ထပ္ေဖ်ာ္ေျဖမႈေတြဆက္တိုက္လုပ္ေနတဲ့ BLACKPINK ကေတာ့ေနာက္ထပ္လည္း ေအာင္ျမင္မႈစံခ်ိန္သစ္ေတြရရွိမယ့္ပုံပါပဲေနာ္။